9

12.5K 938 5
                                    

ကော်ဖီဆိုင်လေးထဲက တစ်နေရာတွင်မိန်းကလေးတစ်ယောက်နဲ့ယောက်ျားလေးတစ်ယောက်မျက်နှာချင်းဆိုင်ထိုင်ကြလျက်ရှိသည်...

"အစ်ကို ညီမနဲ့တွေ့ချင်တယ်ဆိုလို့ ညီမအရမ်းပျော်နေတာ"

ရှေ့ကကောင်မလေးကလူအများအမြင်မှာချစ်စရာကောင်းနေမှာဖြစ်ပေမဲ့ သူ့အတွက်ကသူ့ရဲ့မူပိုင်ပါးဖောင်ဖောင်းနဲ့ချစ်စရာကောင်လေးရှိပြီးသားဖြစ်ပေသည်...

"လိုရင်းတိုရင်းပဲပြောကြတာပေါ့ ပုံကိစ္စတွေကမင်းလက်ချက်ဆိုတာသိပြီးပြီ...''

မျက်နှာပျက်ယွင်းသွားတဲ့သူမကစက္ကန့်မကြာပြုံးပြရင်း...

"အစ်ကိုပြောတာညီမနားမလည်ဘူး ဘယ်ကပုံကိစ္စကိုပြောတာလဲ"

''ဘယ်ကိစ္စလဲဆိုတာ မင်းကိုယ်မင်းသိမှာပါ''

''...''

''မင်းကိုသတိပေးထားမယ် ရှင်းလေးကိုထိခိုက်အောင်လုပ်ဖို့မကြိုးစားနဲ့ သူ့ကိုထိရင်ကိုယ်သီးခံမှာမဟုတ်ဘူး"

ကိုယ့်ရှေ့မှာပြောချင်တာပြောပီးထသွားတဲ့သူကြောင့် တောက်တစ်ချက်ခေါက်လိုက်မိသည်။ဆိုင်ထဲမှာလူရှိတာ မရှိတာကိုသတိမထားနိုင်လောက်အောင် စားပွဲကိုလှဲချပစ်လိုက်မိသည်...

စောင့်ကြည့်နေလိုက်ပါကိုခန့်မြတ်ပိုင် ဘရဏီမိုးမြင့်ဆိုတဲ့ကျမကလိုချင်တာရအောင်ယူတတ်သလို ကိုယ်မပိုင်ရင်သူများလဲမပိုင်စေရဘူး...

နေ့လည်စာအတူစားမယ်ဆိုကာ အပိုအလိုမရှိဘဲပို့လာတဲ့Smsလေးကိုထိုင်ကြည့်ရင်းပြုံးနေမိသည်။ဟွန့်..စိတ်ပုတ်ကြီး heart emojiလေးထည့်ပို့တော့နူမှာစိုးနေလားမသိဘူး...

''ရှင်းသုတ!!!"

''Emoji ji~~~''

''ဟားဟားဟား....''

တီချယ်အော်သံကြောင့်လန့်ပြီးယောင်ထွက်သွားတော့သည်။

''ဘာ!!''

''တီ..တီချယ်"

''ငါသင်တဲ့သင်ခန်းစာထဲမှာ Emojiတစ်လုံးမှမပါဘူး''

''ဟို..ဟို..အဲ့ဒါကလေ တီချယ်..ဟို...''

''နောက်တစ်ခါ အတန်းချိန်စိတ်တွေလွင့်နေဦးမလာ ပြောစမ်း"

ကိုယ်ရံတော်လူကြီး ( Complete )(Uni-zawgi)Where stories live. Discover now