အပိုင်း ၇

9.8K 1.6K 82
                                    

"မ နဲ့ မနက်ဖြန် တွေ့ချင်တယ်"

ဝင်လာသော စာတိုလေးကို ကြည့်ရင်း
ငါ နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည်။ ဒီကလေး
မ လေးက ဘာလောကသားလေးလဲ။
အဲ့နေ့က ငါရိုးရိုးလေးပြောလိုက်တဲ့ စ
ကားကို တခြားမိန်းကလေးတွေဆို ဘယ်
လိုလုပ်ချက်ချင်းလက်ငင်းသိနိုင်မှာလဲ။
သူကတော့ အတင်းကိုပဲ ငါ့ကိုထပ်မေး
တာ။

ငါ စာကြည့်စားပွဲပေါ်မေးလေးထောက်ပြီး
သူနဲ့ ငါရဲ့ အတိတ်နေ့ရက်လေးကိုပြန်
လည်တမ်းတမ်းတတလုပ်ကြည့်သည်။
ဆံပင်တွေအကုန်ဖြန့်ကျထားပြီး ဘော
ပင်လေးကို မေးပေါ်တတောက်တောက်
နဲ့ လုပ်ရင်း ပြုံးနေတဲ့ ငါ့ကို အမေမြင်
ရင် သူအတင်းပေးစားချင်နေတဲ့ သင်္ဘော
အင်ဂျင်နီယာလေး ကို စိတ်ကူးယဉ်နေ
တယ်လို့ထင်ကောင်းထင်နိုင်ရဲ့။
ဘယ်လိုလုပ်မလဲ။ ငါတကယ် လုပ်ချင်
တဲ့ ပုံစံက ကိုငှက်လို ဆံပင်မတိုမရှည်
လေးကို ကြက်ပေါင်ကွင်းနဲ့ ဖြစ်သလို
စည်း။ ပြတင်းပေါက်ဘောင်ပေါ်ခြေ
တဖက်ထောင်ထိုင်ပြီး ဆေးပေါ့လိပ်
လေး ဖွာပြီး နေလို့မှ မရဘဲ။ ဒီတော့
သူတို့ မြင်ချင်တဲ့ မူရာတော်နွဲနှောင်းမှု
နဲ့ ငါကြိုက်မိတဲ့ ကောင်မလေးအကြောင်း
တွေးရသည်ပေါ့ ။ အဲ့ နေ့က တကယ်
ပဲ ရင်ခုန်ဖို့ကောင်းတယ် ။ ထန်းရည်နံ့
ချဉ်စူးစူးကိုမေ့ပစ်ထားလိုက်ရင်ပေါ့။

အဲ့နေ့က သူ့ငယ်ချင်းက သူ့အိမ်ရောက်
ပြီး ကားပေါ်က ဆွဲချတာတောင် ငါ့ကို
ကုပ်တွယ်ထားတယ်။ သူ့ကို လုံးဝ မ
လွှတ်လိုက်ပါနဲ့ ဆိုတဲ့ သဘော။ အစ
ကတော့ ငါ့မှာ သဘောတွေကျပြီး ပီတိ
တွေဖြာ။ ငါ့ပဲ ချက်ချင်းတွေ ပြန်ကြွေ
သွားပြီလားဟ ဆိုပြီး မိန်းမပီပီ ကိုယ့်
ကိုကိုယ် အထင်တွေစွတ်ကြီးမိတာ။
သင်းလေးက ဘယ်ဟုတ်မလဲ။ သူ့အဖေ
တရုတ်ကြီး နပန်းကျင်းမှာ ဆိုးလို့ ငါ့
coverယူလိုက်တာ အိမ်ထဲရောက်မှသိ
တာ။
ငါတို့ အိမ်ထဲဝင်တာနဲ့ ကျင်ကြီး လား
ကျင်ကျင့်လား ငါ အသံမထွက်တတ်
တဲ့ နာမည်နဲ့ သူ့အဖေတရုတ်ကြီးက
ဆီးကြိုတာပါပဲ။ ဂျပလွတ်က ငါ့ ပခုံးပေါ်
မယ် အရုပ်ကြိုးပျက်နဲ့ တစ်ဝက်သေ
ချင်ယောင်ဆောင်နေတယ်။ တရုတ်
ကြီးက အစကတော့ အော်တာ
ပေါ့။ ဆူတာတော့ မဟုတ်ဘူး။ နှစ်ကူး
လည်း မဟုတ်။ တစ္ဆေကြီးကန်တော့ပွဲ
လည်း မရောက်သေးဘဲ သူ့သမီးမူးပြဲ
လာလို့။

ဂျပလွတ်အပေါ်သက်ဝင်ပြို ငါ၏မေတ္တာအဟုန်Where stories live. Discover now