Part 7

4.7K 379 8
                                    

မချစ်ဘူးမုန်းတယ်

Wang Yibo Pov;

     ရှောင်ကျန့်က အခုထိ ကျွန်တော်ပေါ်သည်းခံရှာပါတယ် ပါးပါးကသူမာမားနဲ့အတူရှီတဲ့အချိန်တိုင်း ရှောင်ကျန့် ဘယ်လောက်ကျွန်တော်ပေါ်သည်းခံလည်း ကျွန်တော်ဒေါသထွက်သည်။ ငယ်ငယ်ကတည်းက အမေဆုံးသွားတာမို့ ကျွန်တော်အဖေပေါ်တွယ်တာတဲ့ စိတ်က မတရားကြီးပါတယ် ကျွန်တော်ကျောင်းသွားတဲ့ အချိန် အဖေကိုနမ်းတာ ကျောင်းကပြန်လာတဲ့အချိန် အဖေကိုကြိုဆိုတာ နောက်ဆုံးရေချိုးတာက အစ အဖေနဲ့ချိုးရမှပျော်တက်သူဖြစ်တယ် အခုရှောင်ကျန့်တို့သားအမိရောက်လာမှဘဲ ကျွန်တော်နဲ့အဖေ အဲ့ဒါတွေမလုပ်ဖြစ်တော့ဘူး ကျွန်တော် အထီးကျန်သလိုခံစားနေရတယ် ကျွန်တော်ခံစားရလေ သူတို့သားအမိနှစ်ယောက် မျက်နှာကိုမကြည့်ချင်ပါ  အထီးကျန်မှုကို ပျောက်အောင်လည်း ရည်းစားထားချင်တဲ့ စိတ်ဖြစ်ပေါ်လာတယ် ခက်တာက ကျွန်တော်ကောင်မလေး တွေနဲ့ မရင်းနှီးသလို ကောင်မလေးတွေကိုချစ်တက်တဲ့ နှလုံးသားလည်းမရှီပေ အဲဒါကြောင့်
ဝူဘင်းပေါ်မှာဘဲ တွယ်တာစိတ်ကိုပိုထားလိုက်တယ် ဒါပေမဲ့ ဝူဘင်းဆိုတဲ့ကောင်ကလည်း ကျွန်တော်ဘဝအတွက် ယုံရမယ့်ကောင်ဖြစ်ပါမလား သူကျွန်တော်ကို ပါးစပ်ကထုတ်မပြောပေမဲ့
ရှောင်ကျန့်ပေါ်တော်တော်ခင်နေမှန်း
ကျွန်တော်သိပါတယ်

"ငါသူငယ်ချင်းလေးဘာတွေးနေတာလဲ"

နောက်ကနေ ကျွန်တော်ကျောကုန်းကိုရိုက်ပြီး
ဝူဘင်ူမေးလိုက်ခြင်းဖြစ်သည်

"တက္ကသိုလ်ရောက်ပြီလေ  ဒါပေမဲ့အခုထိရည်းစားမထားဖူးဘူး အဲ့ဒါရည်းစားတစ်ယောက်လောက်ထားမလားလို့တွေးနေတာ"

"မင်းကဘယ်သူကိုစိတ်ဝင်စားနေလို့လဲ
တွေ့ရောတွေ့ထားပြီလား မင်းစိတ်ဝင်စားတာ ယောက်ကျားလေးကိုလား မိန်းကလေးကိုလား "

"မင်းကတော့လုပ်ပြီ မိန်းကလေးကိုဘဲ စိတ်ဝင်စားမှာပေါ့ ငါ gay မှမဟုတ်တာ"

"ယောက်ကျားလေးတစ်ယောက်ကို စိတ်ဝင်စားတိုင်းလည်း gay မှမဟုတ်တာ ဝမ်လေး တစ်ခါတလေ ကိုယ့်စိတ်ဝင်စားတဲ့သူက သူမို့လိုကိုယ့်ချစ်တဲ့ အပြုအမှုတွေက သူဆီမှာဘဲရှီနေလို့ ချစ်ခြင်းချစ်နိုင်တာဘဲလေ ယောက်ကျားလေးမှ မိန်းကလေးမှခွဲခြားခြင်းမရှီဘဲ သူရဲ့ချစ်စနိုးအပြုအမှုတွေကို ချစ်နေနိုင်တာဘဲလေ "

မချစ်ဘူးမုန်းတယ်Where stories live. Discover now