အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

1.5K 91 0
                                    


*** အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

                  # အပိုင်း ၂၇ #

မော ခြံဝင်းထဲက ဒန်းလေးမှာ ငေးငေးလေးထိုင်​နေမိ
သည်​...ရင်​ထဲမှာ ရှုပ်​ထွေးဝေခွဲမရမှုတွေက မော
စိတ်​ကို  ပိုပြီး နွမ်းလျစေသည်​ ...

မေမေတို့ဘက်​က ကိုကြီးရဲ့ ကမ်းလှမ်းချက်​ကို လက်​ခံကြည်​ဖြူစေချင်​တဲ့ သဘောနှင့်​ မောကို စကားခင်းထားခဲ့သည်​ မဟုတ်​လား...

" လူတစ်​ယောက်​ရဲ့ဘဝမှာ အမှားဆိုတာ ရှိတတ်​စမြဲဘဲ သမီးလေးရယ်​ ... အဓိကက အဲဒီလူဟာ သူ့အမှားကို သိပြီး ပြင်​ဆင်​လာတဲ့အပေါ်မှာ မူတည်​တာပါ
ကွယ်​ ... မောင်​နေ့ရက်​ ဟာ မှားခဲ့တယ်​ ဒါပေမဲ့
အဲဒီအမှားဟာ သူ့ဘဝတိုးတက်​ရေးနဲ့ အနာဂတ်​မှာ
ဘဝတစ်​ခုကို တည့်​တံ့စွာ ရပ်​တည်​နိုင်​ဖို့ ရွေးချယ်​ခဲ့တဲ့ အမှားဘဲ သမီး ...အဲဒါဟာ  ဘဝကို အလေး
အနက်​ထားတဲ့ လူတစ်​ယောက်​ရဲ့ တန်​ဖိုးဘဲပေါ့ ...."

အော်​ ...ဘဝကိုအလေးအနက်​ထားတဲ့
လူတစ်​ယောက်​ရဲ့ တန်​ဖိုးတဲ့လား မေမေရယ်​ ...
အဲဒီလူရဲ့ တန်​ဖိုးအတွက်​ ကျန်​လူတစ်​ယောက်​က
သေလုမျောပါ ခံစားခဲ့ရတာကို မေမေ မတွေးမိလေ
ရော့သလားရှင်​ ..

မော မေမေ့ကို ငေးရင်း ရင်​ထဲမှာဘဲ မေးမိသည်​...
မေမေက စကားဆက်​သည်

" ပြီးတော့ ..သူ့ရဲ့ အမှားထဲမှာ မေမေကလဲ အပြစ်​မကင်းခဲ့ဘူး သမီး..."

" ရှင်​ ..."

မော မေမေ့ကို တအံ့တသြလေး ကြည့်​လာသည်​...
ဒေါ်တမာချိုက လေးနက်​သော မျက်​ဝန်းဖြင့်​ သမီး
ငယ်​ကို ကြင်​နာစွာ ငေးကြည့်​သည်

ထိုအချိန်​က သူမဟာ နေ့ရက်​ကောင်းကို သွားရောက်
တောင်းဆိုတားမြှစ်​တာထက်​ ကိုယ့်​သမီးကို နားလည်
အောင်​ပြောသင့်​သည်​ မဟုတ်​လား...
ကိုယ့်​သမီးဟာ ဆိုးမိုက်​တဲ့ ခလေးလဲမဟုတ်​ပါဘဲ
သမီးကို အကျိုးအကြောင်းတရားရှင်းလင်းစွာ
ရှင်းပြပြီး စည်းရုံးဖို့ မကြိုးစားဘဲ ယောက်ျားလေး
ဘက်​ကို သွားရောက်​ တားမြှစ်​ခဲ့တာ သူမရဲ့ မိုက်​မဲမှုဘဲ
ဖြစ်​လေသည်​ ... အဲဒီလို သွားပြောခဲ့ခြင်းအားဖြင့်
ကိုယ်​ဟာ ကိုယ့်​သမီးကို မနိုင်​နင်းသော အုပ်​ထိန်းသူ
အဖြစ်​ ကြေငြာလိုက်​သလို ဖြစ်​နေတဲ့ ရှက်​စရာ
အဖြစ်​လို့ မတွေးမိခဲ့ ...
ဒါပေမဲ့ ..နေ့ရက်​ကောင်းဟာ ရည်​မွန်​နားလည်​တတ်​တဲ့
လူငယ်​လေးပီပီ သူမရဲ့ တောင်းဆိုမှုကို
လှိုက်​လှိုက်​လှဲလှဲလက်​ခံခဲ့ပါသည်​...
နောက်​ကျသွားတဲ့ အချိန်​ကျမှ ကိုယ်​တွေးမိတာက
တကယ်​လို့ နေ့ရက်​ကောင်းကို မဟုတ်​ဘဲ
သူမသမီးလေးကိုသာ ကျောင်းပြီးမှ လက်​ထပ်​ဖို့
ပြောခဲ့မိရင်​ သမီးလေးကလဲ ဝမ်းသာအားရလက်
ခံမည်​မှာ မလွှဲပါဘူး...အခုတော့ အဲဒီလို မဟုတ်​ပါဘဲ
သမီးကို တခြားနယ်​တစ်​ခုသို့ ပို့ပစ်​ရန်​ ခြိမ်းချောက်​ခဲ့သေးသည်​ ...

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Where stories live. Discover now