အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

2.4K 124 2
                                    


*** အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

           # အပိုင်း  ၆  #

ရှင်းသန့်​ချောမွှတ်​နေတဲ့ မျက်​နှာက ရဲတွတ်​ပြီး
ချွေးသီးလေးတွေ ခိုတွဲလာတော့ မော မနေ
သာတော့...

"တော်​တော်​ပြသနာရှာတဲ့ ကောင်​လေး.."

"ကြီးဝင့်​ မော ဆိုင်​လေး ခဏကြည့်​ထားပေးနော်​..."

" အေး .အေး သမီး ကြီးဝင့်​ကြည့်​ပေးမယ်​.."

ဘေးဆိုင်​က ကြီးဝင့်​ကိုပြောပြီး

" မင်း လာခဲ့ ..."

အရပ်​မြင့်​မြင့်​ ခန္ဓာကိုယ်​ကြီးကို လက်​မောင်းကနေ
ဆွဲပြီး ခေါ်ထုတ်​လာခဲ့တော့ မောဟိုက်​နေတဲ့ ရုပ်​နှင့်
ပါလာတာက ကိုယ်​လုံးကိုမှ အားမနာ...

ဈေး အပြင်​ထိရောက်​ပြီး ကုက္ကိုပင်​ရိပ်​သို့ ရောက်​လာကာ သူ့ကို ထားခဲ့၍ ရေပြေးဝယ်​ရသည်​...

သူကတော့ ဗိုက်​ကိုဖိပြီး မချိမဆန့်​ဖြစ်​နေတုန်းပုံစံနှင့်

မော ပြန်​လာပြီး သူ့ပုံစံကို  အမြင်​ကပ်​စွာ
မျက်​စောင်းဝဲမိသည်​..

တတ်​လည်း တတ်​နိုင်​တဲ့ကောင်​လေး ...
အသန့်​အပြန့်​ ကြိုက်​တာလဲ လွန်​လွန်းတာထက်
ပိုသွား၏

" ရော့ ..ပလုပ်​ကျင်းပြီး သောက်​လိုက်​..."

"အား..ဟူးး"

မော အဖုံးဖွင့်​ပြီး ကမ်းပေးတဲ့ရေကို ယူပြီး
ပလုပ်​ကျင်းကာ တဝကြီးသောက်​လိုက်​သည်​...

အစောကြီး ထွက်​လာ၍ ဘာမှမစားရသေးသော
ဗိုက်​ထဲက ခံရခက်​စွာ ..တုန်​ယင်​လှိုက်​ခါနေ၏

ရေသောက်​ပြီးတာတောင်​ ရင်​ထဲမှာဆို့လွန်း၍
ဘာမှ မပြောနိုင်​...

မော က သူ့ကို မျက်​မှောင်​ကုတ်​လေးနှင့်​ ရပ်​ကြည့်​နေရာမှ
ဒေါသလဲ ထွက်​လာခဲ့သည်

ကိုယ့်​ကိုယ်​ ဘယ်​လောက်​ထိ ဒုက္ခလိုက်​ပေးနေတာလဲ ...
သူ့ကြောင့်​ဘဲ ကိုယ်​အလုပ်​လက်​မဲ့ ဖြစ်​သွားရသည်
အခု ဘာတွေ ဖန်​တီးအုံးမှာလဲ ...

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Where stories live. Discover now