အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

2K 98 4
                                    


*** အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

               #  အပိုင်း  ၃၁  #

တိတ်​ဆိတ်​နေတဲ့ ကားထဲမှာ ချိုမြိန်​သောချစ်​ခြင်းရနံ့
တို့ဖြင့်​ ထုံးမွှမ်းနေသော ပန်းနုရောင်​လွင်​ပြင်​လေးဖြစ်​လို့သွားသည်​...

ခွှင့်​တောင်းခြင်းမရှိ ခြေချကျူးကျော်​လာတာဖြစ်​ပေမဲ့
အဆုံးမဲ့ အနမ်းပြင်းရှရှကို မောက  ငြင်းဆန်​ရန်​ အင်​အားမဲ့၍
တသိမ့်​သိမ့်​ လှိုက်​ခုန်​နွေးထွေးသော ရင်​ခုန်​သံအရ မော နှလုံးသားတို့ သိမ်းပိုက်​ခြင်း ခံလိုက်​ရပြီးလားမသိတော့ ...

အချစ်​ကြောင့်​ အလဲလဲအပြိုပြိုဖြစ်​ခဲ့ရတဲ့ အဖြစ်​ကိုဘမေ့ဖျောက်​ပြီး
နှလုံးသားရဲ့အလိုဆန္ဒနောက်​ကို မော လိုက်​ခဲ့မိတာ မှားပြီးလား
တွေးချိန်​မရလောက်​အောင်​ ဆူညံသော ရင်​ခုန်​သံတွေက
မော စိတ်​ကို စိုးမိုးထားသည်

ကောင်းက ရှက်​သွေးတွေ လွှမ်းခြုံထားတဲ့ ပန်းသွေးရောင်
မျက်​နှာလေးနဲ့  ရင်​ခွင်​ထဲက မ ကို မြတ်​နိုးမဝစွာ ငုံ့မိုးကြည့်​ရင်း

" မောင့်​ ကို ချစ်​လား "

" ......"

ရင်​ခုန်​သံနှင့်​ ရောထွေး၍ မေးလာသော မေးခွန်းကရိုးရိုးလေးပေမဲ့
မော က  ပို၍ အရှက်​သည်းကာ ကတုန်​ကယင်​လေးပင်​ ဖြစ်​လို့လာ
သည်​...

လွန်​ခဲ့သော အချိန်​ပိုင်းက မုန်​တိုင်းထန်​ခဲ့တဲ့ သူဟာ သူမဟုတ်​တဲ့
အတိုင်း..နူးညံ့နွေးထွေးသော သူ့အသံက လေပြေလေညင်းလို ..

"ဖြေလေ မ  ..."

မော က မဖြေဘဲ နှုတ်​ခမ်းသားလေးတွေဖုံးသွားသည်​အထိ
နှုတ်​ခမ်းလေးဖိပိတ်​ထားလိုက်​တော့ သူအသည်းယားသွားရကာ...

" မဖြေဘူးလား ...အဟွန်း ..ရတယ်​လေ ..."

"ဟင့်​အင်း..မင်းနော်​ ..."

ပြောရင်း သူမျက်​နှာ ငုံ့ကျလာတော့ ခေါင်းလေးကိုပြူးပြူးပျာပျာ
ငဲ့စောင်းပြီး သူ့မေးဖျားကို လက်​နှင့်​တွန်းကာထားတော့ ကောင်း
သဘောကျစွာ ရယ်​သည်
အရှက်​သည်းနေတဲ့ မျက်​နှာရဲရဲလေးကို သူကြည့်​လို့မဝနိုင်​ ...
သူ့ကို ပင့်​မော့ကြည့်​လာလို့ ပင့်​တက်​ကော့ပျံလာတဲ့
မျက်​တောင်​ဖျားလေးတွေ ဝန်းရံထားတဲ့ မျက်​ဝန်းလေးကို စူးစိုက်​ကြည့်​လိုက်​ပြီး

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Where stories live. Discover now