အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

1.8K 95 5
                                    

*** အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

              #  အပိုင်း ၃၃ #

မင်းရဲသိုက်​ ဆိုင်​တစ်​ခုထဲသို့ ဝင်​လာစဉ်​..

" ဟာ ...ရဲသိုက်​ ..မင်း ရဲသိုက်​မဟုတ်​လား..."

"ဗျာ ... ဟင်​ ..ဗညား ..."

" ဟုတ်​ပါတယ်​ကွာ ငါပါ ...မင်း ဟုတ်​မှ ဟုတ်​ပါ့မလားလို့ဆိုင်​ထဲ
ဝင်​လာကတည်းက ကြည့်​နေတာကွ ...လာ ထိုင်​ကွာ ..."

" အင်း..."

ကျောင်းတုန်းက သူငယ်​ချင်း ဗညားဖြစ်​နေ၍ ရဲသိုက်​ ဝင်​ထိုင်​လိုက်​သည်​.

" ငါတို့ မတွေ့တာကြာပြီးနော်​ ဗညား...မင်းအဆင်​ပြေရဲ့လား"

"ကြာပေါ့ကွာ ..ငါ သင်္ဘော မလိုက်​ခင်​ကတည်းကဆိုတော့ ...
ငါ အဆင်​ပြေပါတယ်​..မျိုးနဲ့ ငါ လက်​ထပ်​ ကြတာ ခြောက်​လဘဲ
ရှိသေးတာကွ .. အဟွန်း...မင်းကရော သိုက်​ အဆင်​ပြေလား .
.ဒါနဲ့ ထားရော မပါလာဘူးလား ..."

ထားကို မေးတော့ ရဲသိုက်​ မျက်​နှာပျက်​သွားသည်​.

" ဟင်​ ..ကိုရဲသိုက်​ပါလား..."

ဗညားရဲ့ ဇနီး မေမျိုး သန့်​စင်​ခန်းသွားပြီး ပြန်​လာရင်းမှ ရဲသိုက်​ကို တွေ့၍ မျက်​ခုံးပင့်​သွားသည်

မေမျိုးက ထားရဲ့ သူငယ်​ချင်းပါ .. မေမျိုး ရဲ့သူငယ်​ချင်းဖြစ်​လို့ဘဲ
ဗညားရဲ့ သူငယ်​ချင်းဖြစ်​တဲ့ ရဲသိုက်​နဲ့ ထား ဆုံခဲ့တာဖြစ်​သည်​...

" ရှင့်​ ကိုတွေ့တော့ အရမ်းဝမ်းသာတာဘဲ ကိုရဲသိုက်​ရယ်​ .
.ကျွန်​မက နယ်​ဘက်​မှာ ထာဝန်​ကျသွားတယ်​ဆိုတော့ ထားနဲ့
မတွေ့ဖြစ်​တာ ကြာပြီးရှင့်​.."

ထားနာမည်​တွေဘဲ မိုးမွှန်​အောင်​ ပြောနေကြတဲ့
လင်​မယားရှေ့မှာ ရဲသိုက်​မွှန်းကြပ်​လာခဲ့သည်​..

" ဒါနဲ့ ထားရော မပါဘူးလားဟင်​ ..ရှင်​တို့ခလေးလဲ
တော်​တော်​ကြီးနေရောပေါ့ အဟင်း ဟင်း...ရှင်​ တို့က
လက်​ထပ်​တာနဲ့ ခလေးတန်းယူတာဆိုတော့ ..."

" ဗျာ ...ဟာ ..."

ရဲသိုက်​ မျက်​လုံးတွေ မိုက်​ခနဲ့ ဖြစ်​သွားသည်​...ဘာတွေလဲ ...

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Where stories live. Discover now