အပိုင်း ၆

10.3K 1.6K 138
                                    

ကားပေါ်က ဆင်းလိုက်တာနဲ့ မြက်ပင်
စိမ်းနံ့ ရောနေတဲ့ ရေငွေ့ပါ လေပြေသွေး
တွေက ငါ့ဆံပင်တွေထဲပွတ်တိုက်ပြေး
ဝင်တော့တာပဲ။
အလွန်ချွဲတတ်တဲ့ ကလေးဆိုးတွေလို
ငါ့ရဲ့ ဆံပင်ထူတွေကြား အဆက်မပြတ်
မြူးတူးပျော်ပါးတော့ ငါက ဆံစတွေကို
နားနောက်ပို့ရင်းထိန်းကျောင်းရသည်။
နောက် ငါ့ရင်ဖုံးလက်စတွေကိုလည်း
ပွတ်သပ်ကြသလို နက်ပြာရောင်ထမီ
အောက်နားစတွေအောက်ကိုလည်းဝပ်
တွားကြပြန်ရော။ဒီလေပြေတစ်သိုက်က ငါ့တစ်ကိုယ်လုံးကိုများ သယ်မသွားဖို့
ကြံစည်နေတာလားလို့ တွေးမိရော။
ငါ့ကို မရိုဖရဲ ဖြစ်စေတဲ့ လေပြေတစ်
သုတ်ကို ငါ စိတ်မဆိုးမိပါငါပျော်
တယ်လေ။ ဒီနေရာက ငါအကြိုက်ဆုံးနေရာတစ်ခုပဲ။

မြေသားတမံဆည်။ ငါတို့ကျောင်းနောက်
ဖက် မှာရှိတယ်။ လမ်းလျှောက်လို့လည်း
သွားလို့ရသလို ရနောင်လို ကိုယ်ပိုင်ကား
နဲ့ ကျောင်းလာတဲ့ သူငယ်ချင်းရှိရင်တော့
ခရီးတစ်ပြလောက်ကို ကားလေးနဲ့ပေါ့။
ဒီနေရာက ငါတို့ကျောင်းကအတွဲတွေ
သဘောတွေ့တဲ့ နေရာပေမဲ့ အခု
နှစ်ယောက်တည်းလာတာတော့မဟုတ်
ဘူး။ စုစုပေါင်း ငါတို့ သူငယ်ချင်း၆
ယောက်။ တိတိကျကျပြောရရင် ငါတို့
project team ပေါ့။ ကျောင်းက ပိတ်
လှောင်နေတဲ့ အခန်းထဲ ကုန်းကျုံးဆွဲ
နေ ။ ငြင်းနေရတာတွေများလာတော့
အားလုံးစိတ်ပြေအောင် ဒီဆည်ဖက်လာရ
အောင်။ ခေါင်းကြည်အောင် အချိန်ယူ
ကြတာပေါ့ ဆိုတဲ့ ရနောင့် အကြံပြုချက်
အတိုင်း ရောက်ချလာကြတာပါပဲ။

မြက်ခင်းစိမ်းစိမ်းတွေ ၊ သင်ဖြူးဖျာဖြူ
လေးခင်းထားသလို ဖြူလွလွနဲ့ ပြန့်ပြန့်
ပြူးပြူးရှိနေသော ရေပြင်ကျယ်ကြီး။
တစ်ချို့နေရာတွေမှာ နေရောင်ဖြာကျမှု
အားပြင်းပေမဲ့ အရိပ်အာဝါသဖြင့်အေးနေ
သော နေရာဝိုင်းတွေကလည်း အများသား မို့ ငါတို့တစ်စုအပင်ကြီးမျိုးတစ်ပင်
ရဲ့ အောက်မှာပဲ စုထိုင်ဖြစ်ကြတယ်။
ရနောင်က သူ့ကားထဲအဆင်သင့်ထည့်
လာတဲ့ မြက်ဖျာချောလေးခင်းပေးတယ်။
မစားရသေးတဲ့ ထမင်းချိုင့်ကိုယ်စီဖွင့်ပြီး
ထမင်းစားကြရင်း စာနဲ့ မပတ်သတ်တဲ့
စကားများသာ ပြောဖြစ်ကြတယ်။
ထုံးစံအတိုင်း တစ်ဖွဲ့ထဲမှ ငြိတိတိလိုလို
မူနေသလိုလိုတစ်တွဲပါလာရင် မြန်မာ
ကျောင်းသားကား ပါးဝနေသော သူငယ်
ချင်းတစ်စုက ငါနဲ့ ရနောင်ကို ရိတိတိ
တွေပြောကြတယ်။ လွယ်လွယ်ပြောဝိုင်း
လှော်ကြတယ်ဆိုပါတော့။
အစကတော့ ငါက အေးဆေးပါ။နောက်
တော့ စိတ်က ညစ်လာရော။ ဒါနဲ့ ငါ
လည်း နင်တို့ ဒီလောက်ဖြစ်လှတယ်
ဆိုပြီး မြန်မာကားထဲက မင်းသမီးတွေ
စတိုင်အတိုင်း ရှက်ပြုံးလေးနဲ့ပဲ

ဂျပလွတ်အပေါ်သက်ဝင်ပြို ငါ၏မေတ္တာအဟုန်Where stories live. Discover now