Chapter-4(Uni+Zawgyi)

668 40 0
                                    

Unicode*

ညနေက မိုးရွာထားတာမို့ မြေသင်းနံလေးတွေက နှာခေါင်းထဲကို သင်းပျံ့စွာ တိုးဝင်လာကြသည်။ရေချိုးခန်းထဲကထွက်လာကာ ခေါင်းကိုသဘက်နဲ့သုတ်ရင်း စာကြည့်စားပွဲရဲ့ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ဘက်ကို ကြည့်လိုက်မိသည်။မိုးရေစက်လေးတွေက ခြံထောင့်က သရက်ပင်ရဲ့ အရွက်လေးတွေပေါ်တင်ကျန်ကာ မြေပြင်ပေါ် တစ်ပေါက်ချင်းကျနေလေရဲ့။လေအဝှေ့မှာ သရက်ရွက်လေးတွေကလာတဲ့ စိမ်းရွှင်ရွှင်နံလေးနဲ့ မြေသင်းနံလေးနဲ့ပေါင်းထားတဲ့
လေကို ရှူရှိုက်လိုက်မိတာမို့ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရသည်။

"ဒေါက်! ဒေါက်! ဒေါက်"

တံခါးခေါက်သံနဲ့အတူ အခန်းပြင်က မေမေ့အသံကို ကြားလိုက်ရသည်။

"သားရေ! မြတ်သူရောက်နေတယ်!"

ကော်ရုပ် ခေါင်းကိုကပျာကယာသုတ်ပြီး အဝတ်အစားဝတ်ဖို့ ပြင်လိုက်သည်။ရေချိုးခန်းထဲက ထွက်လာကာစမို့ ခန္ဓာကိုယ်အောက်ပိုင်းမှာပတ်ထားတဲ့ သဘက်တစ်ထည်ကလွဲလို့ လုံးဝ
ဗလာနထ္ထိ။

ရုတ်တရက် အနောက်ကနေ သူ့ခါးကိုတွယ်ဖက်လာတဲ့ အေးစက်တဲ့လက်တစ်စုံကြောင့် ကော်ရုပ် ခန္ဓာကိုယ်လေး တစ်ချက်တွန့်သွားမိသည်။ခန္ဓာကိုယ်တစ်ခုလုံးသွေးတွေပြောင်း
ပြန်စီးသွားသလို ရှိန်းဖိန်းသွားမိသည်။

သူ လက်ကိုအမြန်ဆွဲဖယ်ဖို့ကြိုးစားပေမဲ့ တစ်ဖက်လူရဲ့အားကို မယှဥ်နိုင်တာမို့ အခွင့်မသာခဲ့။အနောက်ကတစ်ယောက်ရဲ့
ထွက်သက်ဝင်သက်က သူ့လည်တိုင်နားမှာ ရှပ်ပြေးနေကြသည်။

"ဟျောင့်! မြတ်သူ! ငါမင်းကို ဘယ်နှစ်ခါပြောရမလဲ။ငါ့အခန်းကိုဝင်ရင် တံခါးခေါက်ပြီးမှ ဝင်ပါလို့။"

သူ့စကားဆုံးသွားပေမဲ့ မြတ်သူဆီက ဘာသံမှထွက်မလာခဲ့။

"ဟျောင့်! ငါ့ကိုလွှတ်ဦးဟ! အေးနေပြီ၊အကျီဝတ်ရဦးမယ်"

ဒီတစ်ခေါက်တော့ သူအတင်းဆွဲဖယ်လိုက်တာနဲ့ လက်တွေ
​ပြေသွားခဲ့သည်။သူ မြတ်သူကိုဖက်ကိုလှည့်ကာ အေးစက်စက်လက်တွေကို ပစ်ချလိုက်သည်။မိုးရေကြောင့်
မြတ်သူရဲ့ ဆံပင်တွေက ရေနဲ့ထိထားတဲ့ ကြောင်တစ်ကောင်ရဲ့ အမွှေးတွေလို ဖြစ်နေသည်။ဝတ်ထားတဲ့ T-shirt ပေါ်မှာလည်း မိုးရေစက်လေးတွေက ဟိုတစ်ကွက်ဒီတစ်ကွက်။
သူ သဘက်တစ်ထည်ကို မြတ်သူကို လှမ်းပစ်ပေးရင်း အဝတ်အစားကို ကပျာကယာဝတ်လိုက်ရသည်။

(ကော်ရုပ်လေးသို့...)ကော်ရုပ်လေးသို့...Where stories live. Discover now