Arc 4.4

6.5K 594 5
                                    


အဲ့ဒီရက်တွေမှာ လင်းရှီဟာ သူ့ချစ်သူကို မျိုးနွယ်စုထဲကို လိုက်ရှာနေဆဲဖြစ်တယ်။ သူဟာ သူ့ချစ်သူရဲ့ ပုံစံနဲ့ဆင်တဲ့သူတစ်ယောက်ကိုတွေ့တော့ သူ့နောက်ကလိုက်ပြီး စားသောက်ဆိုင်ထဲဝင်လာခဲ့တယ်။ သူဝင်လိုက်တဲ့အခါ သူ့လက်စွပ်က ပူလာတာကို ခံစားလိုက်ရတယ်။ လင်းရှီဟာ ဝေ့ဝဲရှာကြည့်တော့ လူတွေအများကြီးကိုတွေ့လိုက်ရတယ်။
ငါသူ့ကို ဘယ်လိုရှာရပါ့...။
လင်းရှိဟာ ချောမောတဲ့ယောက်ျားတစ်ယောက်ကို ထောင့်မှာမြင်လိုက်ရတယ်။ သူ့ဟာ သူတို့မျိုးနွယ်စုသင်္ကေတပါတဲ့ အင်္ကျီကိုဝတ်ထားတယ်။ ဒါပေမဲ့ သူ့မျက်နှာဟာ သူ့ချစ်သူနဲ့မတူဘဲ  အနည်းငယ် မိန်းမဆန်နေတယ်။ ဒါပေမဲ့ သူ့အဝတ်တွေအောက်မှာ ကြွက်သားတွေတော့ရှိနေနိုင်ပါတယ်လေ။ လင်းရှီရဲ့ မျက်လုံးဟာ အဲ့လူဆီဘဲရောက်နေပြီး ရွှယ်လုံဟာ အဲ့လူရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေမှန်း သူမသိလေဘူး။
ရွှယ်လုံဟာ လင်းရှီ ဆိုင်ထဲဝင်လာကတည်းက သူ့ကို မြင်တာဖြစ်လေတယ်၊ ဘာလို့လဲဆိုတော့ သူ့လက်စွပ်ကလဲ ပူလာခဲ့တယ်။ ဒါဟာ အချက်ပြတာဖြစ်နိုင်တယ်။ သူဟာ ဒီကောင်လေး သူ့အရှေ့ကို လျှောက်လာတာမြင်တော့ သူဟာ ကိုယ်ကို မတ်မတ်ပြင်ထိုင်ပြီး ကြည့်ဖျော်ရှုဖျော်ဖြစ်အောင် ပြင်လိုက်တယ်။ ဝမ်းနည်းစရာကောင်းစွာ ကောင်ငယ်လေးဟာ သူ့ကိုမကြည့်နေဘူး။ သူ့ညီကိုကြည့်နေတာဘဲ ဖြစ်လေတယ်။ လွန်ခဲ့တဲ့ရက် အနည်းငယ်က သူ့ကိုသတ်ဖို့ လုပ်တဲ့ သူ့ညီကို ကြည့်နေတာလေ...။
ရွှယ်လုံဟာ သူ့ညီတွေထဲက ဘယ်သူက တကယ်လုပ်လဲသူ သေချာမသိသေးဘူး။ ဒါကြောင့် လက်ဖက်ရည်သောက်ဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ဒီညီလေးဟာ သူ့ရဲ့ သတို့သားလောင်းလေးကို ဆွဲဆောင်သွားပြီ..။ ဒါကြောင့် သူလွယ်လွယ်လက်လျော့မှာ မဟုတ်ဘူး။
လင်းရှီဟာ ထိုလူကို တစ်ခုခုပြောမလို့ရှိသေးတယ်။ ရွှယ်လုံကပြောလာတယ်။
"ရှန်းရှစ် မင်းဒီမှာ ဘာလာလုပ်တာလဲ" လင်းရှီဟာ ဒီလူ့အရှေ့က ရွှယ်လုံကို မြင်ပြီး ရှော့ရသွားတယ်။
"Oh! ဒါဆိုမင်းက ရှန်းရှစ်ပေါ့။ အဖေက အမြဲတမ်း အိမ်ဘေးက ချစ်စရာကောင်းတဲ့ကောလေးအကြောင်း ပြောပြတယ်။ ကိုယ့်နာမည်က ရွှယ်ထောင် (Xue Tao) ပါ။ အရင်အကြီးအကဲရဲ့ ဒုတိယသားပါ။ အခုကြည့်ရတာ ကိုယ့်ရဲ့အကိုနဲ့ မင်းက သိနေပုံဘဲ"
လင်းရှီဟာရှက်သွားပြီး ချက်ချင်းမြန်မြန်ဘဲ ငြငိးပစ်လိုက်တယ်။ "မဟုတ်ပါဘူး၊ ကျွန်တော်သူ့ကို တကယ်မသိဘူး။ ကျွန်တော့ညီကသာ သူ့ကို တောထဲကနေကယ်ခဲ့တာပါ"
တကယ်လို့ သူသာ သူ့ရဲ့ ချစ်သူဆိုရင် လင်းရှီဟာ တခြားယောက်ျားတွေနဲ့ ဝေးဝေးနေတာ အကောင်းဆုံးဘဲလေ။
