အပိုင်း ၁

29.1K 2K 51
                                    

ငါ့ မေတ္တာ အဟုန် (GL)

သူမကို စတွေ့တာ ငါတို့အတန်းထဲမှာ။
ထူးဆန်းတာက ငါတို့အတန်းထဲကမ
ဟုတ်ဘူး။ ပိုဆိုးတာက ငါတို့ မေဂျာက
လည်း မဟုတ်ဘူး။
ဒီလိုပဲ ငါတို့ အတန်းထဲ စလင်း
ဘတ်အိတ်ကြီးဘေးတစောင်းလွယ်ပြီး
ဝင်ချလာတာ။ အကြောင်းဆိုးတာက
ကောင်းသောလာခြင်းနဲ့ မဟုတ်ဘူး။

"ဟဲ့ အကောင် နင် ဘာေ-ာက်ချိုးချိုးသွား
တာလဲ" ဆိုပြီး ပေါ့။

အဲ့အချိန် ငါဘာလုပ်နေလဲ။ အင်း UNO
ကစားနေတယ်ထင်တယ်။ အော်သံစူးစူး
ကြောင့် လှည့်အကြည့်မှာတော့ သူမက
ဟိုကာင်ကို သူလွယ်လာတဲ့အိတ်နဲ့ဖျင်းနေတာပါပဲ။ ဖြစ်ချင်တော့ ငါတို့ အတန်း
Drawing ချိန်သွားနေချိန်မို့ အတန်းထဲ
ငါတို့လို အတန်းလစ်တဲ့ လူနည်းစုပဲကျန်
ခဲ့တဲ့ အချိန်။

သူ့နောက်မှအပြေးရောက်လာတဲ့ ပိုးဟပ်
ဖြူလို ကောင်မလေးပိန်ပိန်က သူ့လက်
မောင်း ပလွေရိုးလေးကို ဆွဲရင်းတား၏။
ငိုရင်း ဘာရင်းပေါ့လေ။ ရိုက်သံတဖုန်း
ဖုန်းက အုတ်နံရံကာအခန်းထဲ ကျယ်
ကျယ်လောင်လောင်ပါပဲ။ ဟိုအကောင်
ကလည်းတစ်ယောက်တည်းရှိနေချိန်မို့
သူမ ရိုက်နေတာကို ရှောင်ရှောင်ရှားရှား
လုပ်နေရုံလောက်ပဲ တတ်နိုင်နေသည်။
ဘယ်သူမှလည်း ဝင်မဆွဲ။

ငါတို့ သူငယ်ချင်းတစ်စုလည်း UNO
ကစားနေရင်းက ကြောင်တောင်လေး
ငေးပေါ့။ ငါလေးကလည်း တဖုန်းဖုန်းရိုက်
နေတာကို သဘောကျပေမဲ့ ကြောက်နေ
တဲ့ ပုံ ဟန်ဆောင်လိုက်သည်။

နောက်မကြာဘူး။ ဟို့ကောင်သူငယ်ချင်း
တွေ ရောက်လာပြီး သူ့ကို

"နင် လက်မပါနဲ့။ သူတို့ဘာသာ မပြေ
လည်တော့လို့ ပြတ်တဲ့ ကိစ္စ။ နင့် သူငယ်
ချင်း လည်း နင်ပြန်မေး" ဘာညာတွေ
ကြားရတော့ ငါသိလိုက်တယ်။

သြော် တက္ကသိုလ်ရောက် ပေါက်စများ၏
ေ-ာက်လုပ်ရှုပ်ခြင်းများပေါ့။ UNO ကတ်
တွေကို ဖြန့်ကိုင်ထားသည့် ကြားမှ(ဖြန့်
မကိုင်လို့လည်းမရ UNO နဲ့ ပိုကာဆွဲနေ
တော့) ချောင်းကြည့်လိုက်တော့ မမ က
တရှူးရှူးတရှဲရှဲ။ ဖြူဖြူဖွေးဖွေး သေးသေး
ကွေးကွေး သူ့မျက်နှာ လက်လေးဆစ်
လေးက ဒေါသသွေးလိမ်းထားတော့ ရဲ
လို့။ ဂုတ်ဝဲဝဲ ဆံပင်တိုတွေကြား ချွေးတွေ
ကြောင့်  ဆံစတစ်ချို့က လည်ဂုတ်
ဖွေးဖွေးပေါ် စိုကာကပ်နေသည်။

ဂျပလွတ်အပေါ်သက်ဝင်ပြို ငါ၏မေတ္တာအဟုန်Where stories live. Discover now