အပိုင်း ၉(unicode)

1K 85 3
                                    


ငယ်လေးစောရာကိုဆက်မေးမည်လုပ်သော်လဲစောရာကပြုံးပြုံးလေးကြည့်နေလေသည်။

"နေဝန်းသစ်ကုမ္ပဏီကဦးနေဝန်းသစ်က car accident နဲ့ဆုံးသွားတယ်လို့ကောက်ချက်ချခဲ့ကြတာငယ်လေး တကယ်တော့ accident မဖြစ်ခင်ထဲကဦးနေဝန်းသစ်ကသေဆုံးနေခဲ့ပြီးသားငယ်လေး....ရှင်းရှင်းပြောရရင်အသတ်ခံရတာပေါ့... ''

"ဘယ်လိုစောရာ အသတ်ခံရတာဟုတ်လား...''

"ဟုတ်တယ်ငယ်လေး accident ကအယောင်ပြသပ်သပ်ပဲ သက်သေမရှိတာရယ် နောက်ပြီးကာယကံရှင်ဘက်ကနေပြီးအမှုပိတ်လိုက်တာလဲပါတယ်...''

"ရာကဘာလို့လဲ....''

"ရာစုသစ်မဟုတ်ဘူးငယ်လေး ဒေါ်ခိုင်ခိုင်ကပိတ်လိုက်တာ...''

"ဒေါ်ခိုင်ခိုင်....''

"Omm ရာစုသစ်အဖိုးရဲ့မွေးစားသမီး....''

"ဦးနေဝန်းသစ်သေဆုံးတဲ့အမှုကထင်သလောက်မရိုးရှင်းဘူးငယ်လေး...သတ်တဲ့လူကိုမသိသေးတဲ့တိုင်အောင်ကို နေဝန်းသစ်ကုမ္ပဏီထဲမှာဒုစရိုက်နဲ့မကင်းတဲ့လူတွေရှိနေတယ်ငယ်လေး...အဲ့တာကြောင့်နင်ဂရုစိုက်ပါ...ဘယ်သူ့ကိုမှယုံလို့မဖြစ်ဘူး....''

"ဒါကိုရာ့ကိုပြောရမှာပေါ့ဟ....''

"သူသိတယ်ငယ်လေး...သူ့အဖေအသတ်ခံရတာကိုလဲသူသိတယ်...သူ့ကုမ္ပဏီမှာဒီလိုလူတွေရှိနေတာကိုလဲသူသိတယ် သက်သေအတိအကျမရသေးလို့်ငြိမ်နေရတာ....''

ငယ်လေးကြားနေရတာတွေကိုပင်မယုံနိုင်။ရာဘယ်လိုခံစားနေရမလဲ။အဖေတစ်ယောက်လုံးအသတ်ခံရတာသိနေတာတောင်သတ်တဲ့သူကိုမသိတဲ့ခံစားချက်ကိုရာတစ်ယောက်ဘယ်လိုအံတုခံလာခဲ့တာလဲ။ရာရယ် အရမ်းပင်ပန်းခဲ့မှာပဲ။

"စောရာ နင်ဒါတွေဘယ်လိုသိတာလဲ...''

"...ငါ့ရဲ့ရဲအုပ်ဘဝရဲ့ပထမဆုံးအမှုကဦးနေဝန်းသစ်ရဲ့အမှုပဲ...အမှုမှန်မပေါ်ခဲ့တာကိုငါသိပ်သဘောမကျလို့ဒီကိစ္စကိုစုံစမ်းနေတာ...''

"ရာတစ်ယောက်ဘယ်လောက်ထိတောင်ခံစားခဲ့ရမလဲ..''

ငယ်လေးလူကသာသူငယ်ချင်းတွေနဲ့သာရှိနေခဲ့သည်။စိတ်ကရာ့ဆီရောက်နေခဲ့သည်၊၊ငယ်လေးမသိခဲ့သောရာ့ဘဝဟာကြမ်းတမ်းနေခဲ့မည်မှာသေချာပါသည်၊၊

ပိုးသားငယ္|completed|Where stories live. Discover now