အပိုင်း ၃

11.3K 1.6K 101
                                    

"နေပါ ရနောင်ရာ။ ရတယ်"

Drawing ဗူးရှည်ကို ကူလွယ်ပေးရန်ပြင်
နေသူ လက်ထဲမှ ပြန်လည်ယူငင်လိုက်
ရသည်။
ဟုတ်တယ် ဒီလောက်ဗူးလေးတော့ ငါ
သယ်နိုင်ပါတယ်လေ။

ရနောင့် ကိုလည်း ခပ်အေးအေးသာပြုံး
ပြပြီး ကားဂိတ်ထိငြိမ်သက်စွာပဲလမ်း
လျှောက်လာဖြစ်သည်။ အသီးသီးသော
ကျောင်းသူကျောင်းသားများသည်လည်း
ဂိတ်ဝမှ ကားများဆီသို့ ကိုယ်စီလျှောက်
လှမ်းနေကြချိန်တွင်

ငါ နဲ့ ရနောင် အခုလို တွဲလျှောက်လာ
ခြင်းသည်ကား အထူးအဆန်းတော့မ
ဟုတ်။ သို့သော် ရနောင်ကတော့ ထူး
ဆန်းချင်နေတာကြာပြီ။ ခက်တာပဲ။
ငါမှ အမျိုးသားတွေကို မကြိုက်တတ်တာ။

ရနောင်ပြောတတ်သော နင် ကလှတယ်
ဆိုတဲ့ စကားကြားတိုင်း ငါတိုးဖွဖွရယ်မိမြဲ
ငါတွေးလည်းတွေးမိတယ်။ ပေါက်ပေါက်
ရှာရှာလို့ပဲဆိုရဆိုရပေါ့။

ဒီလို ရုပ်ရည်ချောမောပြီး စာတော် မျိုးရိုး
သန့်တဲ့ ရနောင်က

ငါသာ ကိုငှက် လိုပုံစံနဲ့ ကောင်လေးဖြစ်
နေရင်ရော
ငါက ဘီယာလေးတမြမြ စီးကရက်လေး
ဖွာနေရင်ရောသူလာကြိုက်မှာလား။
ယောကျာ်းလေးချင်းချင်းလေ။

ခွီးးးး

သဘောတကျဖြင့်ရယ်သံအကျယ်ကြီးပင်
ထွက်သွားရ၍ ရနောင် က ချက်ချင်း
လှည့်ကြည့်သည်။ ရုတ်တရက်ကြီး
ဘာတွေသဘောကျသွားတာလဲ ဆိုတဲ့
စူးစမ်းတဲ့ မျက်နှာနဲ့ပေါ့။

ငါ အရယ်မပြတ်ပင်

"ဘာမှ မဟုတ်ဘူး။ ဘာမှမဟုတ်ဘူး။
ငါရယ်ချင်လာလို့" လို့ပဲ အရယ်လက်
ကျန်များနှင့်ပြောမိရင်း ဘာရယ်မဟုတ်
ငါတို့နဲ့ မျက်နှာချင်းမှာရှိနေတဲ့ ဆိုင်လေး
ဆီအကြည့်ရောက်သွားသော်အခါ...

အိုး ဂျပလွတ်! ဝက်စားတုတ်ထိုးဆွဲနေတာပဲ။
ဒါပေမဲ့သွားကြားထဲက ဝက်သားမျှင်ကို ဆွဲထုတ်ရင်း ငါ့ဆီ ရှူတူတူနဲ့
လှမ်းကြည့်နေသော အာပေတူးလေး။
အချိန်တိုင်းကို အာပေတူးနေပါရောလား။

                        ***

"စောင်ပိုတွေ လုပ်နေပြန်ပြီ။ သွားကြား
ညပ်ရတဲ့အထဲ မျက်လုံးထဲ ထော်လော်
ကန့်လန့်တွေ"

ဂျပလွတ်အပေါ်သက်ဝင်ပြို ငါ၏မေတ္တာအဟုန်Where stories live. Discover now