Arc 4.2

15.6K 641 4
                                    


လင်းရှီဟာ သူတို့နောက် ခပ်မြန်မြန်လိုက်ကြည့်တယ်။ လီချန်းဟာ လုံရွှမ်ကို သူတို့အိမ်ကို သယ်သွားခဲ့တာဖြစ်တယ်။ သူ့ပထွေးဟာ ဒီလူဟာ အကြီးအကဲရဲ့ သားအကြီးဆုံးဘဲဆိုတာ ချက်ချင်းမှတ်မိသွားတယ်။ ဒါကြောင့် သူဟာ သူ့သားအရင်း လီချန်းနဲ့ ရွှယ်လုံ နီးစပ်ဖို့အတွက် အကြံဉာဏ်တွေထုတ်တော့တယ်။
လင်းရှီဟာ သူ့ပထွေးဘာလုပ်လုပ် ဂရုကိုစိုက်မှာ မဟုတ်ဘူး။ သူဟာ သူတို့နှစ်ယောက်ကို ပျော်ပျော်ကြီးတောင် တွဲပေးလိုက်ဦးမှာ။ သူတကယ်ဂရုစိုက်တာဆိုလို့ သူ့ချစ်သူဘဲရှိတယ်လေ။ သူ့ချစ်သူဟာ သူနဲ့ အနီးဆုံးမှာရှိတတ်တာကြောင့် မျိုးနွယ်စုက တစ်စုံတစ်ယောက်ဘဲလို့ တွေးမိလိုက်တယ်။ ဒါကြောင့်တစ်နေ့လုံး ခြေဦးတည့်ရာ တစ်ရွာလုံးလှည့်ပြီး သံသယရှိတဲ့သူတွေကို မှတ်ထားလိုက်တော့တယ်။
နေဝင်သွားတဲ့အခါမှ သူအိမ်ပြန်လာတယ်။ အဲ့အချိန်မှာ ရွှယ်လုံဟာ နိုးနေခဲ့ပြီး ကောင်လေးတစ်ယောက်က သူ့ဒဏ်ရာတွေကို ပတ်တီးစည်းပေးနေတာကို တွေ့လိုက်ရတယ်။ သူမမေ့မြောခင် တွေ့လိုက်ရတဲ့ ကောင်လေးက ချစ်ဖို့ကောင်းပြီး လှပနေတယ်။ ပြီးတော့ သူ့အင်္ကျီကို ချွတ်ပြီး သူ့ရင်ဘက်ကိုတောင်ကိုင်နေလိုက်သေးတယ်လေ။ ဒါပေမဲ့ သူ့ရဲ့ လက်ကို သူဆွဲလိုက်တဲ့အခါ သူ့ရဲ့ မျက်နှာကို အကန်ခံလိုက်ရတယ်...။

သူ့ကိုငါတားလိုက်တော့ သူငါ့ကို ဒေါသထွက်သွားတာနေမှာ.....။
(တလွဲတွေ တွေးနေတဲ့ ရွှယ်လုံ)

လီချန်းဟာ ဒီလိုနိုးလာနေပြီး သူ့အသားကိုထိနေလို့ ရှက်နေတာကိုမြင်လိုက်ရတယ်။ သူ့အဖေပြောတာ ဒီလူဟာ မျိုးနွယ်စုအကြီးအကဲရဲ့ သားအကြီးဆုံးဖြစ်ပြီး အာဏာလဲရှိတယ်။ လက်ထပ်ဖို့အတွက် ပြီးပြည့်စုံတဲ့လူဘဲ။
ဒါပေမဲ့ သူရဲ့ အသုံးအမကျတဲ့အစ်ကိုနဲ့ စေ့စပ်ထားတဲ့သူဖြစ်နေတယ်။ သူဟာသူ့အစ်ကိုကို အမြဲရွံရှာခဲ့တယ်။  သူရဲ့ အဖေ (ယောက်ျား) ဟာ သူ့အစ်ကိုအပေါ် အချစ်ပိုခဲ့ပြီး ဒီလို စင်းလုံးချောပြည့်စုံတဲ့ ယောက်ျားတစ်ယောက်နဲ့လဲ စေ့စပ်ပေးခဲ့သေးတယ်။ အချက်အပြုတ်နဲ့ အိမ်ထောင်မှုကိစ္စတွေ တောင်မလုပ်တတ်တဲ့ သူ့အစ်ကိုမှာ ဒီလို ကောင်းမွန်တဲ့အနာဂတ်ရှိနေတာကိုလဲ မုန်းတယ်။
