Chapter-5(Unicode+Zawgyi)

686 44 0
                                    

Unicode*

"အန်တီ! အန်တီ!"

သူအခန်းထဲကနေ အပြင်က ဆည်းဆာတို့အသံကို အတိုင်းသားကြားနေရသည်။ခဏနေတော့ မေမေရဲ့တံခါးဖွင့်သံနဲ့အတူ နှစ်ကောင်သား သူ့အခန်းရှေ့ ကို ရောက်လာကြသည်။

"ဒေါက်! ဒေါက်!"

"ကော်ရုပ်! ငါတို့ဝင်လာလို့ ရတယ်မလား"

သူထင်ထားတဲ့အတိုင်း ဆည်းဆာမို့သာ အခန်းတံခါးကို ခေါက်ပြီး ဝင်ခြင်းသာ။မြတ်သူတစ်ယောက်ထဲသာဆို စိုးကနဲဇတ်ကနဲ ဝင်ချလာ​ေပလိမ့်မည်။ဒါကလဲ မိန်းကလေး ဖြစ်တာမို့လဲ ပါပေလိမ့်မည်။တစ်ကယ်တော့ အခန်းက သူ့ကိုယ်ပိုင်အခန်းမဟုတ်။မမ မရှိလို့သာ မမအခန်းကို သူနေခြင်းသာ။
သူက ငယ်ငယ်လေးထဲက မေမေနဲ့ပဲအိပ်ခဲ့တာ များသည်။

"ရော့! ဒီစာအုပ်တွေက ဒီနေ့သင်တဲ့စာတွေအကုန်ပဲ"

သူ များပြားလှတဲ့ စာအုပ်တွေကိုကြည့်ပြီး ရင်တထိတ်ထိတ်ဖြစ်မိသည်။တစ်နေ့ကျောင်းမသွားတာနဲ့ နားမလည်လိုက်တဲ့
စာက ခပ်များများမို့ ဆည်းဆာကိုသာ အားကိုးရတော့မည်။

"ကျေးဇူးပဲ"

သူအိပ်ရာပေါ်ကနေ ထထိုင်ကာ ပြောလိုက်သည်။မြတ်မင်းကတော့ ဆည်းဆာအနောက်ကနေ ခါးနှစ်ဖက်ကို ထောက်ပြီး မအီမသာမျက်နှာကို လုပ်ပြနေသည်။ဖြစ်ပြန်ပြီမလား
ဆိုတဲ့ မျက်နှာထားမျိုးနဲ့။

မနေ့က မိုးနည်းနည်းမိသွားတာမို့ လူကမရတော့တာနဲ့ ကျောင်းပျက်လိုက်ရခြင်းဖြစ်သည်။သူဆိုသည်မှာလည်း ကိုယ်ခံအား နည်းလွန်းသည့် လူ့သတ္တဝါ တစ်ကောင်မျှသာ။

ဆည်းဆာနဲ့ မြတ်မင်းကို မေမေက ကော်ဖီနဲ့
မုန့်​ဖြင့် ဧည့်ခံသည်။ ခဏကြာတော့ မိုးချုပ်တော့မှာမို့ ပြန်သွားကြသည်။

ခါတိုင်းလဲ နေမကောင်းဖြစ်နေကျမို့ သူ့အတွက်တော့ သိပ်မဆန်းတော့။ဒီတစ်ခါ သူ့အတွက် ဆန်းနေသည်က လူတစ်ယောက်ကို သတိရနေခြင်းသာ။မနေ့က သူကော John ပါ
မိုးမိခဲ့ကြသည်။သို့ပေမဲ့ ဒီနေ့ အတန်းပျက်တာဆိုလို့ ဆည်းဆာပြောပုံအရ သူတစ်ယောက်တည်းသာ။

ကျောင်းပျက်လို့ စာတွေပြန်ကူးနေရမယ့်အစား အတွေးနယ်ချဲ့ကာ စိတ်ရဲ့စေစားရာနောက်သို့သာ လိုက်ပါရင်း တစ်ညတာကိုကုန်ဆုံးသွားချေတော့သည်။

(ကော်ရုပ်လေးသို့...)ကော်ရုပ်လေးသို့...Where stories live. Discover now