5

13.9K 1K 12
                                    

တစ်စက်ဆီကျနေတဲ့ဆေးစက်ကိုကြည့်ရင်းကိုယ့်ကိုယ်ကိုအပြစ်တင်မိစိတ်တွေတစ်စတစ်စပိုများလာတယ်...

"ကျနော်တောင်းပန်ပါတယ်ဦးလေး ကျနောရှင်းလေးကိုသေချာဂရုမစိုက်မိခဲ့လို့ အခုလိုဖြစ်ရတာပါ"

"ဟေ ဘာမှမဖြစ်ပါဘူးသားရာ မင်းညီအကြောင်းမင်းသိရက်သားနဲ့ အန်ကယ်အပြစ်လဲပါတာပါ သားငယ်ခုတလောအစားသိပ်မစားတာကို သေချာဂရုမစိုက်မိလို့"

ကုတင်ထက်မှာဆေးသွင်းထားတဲ့လက်ကလေးကိုကိုင်ရင်း မျက်နှာလေးကိုဖွဖွလေးပွတ်နေမိတယ်။ပုံမှန်ဆိုပန်းရောင်လေးသန်းနေတဲ့ နှုတ်ခမ်းလေးက ခုတော့ဖြူလျော့နေလေသည်။

ဦးလေးကပုခုံးကိုတစ်ချက်ပုတ်ရင်အပြင်ထွက်သွားတော့တယ်။ဒီကောင်လေးလူကိုစိတ်ပူအောင်အရမ်းလုပ်တာပဲ မင်းလေးဆိုးတယ်ကွာ ငယ်ငယ်တုန်းကနဲ့အတူတူပဲ..ကိုယ့်ကိုစိတ်ပူအောင်အရမ်းလုပ်တတ်တယ်...

"ပိုင်"

၆နှစ်သားလေးရဲ့ခေါ်သံလေးကြောင့်သူပြုံးမိသွားတယ်...

"ရှင်းလေး"

''ပိုင့်ကိုရှင်းလေးကလွမ်းနေတာ"

''အပိုတွေကွာ ကလေးလေးတစ်ယောက်ညာစားနေပါတယ်ကွာ"

"ဟာ ပိုင်နော် ရှင်းလေးက တကယ်ပြောတာကို ဟင့်😢"

''အာ ဟေ့ မငိုနဲ့လေ ကိုကိုကစတာပါ တိတ်တိတ်"

မျက်ရည်ကြည်လေးတွေဝိုင်းနေတဲ့ရှင်းလေးမျက်လုံးလေးက ပုလဲလုံးလေးပမာအရောင်တောက်နေတာကိုတွေ့လိုက်ရတယ်။ကိုယ့်ကို'ပိုင်'လိုပဲခေါ်တတ်တဲ့ကောင်လေး ကိုကိုလို့ခေါ်ခိုင်းလို့လဲမရဘူး။ ပြောရင်လည်း

"ပိုင်ဆိုတာရှင်းလေးပိုင်တာမို့လို ပိုင်လို့ပဲခေါ်မှာ''ဆိုပြီးပြန်ပြောတတ်တဲ့ကောင်လေး၊ကိုယ့်နာမည်နောက်ဆုံးစာလုံးကိုသူ့အပိုင်လိုပဲဖြစ်နေသည်။

အေးချမ်းနေတဲ့သူတို့ဘဝကို မုန်တိုင်းမလာခင်လေပြေလာတယ်ဆိုတဲ့အတိုင်း ထိုကောင်လေးနဲ့သူဝေးဖို့အကြောင်းဖြစ်လာတယ်..

"ပိုင် ရှင်းလေးကိုထားမသွားနဲ့နော် အီးဟီး ပိုင်ကရှင်းလေးပိုင်တာမို့လို့ဘယ်မှမသွားရဘူး အီးဟီး"

ကိုယ်ရံတော်လူကြီး ( Complete )(Uni-zawgi)Où les histoires vivent. Découvrez maintenant