"ကျွန်တော် ခင်ဗျားကိုတောထဲမှာ ဒဏ်ရာတွေနဲ့တွေ့လို့ ကယ်တင်လာခဲ့တာပါ" လီချန်းဟာ ရွှယ်လုံသူ့အပေါ် အကောင်းမြင်လာအောင် ကြိုးစားလိုက်တယ်။
ရွှယ်လုံဟာ ထထိုင်ဖို့ လုပ်လိုက်ပေမဲ့ သူ့ရဲ့ ဗိုက်ပေါ်က ဒဏ်ရာကို ပြန်ဖိမိသလိုဖြစ်ပြီး နာကျင်သွားတော့တယ်။
"အခုမလှုပ်ပါနဲ့ဦး။ ခင်ဗျားမှာ ဒဏ်ရာကြီးနဲ့ကို'' သူအဲ့လိုပြောပြီးပြီးချင်း သူ့အဖေ (ကော) ဟာ ဆန်ပြုတ်ခွက်လေးကိုင်ပြီး ရောက်လာတယ်။
"Oh! မင်းနိုးလာပြီဘဲ။ ငါ့ရဲ့သားပြောတာ မင်းရဲ့ဒဏ်ရာက သွေးထွက်များနေပြီးတော့ သူမင်းကိုလဲ ပတ်တီးစီးပေးထားသေးတယ်တဲ့..''
သူဟာ သူ့သားကို အကောင်းတွေပြောပေးပြီး သူ့ကို ဆန်ပြုတ်ပန်းကန်ပေးလိုက်တယ်။
လီချန်းဟာ သူ့ကို သူကိုယ်တိုင်တိုက်ဖို့ကြိုးစားလိုက်တယ်။ ဒါမှ သူ့ရဲ့ ကျူးရှာကျစ် ကိုလဲပြပြီးသားဖြစ်မှာ။
"ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်သွားမှဖြစ်မှာ...'' ဒီကောင်လေးရဲ့ မျက်လုံးလေးဟာ ကြည်လင်နေပေမဲ့ သူ့အဖေရဲ့ မျက်လုံးတွေက မကောင်းတဲ့အငွေ့အသက်တွေအပြည့်ဘဲ။
"Eh.... ခင်ဗျားဒဏ်ရာတွေရထားတယ်လေ'' လီချန်းဟာ သူ့ကို မထွက်သွားစေချင်ဘူး။
ရွှယ်လုံဟာ တံခါးဆီကို လျှောက်သွားတယ်။ ဒါပေမဲ့တစ်စုံတစ်ယောက်က တွန်းဖွင့်ပြီး ဝင်လာတယ်။ ဒီကောင်လေးဟာ တောထဲမှာတွေ့ခဲ့တဲ့သူဘဲ။ သူ့ရဲ့ ရင်ထဲမှာ ဒီကောင်လေးကို ဘဝတစ်ခုလုံးပုံပြီးတောင်ယုံတယ်။ ဒါကြောင့်သူဟာ အားနည်းသွားယောင်ဆောင်ပြီး သူ့အပေါ် လှဲချပစ်လိုက်တယ်။ လင်းရှီဟာ သူ့အပေါ်ရွှယ်လုံ လဲကျလာတော့ မတတ်နိုင်ဘူးပေါ့။ သူ့မှာရွေးချယ်စရာမရှိဘဲ လှမ်းဖမ်းရတော့တယ်။
လင်းရှီဟာ ရွှယ်လုံအိမ်မှာရှိနေတုန်းဆိုတာ သိပေမဲ့ သူ့အပေါ်လဲကျလာမယ်လို့ မမျှော်လင့်ထားဘူးလေ။ တကယ်တော့ သူဟာ.ရှောင်ပစ်လိုက်ချင်တယ်။ ဒါပေမဲ့သူ့အပေါ်ကြီးကို ကွက်တိလာကျနေတယ်လေ။
