Part 1

11.8K 427 22
                                    

Part 1

မချစ်ဘူးမုန်းတယ်

ရှောင်ကျန့်နဲ့မာမား ဦးလေးခေါ်ဆောင်ရာ
စံအိမ်သို့ရောက်လာပြီး တောင်ကြည့်မြှောက်ကြည့်နဲ့
ကြည့်နေစဥ် အပေါ်ထပ်က
ကောင်လေးတစ်ယောက်ဆင်းလာသည်။
ဘောင်ဘီတိုတိုလေးနဲ့ ဖြူနေတဲ့အသား
ထင်းနေတဲ့ကောင်လေးကို
ဦးလေးက

"သား ဒါပါးပါးယူမယ့်မိန်းမ
မားမားနွန်တဲ့ ဒါကသူသားလေး ရှောင်ကျန့် "

"ပါးပါးသားကိုလည်းဘာမှမတိုင်ပင်ဘူး ပြီးတော့ဘာလို့ သားတစ်ယောက်ရှီတဲ့ အဒေါ်ကြီးကိုယူတာလဲ ကျွန်တော့်လက်မခံနိုင်ဘူး ပါးပါးလုပ်ရက်တယ်"

ရိပေါ်မကျေနပ်တဲ့အကြည့်နဲ့ကြည့်ကာ
ပြောလိုက်သည်။

" ပါးပါးတို့ကသားမားမားနဲ့မတွေ့ခင်က
ငယ်သံယောဇဉ်ရှီခဲ့ကျသူပါ သားမားမားဆုံးသွားတာလည်း ဆယ်နှစ်ရှီပြီ နွန်လည်း သူယောက်ကျားဆုံးသွားတာကြာပြီ သူတို့သားအမိနှစ်ယောက်တည်းရုန်းကန်နေရတယ် စီးပွာရေးအရသူတို့အဆင်ပြေပေမဲ့ လူမူရေးအရ အားကိုးရမယ့်
ယောက်ကျားသားမရှီတဲ့ဘဝမှာ သူတို့အဆင်မပြေနိုင်ဘူး ပါးပါးလည်းနွန်ကိုလိုအပ်သလို
နွန်လည်း ပါးပါးကိုလိုအပ်တယ်
သားလေး  ဒီတစ်ခါတော့ ပါးပါးကိုနားလည်ပေးပါ  ပြီးတော့ ရှောင်ကျန့်ကတတိယနှစ်ရောက်ပြီ သားလေးထက် နှစ်နှစ်ကြီးတယ် အစ်ကိုတစ်ယောက်လို ဆက်ဆံပါ "

အစ်ကိုတဲ့ နှမ်းပစ်တဲ့တုတ်လောက်ရှီတဲ့ ခန္ဓာကိုယ်နဲ့

" ပါးပါးလုပ်ချင်တာလုပ်ခဲ့ပြီ သူတို့က ပါးပါး
နဲ့ပတ်သတ်ချင်ပတ်သတ်လိမ့်မယ် သားနဲ့တော့လုံးဝလာမပတ်သတ်စေနဲ့ "

ဝမ်ရိပေါ်ပြောခဲ့ပြီး အပေါ်ထပ်ကကျွန်တော်အခန်းဆီသို့ပြေးတက်ခဲ့သည်။ ကျွန်တော်ဘဝကြီးကဘယ်လိုဖြစ်ကုန်ပြီလဲ ဆယ်နှစ်အတွင်းအမေမရှီဘဲ အဖေနေနိုင်ခဲ့တယ် နောက်မိန်းမယူမယ့်အကြောင်းလုံးဝမပြောခဲ့သလို ကျွန်တော်ကိုလည်း အဖေလိုရောအမေလိုရော အရမ်းချစ်ပေး အရမ်းအလိုလိုက်ခဲ့တယ် ကျွန်တော်ဘဝမှာလည်းမိထွေးရှီလာလိမ့်မယ်လို့ လုံးဝထင်မလာခဲ့ဘူး အခုရုတ်တရက်ကြီး အဖေက မိန်းမတစ်ယောက်ကိုခေါ်လာတယ် ပြီးတော့ ကျွန်တော်ထက် ကြီးသော သားတစ်ယောက်က အဆစ်ပါသေး ဒီလိုအဖြစ်မျိုးဖြစ်လာလိမ့်မယ်လို့ အိမ်မက်တောင်မမက်ဖူးခဲ့ဘူး
ဘယ်သူမှမုန်းတီးမှုမရှီသော ကျွန်တော် အခုခါးခါးသီးသီးမုန်းတီးမှု​တွေနဲ့ပြည့်နှပ်လာပြီဖြစ်သည်။

♥♥♥ အမြည်းလာကျွေးတာ😊😊😊

မချစ်ဘူးမုန်းတယ်Where stories live. Discover now