Chapter-12

316 16 0
                                    

Unicode

"နေရတာ အဆင်ပြေလား"

John ပြန်မဖြေဘဲ သူ့ပန်းကန်ထဲက အသားတုံးကိုသာ ခက်ရင်းနဲ့ ဓားကိုအားပြုပြီး လှီးနေလိုက်သည်။

"မင်း ငါမေးတာ ကြားလား"

"....."

"ဟျောင့်!!"

John ခေါင်းကို ဆတ်ခနဲညိမ့်လိုက်ပြီး နှုတ်ခမ်းသားကို ကွေးညွတ်အောင် ပြုံးလိုက်သည်။ပါပါးကတော့ ဒေါသမျက်ဝန်းတစ်စုံနဲ့ သူ့ကို စိုက်ကြည့်နေလိမ့်မည်ဆိုတာ မော့မကြည့်ဘဲ သူ့စိတ်ထဲက သိနေသည်။

"ကျွန်တော်စားပြီးပြီ။ ပြန်တော့မယ်"

"ပြန်ထိုင်လိုက်"

"Sorry။ကျွန်တော် သွားစရာရှိသေးတယ်"

"မင်း ငါပြောတာ နားလည်လား John။မင်း ဂရေ့စ်ကို အခက်မတွေ့စေချင်ရင် ပြန်ထိုင်လိုက်ပါ"

သူ မျက်နှာကို တစ်ဖက်ကိုလှည့်ကာ ဖုန်းကိုထုတ်ပြီး Game Application တစ်ခုကိုဝင်ကာ ထိုင်ဆော့နေလိုက်သည်။အကိုဂရေ့စ်ကိုတော့ သူ့ကြောင့် စိတ်အနှောက်အယှက်မပေးချင်။

"မင်း ငါ့ကို ကန့်လန့်တိုက်တာ ဘယ်တော့ရပ်မှာလဲ"

'အခုလို အခြေအနေမျိုးကို ပါပါး ကိုယ်တိုင်ပဲ ဖန်တီးခဲ့တာ မဟုတ်လား'

John စိတ်ထဲကသာ ပြောလိုက်မိသည်။

"ဟျောင့်! ငါမေးနေတယ်လေ"

စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ ပါးပါးစကားတွေက သူ့အပေါ်တော့ ဘာအာဏာမှ သက်ရောက်မှုမရှိ။

"မာမီ နဲ့ ညီမလေးကို ပြန်ခေါ်ပေးနိုင်ရင်"

"မင်း ကလေးမဟုတ်တော့ဘူး John"

"ကလေး မဟုတ်တာနဲ့ ကလေးဘဝတုန်းက ကြုံခဲ့ရတာတွေက ဒီခေါင်းထဲက ဘာမှမထွက်သွားဘူး ပါပါး။ပါပါးရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ အားလုံး ဒီမှတ်ဉာဏ်ထဲမှာ သိမ်းထားတယ်"

John မျိုသိပ်ထားခဲ့ရတဲ့ စကားတစ်ချို့က ရင်ဘတ်ထဲက ထွက်ကျလာခဲ့ရသည်။မတတ်နိုင်။ ပါပါးကိုယ်တိုင်ကပဲ သူ မပြောချင်တဲ့ စကားတွေကို အစဆွဲထုတ်ခဲ့တာ မဟုတ်လား။

(ကော်ရုပ်လေးသို့...)ကော်ရုပ်လေးသို့...Where stories live. Discover now