ဒီအဖေနဲ့ဒီသားဟာ ရွှယ်လုံကို အိမ်ထဲကမထွက်သွားစေချင်ပေမဲ့ ရှန်းရှစ်နဲ့လဲ မတွေ့စေချင်ဘူး။ လီချန်းဟာ ရွှယ်လုံကို လင်းရှီလက်ထဲကနေ ခပ်မြန်မြန်ဘဲဆွဲခေါ်သွားတော့တယ်။ လင်းရှီကလဲ ပျော်ပျော်ကြီး ပေးပစ်လိုက်တာပေါ့။ ရွှယ်လုံဟာ ဒီကောင်လေးဆီကနေ မထွက်သွားချင်ဘူး.ဒါပေမဲ့ သူအခုဟန်ဆောင်နေတာဆိုတော့ သူ့စိတ်ကြိုက်လုပ်မရလေဘူး။
"သူကဘယ်သူလဲ'' လင်းရှီဟာ မသိချင်ယောင်ဆောင်ပြီး သူ့ပထွေးကိုမေးလိုက်တယ်။
"လီချန်းကယ်ခဲ့တဲ့လူဘဲ'' သူ့ပထွေးဟာ သူဘယ်သူဆိုတာ ထုတ်မပြောပြဘူး။ လင်းရှိဟာ စိတ်ရှုပ်သွားသလို ပြုလုပ်ရင်း
"Oh! သူက ကျွန်တော့် သတို့သားလောင်းနဲ့တကယ်ကို ဆင်တယ်''
သူတို့ဟာ ရှော့ရသွားကြတယ်၊ ရှန်းရှစ်ဟာ ဆယ်နှစ်သားရွှယ်လုံကိုဘဲ မြင်ဖူးပြီး အခုမမြင်ရတာတောင် ဆယ်နှစ်နီးပါးကြာနေပြီကို မှတ်မိနေတယ်။ ရွှယ်လုံဟာ ရင်တွေခုန်လာတယ်။
ငါ့ရဲ့ သတို့သားလောင်း...???။ ရွှယ်လုံရဲ့မှတ်ဉာဏ်တွေဟာ ဝေဝါးနေတယ်။ သူ့ရဲ့ သတို့သားလောင်းဟာ ဘယ်လိုပုံစံလဲဆိုတာတောင်သူမမှတ်မိတော့ဘူး။ (ရွှယ်လုံက ၁၀နှစ်မှာ စစ်တိုက်ထွက်ခဲ့တယ်။ သူတို့ချင်းမတွေ့တာ ၁ဝနှစ်လောက်ဆိုတော့ အခု ရွှယ်လုံက ၂၀, လင်းရှီက ၁၆, ၆နှစ်သားလေးရှန်းရှစ်က အသက် ၂၀အရွယ် သူ့သတို့သားလောင်းကို မှတ်မိတော့ တကယ်ကို amazing ဖြစ်သွားမှာပေါ့ XD)
မူလ ရှန်းရှစ်ဟာဆိုလဲ သူ့သတို့သားကို လုံးဝမမှတ်မိခဲ့ပါဘူး။ ဒါပေမဲ့ လင်းရှီဟာ ဒီစေ့စပ်ပွဲကို ဖျက်ပစ်လိုက်ချင်လို့ပြောလိုက်တာသာ ဖြစ်တယ်။ သူဟာ ဒီလူကို လက်မှမထပ်ချင်ဘဲ ။ ဘယ်သူ့ကိုဖြစ်ဖြစ် ဝမ်းသာအဲလဲ ပေးပစ်မှာ။ လီချန်းကိုတောင်မှပေါ့၊ ဒါပေမဲ့ သူတို့သာ သူအတွေးတွေအကုန်လုံး ကြားခဲ့မယ်ဆို သူ့ခေါင်းကို ဖျတ်ရိုက်သွားတော့မှာ သေချာတယ်။
လင်းရှီဟာ သနားစဖွယ်လေးသရုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။
"အဖေ ကျွန်တော်က ရွှယ်လုံနဲ့ မသင့်တော်ဘူး။ ဒါကြောင့် ညီလေး က သူ့သတို့သားအဖြစ် ဟန်ဆောင်လိုက်ရင် အကောင်းဆုံးဘဲ''
လီချန်းနဲ့ သူ့ပထွေးဟာ သူ့စကားတွေကြားပြီး တုန်လှုပ်နေတယ်။
သူ့ပထွေးဟာ သူ့ကို စိတ်ပူသွားသလိုဟန်ဆောင်ရင်း
"ကလေးရယ် ဒီစေ့စပ်မှုက လူကြီးတွေက စီစဉ်ထားတာလေ။ ဒါကြောင့်မို့ အဖေတို့ လျစ်လျူရှုမရဘူး''
