Chapter-1( Zawgyi+Unicode)

3.3K 98 0
                                    


Zawgyi...

ကျောင်း​တက်ေ​ခါင်း​လောင်းသံက ​အ.ထ.က
မော်​လမြိုင်​ ​ကျောင်းဝင်းအတွင်း လွင့်​ပျံလာသည်​။
အချိန်​က နံနက်​(၉)နာရီ။ ​ကျောင်းဝင်းအတွင်း​တူညီဝတ်​စုံ​လေး​တွေနဲ့ ​ကျောင်းသား​၊​ကျောင်းသူ​လေးများမှာ ပျားပန်းခတ်​မျှ လှုပ်​ရှား​နေကြသည်​။
ကျောင်းစဖွင့်​သည့်​​နေ့မို့စိန်​ပန်းနီနီတို့ကလဲ ​မြေပြင်​ထက်​၀ယ်​ ကမ္ဗလာခြုံလာခင်းထားသည့်​နှယ်
ရဲရဲ​တောက်​​နေကြသည်​။

လေအ​ဝှေ့မှာ မိုးစက်​က​လေး​တွေကလည်း
တစ်​​ပေါက်​နှစ်​​ပေါက်​လွင့်​ပါလာကြသည်​။
ထီး​လေး​တွေကိုယ်​စီ၊ မိုးကာ​လေး​တွေကိုယ်​စီနဲ့
ကျောင်းဝင်းထဲက ပျားပုတုန်း​လေးများမှာ
ပညာနို့ရည်​​သောက်​သုံးရန်​ လန်းဆန်းတက်​ကြွ​နေ
ကြသည်​။

ထိုအချိန်​ ​ကျောင်းဝင်းထဲကို ​ရေးကြီးသုတ်​ပြာနဲ့ ​ပြေးဝင်​လာတဲ့ ​ကျောင်းသား​လေးနှစ်​​ယောက်​။တစ်​​ယောက်​က စက်​ဘီး​လေးတစ်​စီးကို တွန်းလာလျက်​။
စိန်​ပန်းပွင့်​​တွေနဲ့ အမိ​ကျောင်း​တော်​ကြီးက သူတို့ကို
နွေး​ထွေးစွာ လက်​ကမ်းကြို​နေမည်​ဟု ယုံကြည်​လျက်​။သို့​သော်​ ​ကျောင်းဝင်းထဲ မ၀င်​ခင်​ ပထမဆုံး ရင်​ဆိုင်​လိုက်​ရတာက ဂိတ်​​စောင့်​ဦး​လေးကြီး။

"​ကောင်​​လေး​တွေ! ဘာလို့​အခုမှလာတာလဲ! ​ကျောင်းတက်​​နေပြီ​လေ! နာရီလည်းကြည့်​ဦး"

ဦး​လေးကြီးစကား​ကြောင့်​ စက်​ဘီးတွန်းလာတဲ့​ကောင်​​ဘေးက အ​နောက်​ကလိုက်​လာတဲ့ ​ကောင်​​လေးကို
တစ်​ချက်​လှမ်းကြည့်​လိုက်​သည်​။အဓိပ္ပါယ်​ပါပါနဲ့ စူး
ရှလွန်းတဲ့ အကြည့်​​တစ်​ချက်​။အ​နောက်​က ​ကောင်​​လေးက​တော့ သွား​လေးဖြီးကာသာ ရယ်​ပြသည်​။

ဂိတ်​​စောင့်​ဦး​လေးကြီးက အဲ့​တော့မှ​ပြောသည်​။

"မြန်​မြန်​၀င်​​တော့​လေ၊ဘာလုပ်​​နေတာလဲ!"

အဲ့​တော့မှ အ​နောက်​က စပ်​ဖြီးဖြီး​ကောင်​​လေးထံမှ စကား​လေးတစ်​ခွန်း ထွက်​လာသည်​။

(ကော်ရုပ်လေးသို့...)ကော်ရုပ်လေးသို့...Where stories live. Discover now