အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

1.8K 95 1
                                    

*** အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

              # အပိုင်း ၁၆ #

    
" တောက်​ ....အသုံးမကျတဲ့ ကောင်​တွေ ..."

" ဖြောင့်​ ..ဖြောင်း."

" အ ..."

သူရှေ့မှာ ရပ်​နေတဲ့ တပည့်​နှစ်​ယောက်​ကို လက်​ပြန်
တစ်​ချက်​စီ ရိုက်​ပစ်​လိုက်​ပေမဲ့ နှစ်​ယောက်​မှာ
အသံတစ်​ချက်​သာ ထွက်​ရဲပြီး ခေါင်းကြီးငုံ့ကာ တုတ်​တုတ်​မျှ မလှုပ်​ရဲ...

မခံမရပ်​နိုင်​ခြင်းကြောင့်​ မြေမခ မျက်​နှာ တပြင်​လုံးနီရဲနေ၏

" မင်း တို့ အပြစ်​ မင်းတို့ သိတယ်​ မဟုတ်​လား..ငမန်း ...."

"သိ ..သိပါတယ်​  ဆရာ ..."

"တောက်​ ... "

သူ့ထက်​ကောင်းကို မသိဘဲ သွားဆွလိုက်​တဲ့ အဖြစ်​ကို သူ ဒေါသဖြစ်​လို့မဆုံး ...

ပန်​ဆယ်​ဆိုတဲ့ မိန်းမ သူ့ရှေ့မှာ ရှိနေရင်​ ငမန်းတို့လိုဘဲ သူရိုက်​ချအပစ်​ပေး၍ ပက်​ပက်​စက်​စက်​တွေ ပြောဆိုမိမှာ အသေအချာ...

ဘယ်​လောက်​ထိ ညံ့ဖျင်းလိုက်​သည်​လဲ...

ဒီလောက်​ထင်​ပေါ်တဲ့ လူကို မသိကြတာ ဘယ်​လိုမှ
လက်​ခံလို့မရနိုင်​ ...

သူ့ထက်​ကောင်းကို တက္ကသိုလ်​ကျောင်းကအစ
နိုက်​ကလပ်​ ဒေးကလပ်​ ကားပြိုင်​တဲ့ကွင်းအဆုံး...
နောက်​ဆုံး လောင်းကစားဝိုင်းတွေမှာတောင်​ မသိတဲ့
လူမရှိအောင်​ သူ့ထက်​ကောင်းတို့ ထင်​ပေါ်ပါသည်

မသွားတဲ့နေရာဆိုတာ မရှိ ... သွားတဲ့နေရာမှာ
နာမည်​တစ်​လုံးကျန်​ခဲ့တာလဲ သူ့ထက်​ကောင်းပါဘဲ...

ကျန်​ခဲ့တဲ့ နာမည်​က သူတပါးကို မျက်​လုံးအပြူးသား
ဖြစ်​စေအောင်​ဖန်​တီးတတ်​ခဲ့နိုင်​တဲ့ ရာထူးနှင့်​ဖြစ်​သည်​ဆိုလျှင်
တွေးကြည့်​တော့...

တက္ကသိုလ်​ စတက်​တဲ့စဉ်​က ကျောင်းမှာ King လည်းဖြစ်
စီနီယာလည်းဖြစ်​သော မြေမခကိုတောင်​ စီနီယာဆို၍
ဂရုစိုက်​မည်​မထင်​နှင့်​ ..သူ့ထက်​ကောင်းတို့က ပမာမခန့်​ပုံစံနှင့်
တစ်​ကျောင်းလုံးကို စိန်​ခေါ်တဲ့မျက်​နှာပေးနှင့်​ ဝင်​လာခဲ့တာလေ ...
King ရာထူးကို ပိုင်​ဆိုင်​ထား၍ မိုက်​ပါသည်​ဆိုသော မြေမခသည်​...သူ့ထက်​ကောင်း ရောက်​လာတာနဲ့ ဘေးချိတ်​သွားပါသည်​...
ချောမောသည်​ ထိပ်​ထိပ်​ကျဲချမ်းသာသည်​ ထီမထင်​နဲ့
ဘယ်​သူ့ကိုမှ ဂရုမစိုက်​တတ်​တဲ့ အမူအကျင့်​အားလုံးက
ကောင်​မလေးတွေရဲ့ အသည်းဘဝင်​မှာ ပေါ်ပြူလာဖြစ်​လာကာအားလုံးရဲ့  ပါးစပ်​ဖျားမှာ သူ့ထက်​ကောင်း မှ သူ့ထက်​ကောင်းနဲ့ ရေပန်းစားသွားသည်​...ဘယ်​လောက်​ထိ ခံပြင်းစရာကောင်းလဲ ...

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Where stories live. Discover now