Part 4

5.1K 428 8
                                    

မချစ်ဘူး မုန်းတယ်

နံနက်စာ ထမင်းစားဝိုင်းမှာ
ရှောင်ကျန့်လည်တံရှည်ရှည်နဲ့ ရိပေါ်ဆင်းအလာကိုမျှော်နေမိတယ် မနေ့ညကလည်း ရိပေါ်ဆင်းလာပြီးထမင်းလာမစားသလို ညစာစားဖို့ ထမင်းသွားပို့တဲ့ အိမ်ဖော်ကိုတောင်မှ မစားဘူးဆိုပြီး ပြန်လွှတ်လိုက်သည်။ အခုမနက်တော့ မနက်စာထမင်းလာစားပါစေလို့ ဆုတောင်းရင်းမျှော်နေတုန်း အိမ်ပေါ်ထက်ကဆင်းလာတဲ့ ရိပေါ်ကို တွေ့ရသည် ကျောင်းဝတ်စုံနဲ့ ထမင်းစားပွဲဝိုင်းသို့ဦးတည်လာတဲ့ရိပေါ်

"သားမနက်စာစားမလို့လား
သားကြိုက်တက်တာ ပါးပါးလုပ်ခိုင်းထားတယ်  "

သူဌေးကရိပေါ်နက်စာဆင်းစားသည့်ဖြစ်စေ မစားသည့်ဖြစ်စေ ရိပေါ်ကြိုက်တက်တာကို
ရိပေါ်ပါးပါးက မနက်တိုင်းလုပ်ခိုင်းနေကျဖြစ်သည်။

" ပါးပါး ကျွန်တော်ဒီနေ့ကစပြီး
အစ်ကိုနဲ့ကျောင်းအတူတူသွားမယ်  "

ရိပေါ်စကားကြောင့် သူဌေးပြုံးသွားသည်။

"တကယ်လား သားလေးက အရမ်းလိမ်မာတာပဲ
ပါးပါး စိတ်ချမ်းသာလိုက်တာ ညီအစ်ကိုနှစ်ယောက်ကျောင်းအတူသွားတော့ ပါးပါးစိတ်ချရတာပေါ့ "

ရိပေါ်နံနက်စာနည်းနည်းပဲစားပြီး

"ကျွန်တော်တော့ဝပြီ  အစ်ကိုစားပြီးရင် ကျောင်းသွားရအောင် "

ရှောင်ကျန့်နားကြားများလွှဲနေသလား သူကိုခေါ်လိုက်တဲ့အခေါ်အဝေါ်က အစ်ကိုတဲ့ သူမနေ့က ကျွန်တော်ပြောတဲ့စကားတွေကို တကယ်နားဝင်သွားတာလား ဘာဘဲဖြစ်ဖြစ်သူခေါ်လိုက်တဲ့ အခေါ်အဝေါ်က  အရမ်းနားဝင်ချိုသာလွန်းလို့ ကျွန်တော်ပြုံးမိသည် အဲ့ဒါကြောင့်ဘဲ ခပ်မြန်မြန်ဘဲ ရိပေါ်နောက်ကလိုက်ခဲ့တယ် ရိပေါ်က သူစီးနေတဲ့ကားအနီရောင် တံခါးကိုဖွင့်ပြီးဝင်လိုက်သည်။ ကျွန်တော်လည်း တဖက်ရှေ့ခန်းက ကားတံခါးဖွင့်ပြီး ဝင်ထိုင်လိုက်တယ် ကားပေါ်ထိုင်လိုက်ရင်ပဲ သူကျွန်တော်နားတိုးကပ်လာတယ် အရမ်းနီးကပ်လွန်းလို့ သူရဲ့ဖွေးဖွေးဖြူတဲ့ မျက်နှာကိုအနီးကပ်မြင်လိုက်ရပြီး တစ်ခါမှမခံစားဖူးတဲ့ ကြည့်နှုးမှုနဲ့ရင်တွေ အခုန်မြန်လာတယ် ရင်ဘက်ကိုဖိလိုက်ပြီး

မချစ်ဘူးမုန်းတယ်Where stories live. Discover now