Part 3

5.9K 426 4
                                    

မချစ်ဘူးမုန်းတယ်

Part 3

Xiao Zhan pov;

     ကျွန်တော်က တတိယနှစ်စီးပွားရေးကျောင်းသားပါ ကျွန်တော်မှာ ဝမ်နင်နှင့်မေဆိုတဲ့ သူငယ်ချင်း
နှစ်ယောက်ရှီပါတယ် ကျွန်တော်ကစာတော်ပြီး အေးဆေးနေတက်တဲ့သူဖြစ်သည်။

    စာတစ်ခုကလွဲပြီး ဘာမှစိတ်မဝင်စားပါ ကျွန်တော်ကိုကြိုက်တဲ့သူ ချစ်ခင်သူတွေများပေမဲ့ ကျွန်တော်ဘာကိုမှ စိတ်ဝင်စားခြင်းမရှီသလို့ ဘယ်မိန်းကလေးမှကိုလည်း စိတ်ဝင်စားခြင်းမရှီပါ ကျောင်းပြီးရင် လစာကောင်းကောင်းရတဲ့ ကုမ္ပဏီတစ်ခုမှာလုပ်ပြီး အမေကိုတဖန်ပြန်လုပ်ကျွေးဖို့ဆိုတဲ့ ရည်ရွယ်ချက်ဘဲ
ရှီသည်။  ဒါပေမဲ့မမြင်နိုင်တဲ့ကံကြမ္မာကြောင့် ကျွန်တော်ကျောင်းမပြီးခင်ဘဲ သူဌေးတစ်ယောက်ရဲ့ သားဖြစ်နေပြီ သူဌေးက သူသားရင်းနဲ့မခြား အလိုလိုက်သည်။ အမေယူလိုက်တဲ့ယောက်ကျားက စိတ်သဘောထားပြည့်ဝတဲ့ ပိုက်ဆံချမ်းသာတဲ့သူဌေး
ဝမ်ယူဖြစ်တာကြောင့် ကျွန်တော်တို့သားအမိနှစ်ယောက်ဘဝပြောင်းလဲသွားပါတယ်။ ဒါပေမဲ့ ကျွန်တော်ဒီအိမ်ရောက်တာ ငါးရက်ရှီပြီ မနက်စာစားချိန်တိုင်း ရိပေါ်ကျွန်တော်တို့နဲ့ ဘယ်တော့မှလာမစားပါ နေ့လည်ချိန်လည်သူကျောင်းမှာစားခဲ့ပြီး ညနေညစာစားချိန်လည်း အိမ်စေတွေကို သူအခန်းထဲလာပို့ခိုင်းပြီး သူအခန်းမှာဘဲ ညစာစားတယ်
ရိပေါ်ရဲ့ ပါးပါးလည်း သူစိတ်တည်ငြိမ်တဲ့အထိ လွှတ်ထားပေးပုံရပါသည်။ ညနေဆို သူဌေးက သူသားအခန်းရှေ့သို လာလာချောင်းကြည့်နေတာ ကျွန်တော်သိပါတယ်ကျွန်တော်လည်းသူနဲ့
စကားပြောဖို့အခွင့်အရေးကို အမြဲတမ်းချောင်းနေလေ့ရှီတယ် ဒါပေမဲ့ စကားပြောရဖို့နေနေသာ သူကျွန်တော်တို့နဲ့ မျက်နှာချင်းကိုလုံးဝမဆိုင်ပါ အဲ့ဒါနဲ ကျွန်တော် ဒီနေ့တော့ ကျောင်းကိုပုံမှန်ထက်စောဆင်းလာပြီ သူအခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး သူအလာကိုစောင့်နေလိုက်ပါတယ် ဒီနေ့တော့ သူကိုစကားပြောဖြစ်အောင်ပြောမှဖြစ်မယ်။  အဓိကကတော့သူနဲ့နားလည်မှုယူချင်တာပါ သူသွေးအေးအေးဆက်ဆံပုံနဲ့
ဒီအိမ်မှာကျွန်တော်မနေချင်ပါ သူဌေးက
ကျွန်တော်တို့သားအမိပေါ်
ဘယ်လောက်ကောင်းကောင်း သူနဲ့လည်း ကျွန်တော်ရင်းနှီးစွာနေချင်တဲစိတ်ကြောင့်ပါ  သူရဲ့အပြုံးအရယ်မရှီတဲ့ မှုန့်ကုတ်နေတဲ့မျက်နှာကို ကျွန်တော်တို့သားအမိနှစ်ယောက်ရောက်လာမှဖြစ်တာကြောင့်လည်း ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်။

မချစ်ဘူးမုန်းတယ်Where stories live. Discover now