လင်းရှီက ပြန်ဖြေတယ်
" စိတ်မပူပါနဲ့ အဖေ..။ ကျွန်တော်တို့ မိဘတွေလဲ ဆုံးသွားကြပြီလေ။ ကျန်တဲ့သူတွေကလဲ ကျွန်တောနဲ့ သူ့ကို သဘောတူကြမှာမဟုတ်ဘူး။ လီချန်းက ပြီးပြည့်စုံတဲ့ကော တစ်ယောက်ဘဲ။ သူ့ရဲ့ ကျူးရှာကျစ် ကအနီရောင်တောက်နေတာဘဲ။ ဒါပေမဲ့ ကျွန်တော့ဟာကျတော့ အရမ်းဖျော့ပြီးမှိန်နေတယ်''
သူဟာ သူတို့ကို အပေါ်က ပေါင်ဒါသုတ်လိမ်းထားတဲ့ ကျူးရှာကျစ် ကိုပြလိုက်တယ်။ သူ့ပထွေးဟာ ပျော်လွန်းလို့ မျက်လုံး အရောင်လက်သွားတယ်။ သူ ဒီကောင်လေးကို ကျွေးခဲ့တဲ့အဆိပ်က အစွမ်းပြနေပြီဘဲ။ နှစ်တွေအကြာကြီး တိုက်ခဲ့ ပြီးအခုမှ တဖြည်းဖြည့် အရောင်မှိန်လာတာဘဲ..။
(ဘေဘီလင်းက အဆိပ်တောင်ဖြေပြီးသွားပြီ)
ဒီလို သိသိသာသာ အရောင်ကွဲနေမှတော့ လူတွေက သူ့သားကို ရွှယ်လုံရဲ့သတို့သားအဖြစ်မထိုက်ဘူးလို့ ဘယ်သူမှပြောရဲမှာမဟုတ် တော့ဘူး။
ရှန်းရှစ်ရဲ့ အနီရင့်ရောင် ကျူးရှာကျစ်ကို တွေ့ရတိုင်း သူ့ပထွေးဟာ သူ့ကို မျက်စိဆံပင်မွှေးစူးနေတယ်။ ပြီးတော့ လူတွေဟာ ရှန်းရှစ်နဲ့ သူ့သားကို အမြဲနှိုင်းယှဉ်ပြီးပြောခဲ့တယ်။ သူ့သားဟာ မွေးကတည်းက အရောင်အရမ်းကို မှိန်လွန်းတာကြောင့် သူ့ရဲ့ ယောက်ျားကိုယ်တိုင်ကတောင် ဒီအသုံးမဝင်တဲ့သားမျိုးမွေးလာလို့ သူ့ကို ဆူပူလိုက်သေးတယ်။
သူကိုယ်၌ကလည်းပြည့်စုံတဲ့ကောတစ်ယောက်။ သူလက်ထပ်တဲ့အချိန်တုန်းက သူ့ရဲ့ ကျူးရှာကျစ် ဟာ ရဲရဲနီနေတယ်။ လူတို်င်းကသူ့ကို ချီးကျူးကြပြီး သူ့ကို လက်ထပ်ခဲ့တဲ့ယောက်ျားကို ယောက်ျားတိုင်းသဝန်တိုခဲ့ရတယ်။ ဒါပေမဲ့နှစ်တွေကြာတော့ သူ့ရဲ့ဟာကလဲ အရောင်မှိန်လာတယ်။ လီချန်းကို မွေးပြီးတော့ လူတိုင်းကသူ့ကို ရယ်စရာလို ပြောဆိုလာကြတယ်။ ဒါကြောင့် သူ့ယောက်ျားသေဆုံးတော့ သူဟာ အကုန်လုံးကို လက်စားချေဖို့လုပ်တယ်။ သူမျက်စိနောက်တဲ့ ရှန်းရှစ်အပါအဝင်ပေါ့..။
