Part 5

4.5K 405 11
                                    

မချစ်ဘူးမုန်းတယ်

Part 5

ဝမ်နင် Pov:

မနေ့ကဖြစ်သွားတဲ့ Xiao Zhanရဲ့ပုံစံက ကျွန်တော်ကို တော်တော်အံ့သြစေပါတယ် Xiao Zhan ဆိုသည်မှာ သူများပေါ်ကူညီတက်သည့် လူအေးဖြစ်သလို့ မဟုတ်လျှင်မခံတက်သည့် စိတ်ဓာတ်လည်းရှီသူပါ ဒါပေမဲ့ လူအများကြား ပထမနှစ်ကလေးတစ်ယောက် ရဲ့ရှုးဖိနပ်ကြိုးကိုချည်းပေးတဲ့အပြုအမှုကတော့ တွေးရင်းတွေးရင်းဒေါသဖြစ်စရာနဲ့ အသဲနာစရာပါ

"ဘာတွေးနေတာလဲ "

စာသင်ခန်းထဲဝင်ဝင်ခြင်း မေးထောက်ပြီးတွေးနေတဲ့ ဝမ်နင်ကို Xiao Zhanမေးလိုက်ခြင်းဖြစ်သည်"

"ငါ့ကမှမနေ့က ကတည်းက မင်းကိုမေးချင်နေတာ မနေ့ကအတန်းချိန်ပြီးတာနဲ့မင်းပျောက်သွားတာနဲ့ မမေးဖြစ်တာ "

" မေးလေ "

"ငါဘာမေးမှာလဲ မင်းသိမှာပါ မနေ့က ကန်တင်းက ကိစ္စဘယ်လိုဖြစ်တာလဲ မင်းဘာအမှားလုပ်မိလို့ လူကြားထဲ ဒီလိုစော်ကားခံရတာလဲ ပြီးတော့ မင်းစိတ်ဓာတ်ကသူများ စော်ကားတာခံမယ့် လူမှမဟုတ်တာသူက ဘယ်သူမို့လို့လဲ "

" အခုငါအမေလက်ထပ်လိုက်တဲ့ သူဌေးရဲ့သားပါ
ပြီးတော့ ငါလည်းညီလေးတစ်ယောက် လိုချင်လို့ သူအပေါ်အလိုလိုက်လိုက်တာပါ "

"အဲ့ဒါလား အလိုလိုက်တာ ဒါတမင်သတ်သတ် မင်းအပေါ်အနိုင်ကျင့်နေမှန်း သိသာနေတာကိုး မင်းအဲ့ဒီလောက်တောင် သည်းခံတက်မှန်း ငါမသိဘူး "

ဘုတ်

"ဘာတွေပြောနေကျနေတာလဲ "

မေ ရောက်လာပြီးပြောလိုက်ခြင်းဖြစ်သည်။

" ဘာမှမဟုတ်ပါဘူး နောက်ကျတယ်နော် မေ "

" ရှောင်ကျန့် ငါမေးစရာရှီလို့ "

"နင်ဘာမေးမှာလဲ ငါသိတယ် မမေးနဲ့တော့ အခုဘဲ ဝမ်နင်မေးတာ ငါဖြေနေရတယ် နင်လည်း ဝမ်နင် လိုမနေ့ကအကြောင်းမေးချင်နေတာ ငါသိတယ်

ကျွန်တော်တို့စကားပြောနေတုန်း
စာသင်နေတဲ့ဆရာရောက်လာတယ် သူတို့စိတ်ထဲမှာတော့ ဝမ်ရိပေါ်ဒီလောက်ဆိုးတာကို ကျွန်တော်သည်းခံနေလို့ အံသြမှူတွေဖြစ်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်
ရိပေါ်ကနောက်ကိုဒီထက်မက ကျွန်တော်ပေါ်ဆိုးလာလိမ်မယ်လို့ ကျွန်တော်ထင်ပါတယ် မနေ့က ကိစ္စကအသေးအဖွဲ့ဆိုးချင်မျှသာဖြစ်သည်။
ရိပေါ်ရဲ့ကလေးဆန်တဲ့ အဆိုးတွေကို ကျွန်တော်သည်းခံနိုင်ပေမဲ့ တခြားသူတွေက တော်တော်ဆိုးတဲ့လူဆိုးလေးလို့ မြင်မှာတော့ကြောက်ပါတယ် ဒါပေမဲ့သူကိုဒီအတိုင်းကြီး သွားဆုံးမဖို့တော့မဖြစ်နိုင်ဘူး ကျွန်တော်အပေါ် သူမုန်းသွားနိုင်တယ် သူရဲ့စိတ်ထားကိုသိပြီး သူနဲ့ ရင်းနှီးမှုရယူပြီးမှသာ ကျွန်တော်စကားကို နည်းနည်းနားဝင်နိုင်တဲ့ အချိန်ရောက်မှသာ သူကို လိမ်မ္မာအောင် သွန်သင်ဖို့ဖြစ်နိုင်မယ်။

May pov;

ကျွန်မ ရှောင်ကျန့်ကိုမနေ့က ကိစ္စအကြောင်းအစုံမေးချင်တာပါ ဒါပေမဲ့ ကျန့်လေးပုံစံကြည့်ရတာ မနေ့ကရောဒီနေ့ရော မနေ့က သူခံခဲ့ရတဲ့ကိစ္စကို မကျေမနပ်ဖြစ်ဟန်မတူပါ အဲ့ဒါကြောင့်မနေ့က သူနဲ့ပြသနာဖြစ်တဲ့ ကောင်လေးအကြောင်း စုံစမ်းတော့ သူနာမည်က ဝမ်ရိပေါ်အင်ဂျင်နီယာကျောင်းသား ယန်ကျင်းကုမ္မဏီရဲ့ တစ်ဦးတည်းသောသား ကျန့်လေးအမေယူလိုက်တဲ့ သူဌေးဖြစ်မှန်း ကျွန်မ သိလိုက်ပါတယ် ကျွန်မ ရှောင်ကျန့်နဲ့စခင်ကတည်းက ရှောင်ကျန့်ရဲ့မျက်နှာကို အရိပ်တကြည့်ကြည့်နဲ့ကြည့်နေသူပါ ကူညီတက်တဲ့
ရှောင်ကျန့်ရဲ့ကြင်နာမှုတွေကို ကျွန်မမြတ်နိုးတက်လာခဲ့တယ် ကျွန်မတို့သူငယ်ချင်းသုံးယောက်မှာ ကျွန်မကတစ်ဦးတည်း မိန်းကလေးမို့လို့
ရှောင်ကျန်​ြ နဲ့ ဝမ့်နင် ရဲ့ဦးစားပေးကြင်နာမှုကို ပိုရတက်ပါတယ် ကျွန်မရခဲ့တဲ့ ကျန့်လေးရဲ့ကြင်နာမှုတွေက မနေ့ကခပ်စွာစွာကောင်လေးကို အပြုံးမပြတ်ဘဲ ဖိနပ်ကြိုးချည်းပေးတဲ့ ကြင်နာမှုနဲ့စာရင် ဘာမှမဟုတ်တော့သလိုပါဘဲ ကျွန်မရင်ဘက်ထဲက အရမ်းအောင့်ပြီး အရမ်းနာကျင်ခံစားရတယ်။

မချစ်ဘူးမုန်းတယ်Where stories live. Discover now