အပိုင်း ၂

13.6K 1.7K 66
                                    

ငါ့နာမည် ငွေစင်သွန်းရည်။ နာမည်လေး
ကြားရုံနဲ့ ငါက ဖြူဖြူဖွေးဖွေးလှလှလေး
ဆိုတာ ရိပ်မိရောပေါ့။
အေး ။ ပိုမြင်အောင် ပြောရရင်...

ငါ့မှာ အနက်ရောင် ဆံပင်ပြောင်ပြောင်
ဖြောင့်ဖြောင့်တွေရှိတယ်။ ငါ့အမေ အ
ထက်တန်းပြ ဆရာမ သဘောခွေ့တဲ့
အရာတွေပေါ့။ ငါတော့ သဘောမကျဘူး
ငါက ကိုငှက်(ထူးအိမ်သင်) လို ကောက်
ကောက်ကွေးကွေးလေး ဖြစ်ချင်တာ။
နောက်မတိုမရှည် ကောက်ကောက်ကွေး
ကွေးလေးတွေကို မမီ့တမီစီးပေါ့လေ။

ဒါတွေက ဘယ်တော့မှဖြစ်လာမယ့်အရာ
တွေမဟုတ်ဘူး။ မိုးမြေအက်ကွဲသွားရင်
တောင် ငါဟာ ရုပ်ဆိုးသွားလို့မရဘူး။
အဲ့လိုအကြောင်းတွေလည်း မရှိဘူး။
ဟုတ်တယ် ငါဟာ ဖြူဖြူစင်စင် နဲ့ မိန်း
မ ပီပီသသလှနေရမယ်။ ဒါငါ့ဘဝဖြစ်စဉ်
ထဲ အစီအစဉ်တကျရှိနေခဲ့ပြီးသား systemတွေပဲ။

ငါက ကထိက အဖေ ၊ အထက်တန်းပြ အမေတို့ရဲ့သမီးကြီး ပီပီ သူများတွေ
ထက် ပိုလိမ္မာခဲ့ရတယ်။ အောက်က ငါ့ညီမလေးနှစ်ယောက်က ငါ့ကြည့်ပြီး ကြီးလာကြမှာဆိုတော့ ဒီနွားမကြီး
ဖြောင့်ဖြောင့်သွားပေါ့။

အမေရဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေကြား

"သမီးကြီးက ငါးဘာသာဂုဏ်ထူးနဲ့
အောင်တာလေ။ အခု Archi တက်နေ
တာ" စသည်ဖြင့် ကြွားလုံးထွားရအောင်
လည်း ငါလုပ်ပေးခဲ့ရသေးတာ။
ငါ့သဘောနဲ့ ငါဆို ငါက အဝေးသင်တက်
မယ်။ ငါ ဂီတာတီးချင်တယ်။ ဟုတ်တယ်
ငါ သီချင်းလှလှလေးတွေကြိုက်တယ်။
ငါ အိပ်မက်အမြဲမက်တာ ကျွန်းရောင်
စပိန်ဂီတာလေးပဲ။

ငါလေ...စီးကရက်လေးဖွာ ။ သီချင်းလေး
ရေး ။ သြော် ငါရေးမှာက ဂန္တဝင်ဂီတ
တွေ ။ စာသားမပါဘူး။ ဂီတသံလေးပဲ။
မျဉ်းလိုင်းတွေတားထားတဲ့ စာရွက်ပေါ်
မှာ ဂီတနုတ်လေးတွေ ချရေးလိုက်
ဂီတာကြိုးလေးတွေ ကို ကစားရင်း
စီးကရက်လေးဖွာလိုက်ပေါ့။ ညနေ နေရီ
တရော မိုးလေးဖွဲဖွဲရွာရင် ငါ ပူပူပြင်းပြင်း
အရသာရှိတဲ့ အရည်လေးတစ်ခုခု
သောက်ပြီး ရှေးဓာတ်ပြားသွင်း သီချင်း
တွေနားထောင်မယ်ပေါ့။ ငါကြားနိုင်ရုံ
လောက် တိုးတိုးလေးဖွင့် မယ်။ အိမ်လေး
ထဲ သံစဉ်တွေလွင့်စေကွာ။ အခုခေတ်
ပေါ် အီးယားဖုန်းတွေ ငါ မကြိုက်ဘူး။ ငါ
ဖုန်း ကိုသိပ်မမက်ဘူး။ ဖုန်းပွတ်ဖို့ထက်
အပွင့်အခက်လေးတွေကို ပွတ်ပြီး ရင်ခုန်
ရတာကိုပိုမက်တယ်။
တစ်ဖက်က လူကို အကဲခတ်ရ
တာ ။ ငါ့ကို သူလည်းအကဲခတ်တဲ့အခါ
မချိုမချဉ်နဲ့ ပြုံးစိစိနေရတာ ကြိုက်တယ်။

ဂျပလွတ်အပေါ်သက်ဝင်ပြို ငါ၏မေတ္တာအဟုန်Where stories live. Discover now