ဇာတ်သိမ်းပိုင်း

12.5K 1.3K 153
                                    

ငါ ရှေးသီချင်းတစ်ပုဒ်ကိုတော်တော်
သဘောကျတယ်။ တော်တော်များများ
လည်းကြားဖူးမှာပါ။

"ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်း
ဖို့ယူ။ ဘယ်လိုအသားမဲမဲ ဝါဝါညက်
ညက်ဖြူ" ဆိုတာ။
ဟုတ်တယ် အဲ့က ဝါဝါညက်ညက်ဆို
တဲ့ စကားကိုသိပ်ကြိုက်တာ။ အဲ့လို
ဖြစ်စေဖို့ ရွှေဘိုက လာမလာတော့မသိ
အခု သနပ်ခါးအမြစ်တုံးတစ်တုံးကို
ကိုင်ပြီးသွေးနေပြီ။
သနပ်ခါးမှာ တခြားစိတ်အပိုင်းတွေ
ထက် အမြစ်ပိုင်းကို ပိုစိတ်တိုင်းကျ
တယ်။ ​ကမ္ဘာမြေကြီးရဲ့ရင်ခွင်ပိုက်ခံ
ကလေးငယ်လေးလို့ ငါမြင်တယ်။
ဟုတ်တယ် အမြစ်တွေက ကမ္ဘာမြေ
ကြီးရဲ့ ရင်ခွင်ပိုက်ချစ်မြတ်နိုးခြင်း
ခံရတဲ့ သက်ရှိတွေပဲ။ လေမထိ နေမခ
ဘဲ အရင်းအမြစ်တွေက စတင်ရယူ
တဲ့နေရာ။ ဒါကြောင့်လည်းကြည့်လိုက်
သစ်ပင်တိုင်းရဲ့ အမြစ်တွေက တခြား
အစိတ်အပိုင်းတွေထက် အသုံးဝင်မှုများပြားနေတာ။ အခုသနပ်ခါးအမြစ်
တုံးလည်း အဲ့လိုပဲ။
သူက သွေးလိုက်ရင် တခြား
အပွေးတုံးတွေလို အနံ့ကမွှေးအီပြီး
ထွက်မလာဘူး။ ဆေးဖက်ဝင်နေသလို
အနံ့က သင်းရှရှရယ်။ ပြီးတော့ အပွေး
အက်နေတဲ့ သနပ်ခါးပိုင်းတွေလိုသွေး
လိုက်တာနဲ့ သနပ်ခါးသားက ဒူးရင်း
မွှာသားလို ပျစ်နှစ်မနေဘူး။ အကြမ်း
ဆန်ဆန် သနပ်မှုန်ပါးလေးတွေ ပါ
တယ်။ ပါးပေါ်တင်လိုက်ရင် ကြမ်း
ရှရှရယ်။ ပိုပြီးသဘာဝဆန်သလိုပဲ။

အခုလည်း ကျောက်ပြင်ပေါ်မှာရှိနေတဲ့ အ
ရေကျဲ သနပ်ခါးအရည်ကြည်ကို
မျက်နှာအနှံ့အရင်ပွတ်တယ်။ ဖြူနေ
တဲ့ အသားကို ဝါပြေပြေဖြစ်စေတာ
ပဲ။ မှုန်မှုန်ဖုံဖုံလေးဖြစ်နေတဲ့ ပါးပြင်
ပေါ်ကိုမှ နောက်ထပ်အရည်ကျဲ ပါး
ကွက်တင်လိုက်တယ်။
သနပ်ခါးရည်ရဲ့ အေးစိမ့်စိမ့်အထိအ
တွေ့ကို ခဏလေး ငြိမ်ခံစားပြီးမှ မ
ခြောက်သွားသေးခင် သွားပွတ်တံလေး
နဲ့ ခြစ်ဆွဲလိုက်တော့ ငါကြိုက်တဲ့ ဆေး
ဖက်ဝင် အနံ့သင်းသင်းက ပျံ့လွင့်
တက်လာရော။

ငါကျေနပ်သွားပြီ။ မျက်ခုံးတန်းကြားကသနပ်ခါးမှုန်တွေကို ခြစ်ထုတ်လိုက်
တာတယ်။ ဘာဆေးမှ ကူစရာမလို
ပဲ မျက်ခုံးနှစ်သွယ်တန်းက အမွှေးလေး
တွေက ဦးညွတ်နေတဲ့ မြက်ပင်လေး
တွေလိုပဲ။ လားရာတစ်ဖက်တည်းကို
သာ အညီအညာညွတ်ကျနေတာ။
ထွေထွေထူးထူးပြင်စရာမလို
တော့ဘူး။ အရိပ်ပွင့်သေးသေးနုတ်
နုတ်လေးတွေပါတဲ့ ယောဂီထမီ ပေါ်
ကနေ ပိတ်ဖောက်ဇာ ရင်စေ့အင်္ကျီက
ခါးတင်ဇောင်းလေးမှာ ချပ်ချပ်ရပ်ရပ်။
လက်တိုမဟုတ်ဘဲ တံထောင်ဆစ်နား
အထိ ရှိနေသော အင်္ကျီလက်တို့တွန့်
ခေါက်မနေအောင် အနည်းငယ်ဆွဲဆန့်
လိုက်ရုံနဲ့ ငါ့ရဲ့ ဝတ်စားဆင်ယင်
မှုက ရိုးရှင်းစွာနဲ့ပြီးမြောက်သွားပြီ။

ဂျပလွတ်အပေါ်သက်ဝင်ပြို ငါ၏မေတ္တာအဟုန်Where stories live. Discover now