Chapter-16

241 15 0
                                    

Unicode*

"ငါ့ကို ဘာပြောမလို့လဲ"

John ကားကို အရှိန်လျှော့လိုက်ပြီး လမ်းဘေးတစ်နေရာကို ထိုးရပ်လိုက်သည်။ကားမောင်းနေရင်း သူ့ဘက်ကို တစ်ချက်တစ်ချက်ကြည့်ပြီး မဝံ့မရဲဖြစ်နေတဲ့ လင်းခန့်မောင် ကို သူသတိထားမိခဲ့ပါသည်။

"မင်းပြောချင်တာ ငါ့ကို လွတ်လွတ်လပ်လပ်ပြောလို့ရတယ်"

လင်းခန့်က သူ့ဘက်ကို လှည့်လာကာ တောက်ပတဲ့ မျက်ဝန်းတစ်စုံနဲ့အတူ အကြည့်ခြင်းစုံစေမိသည်။အနေအေးတယ်လို့ထင်ရတဲ့ လင်းခန့်က တစ်ခြားသူတစ်ယောက်လို ပြောင်းလဲနေခဲ့သည်။သို့သော်လည်း တိုးဝှေ့ဖိကပ်လာတဲ့ နှုတ်ခမ်းတစ်စုံကိုတော့ သူ မဆန့်ကျင်နိုင်ခဲ့။နူးညံ့တဲ့ထိတွေ့မှုနောက်ကိုလိုက်ရင်း သာယာမှုရေစီးကြောင်းလေးမှာ အလိုက်သင့်စီးမျောနေခဲ့မိသည်။

"ကျွန်တော် John ကိုသဘောကျတယ်"

"မင်းက လင်းခန့် အစစ်လား"

John စကားကြောင့် လင်းခန့်မျက်နှာ အနည်းငယ်ပျက်ယွင်းသွားခဲ့သည်။သို့သော်လည်း John ဘက်မှစပြီး နှုတ်ခမ်းပါးခြင်း ဖလှယ်လာတာမို့ အနမ်းမိုးများသာ ဆက်လက်ရွာသွန်းနေခဲ့မိသည်။ကင်မရာလေးရဲ့ လှုပ်ရှားမှုကိုတော့ တစ်ယောက်သောသူက မသိနိုင်ခဲ့။

*****

"ဒီလိုပဲ ဖြစ်နေရမှာပဲ။ပထမခြေလှမ်းတော့ပြီးပြီ။ဖေဖေရေ သမီး ဖေဖေ့အတွက် ပြန်တုံ့ပြန်ပေးနိုင်တော့မယ်နော်။သမီးကို ခဏလေးပဲ စောင့်နေပေးပါ"

ဆုလဲ့ ဖုန်း Screen ပေါ်က အနမ်းမိုးရွာနေတဲ့ လူသားနှစ်ယောက်ရဲ့ပုံရိပ်တွေကိုကြည့်ပြီး ကျေနပ်စွာပြုံးနေမိသည်။

"ဒီတစ်ယောက်နဲ့တော့ Ok ပြီ။နောက်တစ်ယောက် အတွက်သာ ပြင်ထားလိုက်တော့ လင်းခန့်လေးရေ"

ရဲရင့်ကတော့ သူတို့နဲ့ခပ်လှမ်းလှမ်းတစ်နေရာက ကားလေးကိုသာ ငေးကြည့်နေမိသည်။

*****

"ကိုကို ကိုကို့ကလေးနဲ့ ပတ်သတ်ပြီး ဘယ်လိုတွေးထားလဲ"

"John ဘာဖြစ်လို့လဲ"

"ဘယ်က John ကိုပြောနေတာလဲ။ကိုကိုနော် အခုမှ မသိချင်ယောင်ဆောင်မနေနဲ့။ချစ်မှာ ကိုကိုနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီ။"

(ကော်ရုပ်လေးသို့...)ကော်ရုပ်လေးသို့...Where stories live. Discover now