ဒီကောင်လေးကို လူတိုင်းက အထင်ကြီးအားကျကြတယ်။ ပြီးပြည့်စုံတဲ့ကောတစ်ယောက်လို့ လူတိုင်းသတ်မှတ်ကြတယ်။ ကျူးရှာကျစ် အနီတောက်တောက်လဲပိုင်ဆိုင်ထားသေးတယ်။ သူ့ဆံနွယ်ရှည်လေးတွေဟာ သူခြေတစ်လှမ်းလှမ်းပြီးတိုင်း နူးနူးညံ့ညံ့ လေထဲလွင့်နေတယ်။ သူ့မျက်နှာသေးသေးလေးမှာ ကြီးမားပြီး ချယ်ရီသီးလေးလို လုံးဝန်းလှပတဲ့မျက်ဝန်းကလည်းရှိသေးတယ်။ ဒီကောင်လေး ငေးလိုက်တာနဲ့ အကြည့်ခံရတဲ့သူဟာ မျောပါသွားတော့တယ်။ သူ့ပထွေးက သူ့ရဲ့ ကျူးရှာကျစ် ကို အရောင်မှိန်အောင် လုပ်ခဲ့ပေမဲ့ သူဟာ လူတိုင်းကိုဖမ်းစားနိုင်ဆဲဘဲ..။
အကြီးအကဲရဲ့သားအကြီးဆုံးရွှယ်လုံ အနေနဲ့ သူ့ဆီမှာ အမွေဆက်ခံမဲ့ ကလေးရှိရမယ်။ ရှန်းရှီရဲ့ ကျူးရှာကျစ် ကအရောင်မှိန်နေတော့ ကလေးရဖို့ မသေချာဘူး။ ဒါကြောင့်လူတွေဟာ သူ့ကို ရွှယ်လုံနဲ့သဘောတူကြမှာမဟုတ်ဘူး။
ရွှယ်လုံဟာတကယ်တော့တစ်ချိန်လုံးနိုးနေခဲ့ ပြီး သူ့စိတ်ထဲရှန်းရှစ်ကလွဲပြီး ကျန်တဲ့သူအားလုံးကိုငြင်းဆိုပြီးသားဘဲ။
သူဟာ ဒီကောင်လေးက သူ့အပိုင်ဖြစ်ပြီး တစ်ခြားဘယ်သူမှမပိုင်ရဘူး လို့ ခံစားလိုက်ရတယ်။ ဒါပေမဲ့အခုသူဟန်ဆောင်နေတာဆိုတော့ ဘာမှဝင်ပါလို့မရသေးလေဘူး။
----------------------
ညသန်းခေါင်ယံမှာ ရွှယ်လုံဟာ သူ့မျက်လုံးကိုဖွင့်လိုက်တယ်။ သူရှန်းရှစ်ကို မသိပေမဲ့ သူ့ကိုယ်သူတော့သိတယ်။ သူဒီကောင်လေးကို လိုချင်တယ်၊ သူဟာ အဲ့ကောင်လေးရဲ့ အခန်းထဲ တိတ်တဆိတ်ဝင်လိုက်ပြီး ချစ်စရာကောင်လေးကိုကြည့်လိုက်တယ်။
ဘေဘီ ကိုယ်ပြန်လာခဲ့ပါ့မယ်....။
သူဟာ ခပ်မြန်မြန်အနမ်းပေးလိုက်ပြီး အိမ်ကနေထွက်ကာ တောအုပ်ထဲကို ပြန်သွားတော့တယ်။ သူ့ရဲ့ တပ်သားတွေဟာ သူတို့ရဲ့ တပ်မှူးချုပ်ပျောက်နေလို့ လိုက်ရှာနေကြတာ ဖြစ်တယ်။
"တပ်မှူးချုပ်'' သူ့ကိုလဲ သတိပြုမိတော့ တပ်သားတွေဟာ ချက်ချင်း အလေးပြုလိုက်ကြတယ်။
"တင်ပြပါ'' ရွှယ်လုံဟာ ပြောလိုက်တယ်။
"တပ်မှူးချုပ်ကို တိုက်ခိုက်တဲ့သူတွေဟာ တပ်မှူးချုပ်ရဲ့ ညီတွေထဲက တစ်ယောက်ပါ"
ရွှယ်လုံမျက်ဝန်းဟာ ကျဉ်းမြောင်းသွားတယ်။ သူ့ညီတွေ သူ့နေရာကို လိုချင်နေတာကို သူသိတယ်။ ဒါပေမဲ့ သူ့ကို ဒီလို လုပ်ကြံသတ်ဖြတ်မယ်လို့တော့ မထင်ထားဘူး။
တပ်သားဟာ ဆက်ပြောတယ်။ ''တပ်မှူးချုပ်ရဲ့ ဖခင်ဟာ ဒီဟာလေးကို သင့်အသက် ၂၀ ပြည့်တဲ့အခါ ပေးဖို့ အမိန့်ပေးခဲ့ပါတယ်"
