အပိုင်း ၃

1.8K 143 12
                                    

်ငယ်လေးလဲကိုကို့လိုတက္ကသိုလ်လေးနှစ်တက်ရသည်။
ငယ်လေးနှင့်လေးနှစ်လုံးလုံးလိုက်တက်နေသောမင်းခန့်လဲပါသည်။မှတ်မှတ်ရရငယ်လေးတတိယနှစ်ကပေါ့ ခန့်ဘက်ကငယ်လေးကိုချစ်ရေးဆိုလာခဲ့သည်။

"ငယ် နင်နဲ့ငါဆိုတာငယ်ငယ်လေးထဲကပေါင်းလာခဲ့တာ။နင်ငါ့အကြောင်းသိပြီးသားဖြစ်မှာပါ။ငါနင့်ကိုပွင့်ပွင့်လင်းလင်းဝန်ခံပါရစေ။ငါနင့်ကိုချစ်တယ်ငယ်။
တစ်ချိန်လုံးလှုပ်ခတ်နေတဲ့ငါနှလုံးသားကနင်မှနင်ဖြစ်နေခဲ့တယ်ငယ်။ငါဘလိုဆက်လုပ်ရမလဲ။နင်ငါ့ကိုလက်ခံပေးနိုင်မလား....''

"ငါတို့ဒီအကြောင်းမပြောရအောင်ခန့်။
နင်ရိုးသားပါတယ်။နင့်အကြောင်းကိုငါကောင်းကောင်းကြီးသိတယ်ဟုတ်တယ်။ဒါပေမယ့်ခန့်ရယ်...ငါနဲ့နင်နဲ့ဆိုတာငယ်ငယ်လေးထဲကပေါင်းလာတာလေ။ငါနင့်ကိုအကိုတစ်ယောက်လိုခင်တယ်။ဒါပေမယ့် အားနာပါတယ် ငါအချစ်ကိုမတွေးချင်သေးဘူး။''

"ငါအတင်းမတိုက်တွန်းပါဘူး။အတင်းအကျပ်လဲမလုပ်ပါဘူး။နင်စဉ်းစားပါ။နင်ငါ့ကိုရွေးမယ်ဆိုငါနင့်အနားကိုအချိန်မရွေးရောက်လာခဲ့မယ်''

"အရူး ငါမရွေးလဲနင့်အနားမှာဝိုင်းဝို်င်းလည်နေတာပဲ။အပိုတွေဘာမှပြောမနေနဲ့။ငါမကြားခဲ့ဖူးပဲသဘောထားလိုက်မယ်။လာ..ကန်တင်းသွားမယ်။ငါမနက်စာမစားရသေးဘူး။''
*ဝိုင်းဝိုင်းလည်လဲငါမှမကြိုက်တာကို*

ဒီလိုနဲ့ပဲငယ်နှင့်ခန့်တို့အခြေအနေကဒုံရင်းကဒုံရင်းပင်ဖြစ်ခဲ့ရသည်၊၊မင်းခန့်ဘက်ကငယ်စိတ်အနှောက်အယှက်ဖြစ်မှာဆိုးလိုထင်ပါရဲ့ရှေ့ဆက်မတိုးခဲ့ပေ။ငယ်ကလဲထိုကိစ္စကိုစိတ်ထဲမထားခဲ့ရိုးအမှန်ပင်။

မင်းခန့်ကကျောင်းမှာဆိုနမည်ကြီးသည်။kingဆိုတဲ့ဂုဏ်ပုဒ်ကသူ့ကိုပိုပြီးနမည်ကြီးစေခဲ့သည်။မင်းခန့်ကိုကောင်မလေးအတော်များများကစိတ်ဝင်စားကြသည်။စိတ်ဝင်စားကြောင်းလဲပြကြသည်။queenတောင်ပါလိုက်သေး။

ငယ်လေးကမူထိုသို့မဟုတ်။ငယ်ငယ်ကအဆော့သာမက်တာကြီးလါတေါ့အနေအေးသည်။ထို့ကြောင့်တော်ရုံတန်ရုံယောက်ျားလေးများငယ်လေးအနားသို့မလာကြပေ။

ပိုးသားငယ်|completed|Where stories live. Discover now