တင်းကြပ်ပြီးလှုပ်မရသောကြောင့်အိပ်နေရာမှနိုးလာကာ ခါးနားကိုကြည့်လိုက်တော့ လက်တစ်စုံ...
နောက်လှည့်မကြည့်ဘဲနဲ့ထိုလက်ပိုင်ရှင်ကိုသူသိလိုက်ပါပြီ...
ရုန်းသောလဲပိုပြီးတင်းအောင်တိုးပြီးဖက်လိုက်သောကြောင့်သူမအိပ်မှန်းသိလိုက်ရသည်။
"ကျနော့်ကိုလွှတ်ပေးပါ''
''ဟင့်အင်း ခနလေးပဲလေနော်"
''ခများဘာသာအိပ်ချင်ရင် ကိုယ့်အခန်းထဲကိုသွားအိပ်"
''ကလေးကလဲ ခနလေးပဲ"
''ခများကိုပြောနေတာနားမလည်ဘူးလား"
စိတ်မရှည်စွာ အော်လိုက်မှုကြောင့် သူမျက်လုံးတွေဖွင့်ပြီးကြည့်လာတယ်...
"ကိုယ်ရှင်းပြချင်..''
''ရတယ် ခများရှင်းပြစရာမလိုဘူး ကျနော်စိတ်လဲမဝင်စားဘူး အဲ့ဒါကြောင့် ခများကိုယ့်အခန်းကိုပြန်လိုက်တော့"
ခါးကိုဖက်ထားတဲ့လက်တွေကိုဆွဲခွာကာ အိပ်ရာပေါ်မှထရင် ရေချိုးခန်းထဲဝင်ဖို့အလုပ်...
ခါးကိုဆွဲဖက်ကာ ပခုံးပေါ်မေးတင်လာတဲ့သူကြောင့် လူကအလိုလိုသူရင်ခွင်ထဲနစ်သွားလေသည်။
"ကလေးအထင်လွဲနေတာပါ ကိုယ်အဲ့ဒါရှင်းပြချင်သေးတယ်"
''မလိုဘူးလို့ ပြောပြီးပြီမလား"
ရုန်းနေသောလဲသူ့အားကိုမယှဉ်နိုင်၍ရုန်းကန်ခြင်းကိုရပ်တန့်လိုက်ရသည်...
"အဲ့ပုံတွေထဲကကောင်မလေးက ကိုယ့်နဲ့တစ်ဝမ်းကွဲညီမလေးပါ..''
''ဘာ!!''
တစ်ဝမ်းကွဲတူမဆိုသောကြောင့် သူ့ဘက်ကိုလှည့်ကြည့်ရင်း...
"ခများကြီးလာနောက်နေတာလား?လူကိုလှည့်လို့ရမယ်ထင်နေတာလား?''
ရှေ့ကနေ နှုတ်ခမ်းတစ်ထော်ထော်နဲ့စွာနေတဲ့ကောင်လေးက အသည်းယားဖို့ကောင်းနေတယ်ဆိုသူလေးသိပါစ...
"တကယ်ပါကွာ ကိုယ့်ရင်ထဲမှာဒီကောင်လေးအပြည့်ရှိနေတာကို ဘယ်သူမှစိတ်မဝင်စားနိုင်ပါဘူးကွာ"
YOU ARE READING
ကိုယ်ရံတော်လူကြီး ( Complete )(Uni-zawgi)
Romanceခန့်မြတ်ပိုင် ရှင်းသုတ Unicode ခန့်မြတ်ပိုင် ရှင်းသုတ