ထိုလူဟာ ရွှယ်လုံကို စာအိတ်ကလေးပေးပြီး ထွက်သွားလိုက်တယ်။
"သား...သားဒီစာကို ဖတ်တဲ့အချိန်မှာ အဖေဟာ ဒီလောကမှာရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ရွှယ်မျိုးနွယ်ရဲ့ အကြီးအကဲတာဝန်ဟာ သင့်အပေါ် ကျရောက်လာလိမ့်မယ်။ ဒါပေမဲ့ သားရဲ့ညီတွေကို သတိထားပါ။ ပြီးတော့ အဖေပြောပြချင်တာက သားမှာ စေ့စပ်ထားတဲ့သူရှိတယ်။ သူက အဖေ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းရဲ့ သားဘဲ၊ သူမွေးမွေးချင်းမှာ သားနဲ့စေ့စပ်ပေးခဲ့တာ။ ဒါပေမဲ့ သားကတော့မှတ်မိမယ်မထင်ဘူး။ သူ့ကိုလဲ ကာကွယ်ရင်း ပြဿနာ တစ်စုံတစ်ရာဖြစ်မှာစိုးလို့ ဒီစာကို ရေးလိုက်တာပါ။ သားတို့နှစ်ယောက်မှာ ဆင်တူလက်စွပ်လေးရှိတယ်။ သားရဲ့ လက်စွပ်ကို ဆန်တွေထဲမှာဖွက်ထားပြီး တော့ သားသတို့သားရဲ့ လက်စွပ်ဟာ သူ့ကိုယ်ပေါ်မှာဘဲရှိလိမ့်မယ်။ သားဟာ ထက်မြက်တဲ့ ခေါင်းဆောင်နဲ့ နွေးထွေးတဲ့ ဖခင် ဖြစ်လာဖို့ အဖေမျှော်လင့်တယ်....''
ရွှယ်လုံဟာ စာကို ဖတ်ပြီးတော့ ''ဆန်တွေထဲမှာ'' ဆိုတဲ့ သူ့အဖေပြောတာကို ချက်ချင်းသဘောပေါက်လိုက်တယ်။ ဆန်တွေထဲမှာဆိုတာ သူတို့အိမ်က စားပွဲကို ဆိုလိုချင်းသားဖြစ်တယိ။ (စကားဝှက် သဘောမျိုးပေါ့) သူဟာ သူ့အိမ်ကို မြန်မြန်ပြန်ပြီးတော့ စားပွဲတွေအားလုံးကို ရှာတော့တယ်.။ ဒါပေမဲ့ အံဝှက်တွေမရှိဘူး။ ဒါနဲ့သူ့အိမ်ရဲ့ အိမ်အစေခံမှူးကို ခေါ်မေးတဲ့အခါ ဒီစားပွဲတွေက အသစ်တွေ ဖြစ်ကြောင်းဝန်ခံတယ်။
"ဒါဆို အဟောင်းတွေကကော'' သူဟာ စိတ်လှုပ်ရှားစွာမေးလိုက်တယ်။
"ကျွန်တော်တို့ အိမ်နီးချင်းတွေကို ပေးပစ်လိုက်တာပါ''
အိမ်ရဲ့ အစေခံမှူးဟာ သူ့သခင်က ဘာလို့ စားပွဲကို အာရုံစိုက်နေမှန်း မသိလေဘူး။ ရွှယ်လုံဟာ ရှန်းရှစ်ရဲ့ အိမ်က အနီးဆုံး ဖြစ်ကြောင်းရှာတွေ့လိုက်တယ်။
-----------------------------------TBC
3367 words
Thanks for reading my translation 🤗🤗

Their Eternal Love (Arc 4 Xian Shi ဘဝ)Where stories live. Discover now