အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

1.6K 104 3
                                    


*** အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

            # အပိုင်း ၂၀ #

' မေမေ '

နေ့ရက်​ အံ့သြမယုံနိုင်​သောခံစားချက်​များဖြင့်
မေမေ့ကိုအားရှိသမျှခေါ်လိုက်​ပေမဲ့  ရင်​ထဲမှာဘဲ
ကျယ်​လောင်​သွားကာ အသံကလည်​ချောင်းဝမှာ တစ်​ဆို့နေကြ၏

ရင်​ထဲမှာ ဝမ်းနည်းဝမ်းသာခြင်းနှစ်​ရပ်​က ခြေလှမ်းကိုလဲ ကတုန်​ကယင်​ဖြစ်​စေသည်​...

မွေ့ကတော့ ဘာမှသတိမပြုမိအားပါ...

" ဆရာမ ..အန်​... အန်​တီကို ဘယ်​ခေါ်သွားမှာလဲရှင်​..."

"အော်​ ... လူနာက စိုးရိမ်​ရတဲ့ အခြေအနေကို ကင်း
လွှတ်​ပါပြီး ...ဒါကြောင့်​ ICU ခန်းထဲ နေစရာမလို
တော့ဘူးလေ ...လူနာသီးသန့်​ခန်းဆီ သွားထားမလို့ပါ ..."

" ဟုတ်​လား...."

မွေ့မေးရင်း ပြောပြောဆိုဆိုနဲ့ နာ့စ်​လေးနဲ့ ပါသွားသည်​...
နေ့ရက်​ စိတ်​လှုပ်​ရှားတုန်​ယင်​နေရာမှ အခုမှ သတိဝင်​လာကာ ...

" မေမေ ..."

ထွက်​လာသောအသံက အက်​ရှတုန်​ခါစွာ...

မိခင်​ကို ခေါ်ဆောင်​သွားရာ အခန်းဆီသို့ သူလိုက်​လာခဲ့သည်​...

မေမေရယ်​ ကျွန်​တော်​တို့ ဘာလို့ ဒီလို အဖြစ်​မျိုးကြီးနဲ့
ပြန်​ဆုံရတာလဲ ...
ဒါပေမဲ့ ... မေမေရှိသေးတဲ့အတွက်​ ကျွန်​တော်​အရမ်းဝမ်းသာတယ်​ ...

ဒေါ်မြဝန်းရံ မေမေ့ဆီလာပြီး နောက်​တစ်​နေ့မှာ
မေမေပျောက်​ချင်းမလှပျောက်​သွားခဲ့၍ သူကြံရာမရဘဲ
ဖေဖေရှိရာ သုခရိပ်​မြုံစံအိမ်​ဆီသို့ ရောက်​ခဲ့ပြီးဖေဖေ့ကို ပြောခဲ့သည်​...
သူက မိခင်​ပျောက်​လို့ စိုးရိမ်​ပူပန်​ခြင်းခြင့်​ ဖေဖေဆီ
ရောက်​ခဲ့ပြီး ပြန်​ခဲ့သည့်​နောက်​မှာ ဖေဖေသည်​လဲ
မေမေ့ကို စိုးရိမ်းပူပန်​စိတ်​ဖြင့်​ အပူတပြင်း ရှာဖွေခဲ့
သည်​ ဘယ်​လိုဘဲရှာဖွေစုံစမ်းစုံစမ်း မတွေ့သည့်​အဆုံး
ဖေဖေက ဒေါ်မြဝန်းရံကို အကြီးအကျယ်​ပြသနာရှာ၍ စံအိမ်​ကနေ
ထွက်​ခဲ့တာကိုတော့ ဒေါ်မြဝန်းရံဆုံးပြီး သုခရိပ်​မြုံ စံအိမ်​ကို
သူရောက်​သွားမှသာ သိခဲ့ရသည်​...
တကယ်​တော့ စံအိမ်​နဲ့ သူနဲ့သည်​ ဘာမှမဆိုင်​...
သူကလဲ တက္ကသိုလ်​နောက်​ဆုံးနှစ်​ဖြစ်​တဲ့ ကိုယ့်​ဘဝကိုထိန်းသိမ်းနိုင်​တဲ့အနေအထားတစ်​ခုမှာပါ...
စံအိမ်​ထဲရောက်​သွားရတာကတော့ ဖေဖေ့ရဲ့ ဆန္ဒတစ်​ခုနဲ့သာ
ဖြစ်​သည်​...
သတင်းအစအနရှာမရအာင်​ ပျောက်​သွားတဲ့ မေမေ့ကို ဒီလိုပုံစံမျိုးဖြင့်
ပြန်​တွေ့ရတာ ရင်​ထဲမှာမချိမခံစားနိုင်​ပေမဲ့ ဝမ်းသာခြင်းက
အဆုံးအစမဲ့ ....

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Where stories live. Discover now