Part 6

4.5K 404 10
                                    

မချစ်ဘူးမုန်းတယ်

  ညစာစားပြီးတာနဲ့ ရိပေါ်ခြံထဲဆင်းသွားလို့
ရှောင်ကျန့်လိုက်ကြည့်မိသည်။ ဒီကလေး ဒန်းစီးနေတာဘဲ ဒါပေမဲ့ သူဒန်းစီးတာက ဒန်းပေါ်မှာ ငြိမ်ငြိမ်ထိုင်နေတာမဟုတ် ခြံထဲကဒန်းကနှစ်ယောက်ထိုင်ဒန်းအကြီးစားပါ ဒန်းပေါ်မှာအေးဆေးထိုင် လေညင်းခံပြီး အိပ်လို့တောင်ရပါတယ် ဒါပေမဲ့ သူကဒန်းပေါ်မှာထိုင်နေတာမျိုးမဟုတ် ဒန်းပေါ်မှာ မတ်တက်ရပ်ပြီး လွှဲပြီးဆော့နေတာပါ တော်တော်အငြိမ်မနေတဲ့ ကလေးဘဲ လူကဖြင့် တက္ကသိုလ်ကျောင်းသား ဆော့နေတာက မျောက်တောင်အရှုံးပေးရတယ် အခန့်မသင့်ရင် ပြုတ်ကျနိုင်တာမို့ သူကိုတားဖို့ ကျွန်တော်သူဆီသွားပြီး

"ညီအခုမှထမင်းစားပြီးတာကိုး အဲ့လိုဆော့နေလို့ရမလား ပြုတ်ကျမှာပေါ့ ထမင်းစားပြီးလှုပ်လှုပ်ရှားရှားလုပ်ရင်မကောင်းဘူး "

" ကျွန်တော့်ကိုဆရာလာမလုပ်ပါနဲ့ ထမင်းစားပြီးသာကြာပြီ ပြီးရင် ကျွန်တော်စီးနေကျမပြုတ်ကျဘူး "

စွာနေတာလေးကိုးက ချစ်ဖို့ကောင်း
ရှောင်ကျန့် ခေါင်းညိတ်လိုက်ပြီး

"အဲ့ဒါဆိုလည်း ကိုယ့်အထဲဝင်တော့မယ် ညဘက်ကြီးခြံထဲမှာဒန်းစီးနေတာဆိုတော့ တစ်ယောက်တည်းပျင်းနေမှာဆိုးလို့ စကားလာပြောပေးတာ  "

" မလိုပါဘူး ခင်ဗျားရှီနေရင်သာ
အနှောက်အယှက်ဖြစ်တာ "

" ကောင်းပါပြီ ကိုယ့် အိမ်ထဲဝင်တော့မယ် တစ်ယောက်တည်းနေရဲတယ်ဆိုလည်း ပြီးတာပါပဲ ဒါပေမဲ့  သတိတော့ထားနော်
အပြင်ကအဖော်တွေဝင်လာနိုင်တယ်"

ရှောင်ကျန့်စကားကြောင့်
ရိပေါ်ဒန်းလွှဲဆော့နေရာကနေ ရပ်လိုက်သည်။

"အပြင်ကအဖော်တွေ ခင်ဗျားဘာဆိုလိုတာလဲ အပြင်ကအဖော်တွေဆိုတာ သ..သရဲကိုပြောတာလား "

အသံတုန်သွားတဲ့ ရိပေါ်ကြောင့် ရှောင်ကျန့်
ကျိတ်ပြုံးမိကာ

"မသိဘူးလေ ကိုယ့်သူများပြောတာကြားဖူးတာဘဲ  ညဘက်ကြီးဒန်းဆော့ရဲ့တဲ့သူ ဘာဖြစ်တယ်ဆိုလား
ညီကြားဖူးမယ်ထင်ပါတယ်  "

မချစ်ဘူးမုန်းတယ်Where stories live. Discover now