ရွှယ်လုံဟာ သူ့သတို့သားက သူတို့ရဲ့ ဆက်နွှယ်မှုကို ငြင်းတာမြင်တော့ မျက်နှာက မဲမှောင်သွားတယ်။ သူတို့နှစ်ယောက်ကြားမှာ ရှိတဲ့ အတားအဆီးဘယ်ဟာမဆို ဖယ်ပစ်လိုက်ချင်တယ်။ ရွှယ်ထောင်ဟာ သူ့အကိုဘာဖြစ်နေလဲသတိမပြုမိဘဲ လင်းရှိနဲ့ဆက်ကာ စကားပြောနေတော့တယ်။ ဒါပေမဲ့ ရွှယ်လုံက ဒီအခြေအနေကို ခွင့်ပြုမယ်ထင်နေပါသလား။ သူဟာ ချက်ချင်းဘဲ စကားပြောနေတာကို ဖျက်ပစ်ပြီး လင်းရှီကို ရှန်းရှစ်အိမ်ဆီ
ဆွဲခေါ်သွားတော့တယ်။
"လက်မထပ်ရသေးတဲ့ ကောတစ်ယောက်ဟာ အိမ်ပြန်နောက်မကျ သင့်ဘူး" ရွှယ်လုံဟာ လင်းရှီရဲ့ ခါးကနေ ဆွဲကာ သူ့ရဲ့ မှဲ့နီလေးဟာ သူပထမဆုံးတွေ့တဲ့အခါကနေကွဲ ကာ အရောင်မှိန်နေကြောင်း သတိထားမိလိုက်တယ်။ သူတောထဲမှာစတွေ့တော့ သူရဲ့ ကျူးရှာကျစ်ဟာ အနီရောင်တောက်တောက်လေးဆိုတာ သူသေချာမြင်လိုက်တယ်။ အခုက ပန်းရောင်ဖျော့ဖျော့လေးဖြစ်နေတယ်။
သူဟာ အဲ့ဒါကို ထိဖို့ကြိုးစားတော့၊ လင်းရှီဟာ သူ့လက်ထဲကရုန်းထွက်ပြီး သူ့ခါးကို သူ့အင်္ကျီနဲ့ ဖုံးအုပ်ပစ်လိုက်တယ်။
သူရဲ့ သံသယမျက်ဝန်းတွေကို လျစ်လျူရှုလိုက်ပြီး လင်းရှီဟာ ရွှယ်ထောင်ရဲ့အကြောင်းကို မေးတော့တယ်။
"ရွှယ်ထောင်အခု ဘယ်နှစ်နှစ်လဲ"
"သူဘာလုပ်ရတာကိုကြိုက်တတ်လဲ''
"သူဘာအစားအသောက်ကို နှစ်သက်တာလဲ"
သူ့ညီရဲ့ နာမည်တွေဘဲ ထပ်ခါထပ်ခါကြားရတဲ့အခါ ရွှယ်လုံနှလုံးသား လေးဟာ ကွဲကြေလုနီးပါးဖြစ်သွားတော့တယ်။
"မင်းမှာ စေ့စပ်ထားတဲ့သူရှိနေပြီးသားဘဲ မဟုတ်ဘူးလား" ရွှယ်လုံဟာ သူ့ကို သတိပေးလိုက်တယ်၊
လင်းရှီကြားတဲ့အခါမှာ ပြုံးလိုက်ပြီး
"မရှိဘူး။ ဒါပေမဲ့ ကျွန်တော်သိတာ ခင်ဗျားကတော့ ကျွန်တော့်ညီနဲ့ စေ့စပ်ထားတယ်ဆိုတာဘဲ" လင်းရှီဟာ အခု ရွှယ်လုံကို သူ့လမ်းက ဖယ်ရှားနိုင်တော့မှာမို့ စိတ်လှုပ်ရှားနေတယ်။
သို့ပေမဲ့လဲ ရွှယ်လုံဟာ သူ့သတို့သားလောင်းက သူ့ကို စေ့စပ်ထားတာကနေ ငြင်းလိုက်လို့ ဒေါသတွေအတုံးလိုက် အတစ်လိုက် ထွက်နေပါပြီ။ လင်းရှီဟာ သူ့ကိုအိမ်ခေါ်သွားပြီး လီချန်းနဲ့ တွဲပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ရွှယ်လုံဟာ သူ့နောက်ပနေ တရွတ်တိုက်ပါလာပြီး သူ့မျက်ဝန်းတွေဟာ အတွေးနေနဲ့ နက်မှောင်နေပါတယ်။
အိမ်ထဲဝင်လာတဲ့အခါမှာ လင်းရှီဟာ အိမ်ထဲဘယ်သူမှမရှိတာကို တွေ့လိုက်ရတယ်။
"အခု လီချန်းက အိမ်မှာမရှိဘူး။ ဒီတော့ ကျွန်တော် ခင်ဗျားကို သူ့အခန်းလိုက်ပြပါ့မယ်" လင်းရှီဟာ သပ်ရပ်ထဲ အခန်းတစ်ခုဆီလျှောက်သွားလိုက်တယ်။
"ဒီမှာပါ။ ခင်ဗျားသူ ပြန်မလာခင်ထိဒီမှာ ထိုင်စောင့်လို့ရပါတယ်" ပြီးတော့သူဟာ သူ့ကိုယ်ပိုင်အခန်းဆီပြန်လာပါတော့တယ်။ သူ့ချစ်သူကို ရှာတွေ့ပြီဆိုတော့ လင်းရှီဟာ စိတ်အားတက်ကြွစွာနဲ့ ရေချိုးနေပါတော့တယ်။
(လင်းရှီက ရွှယ်ထောင်ကို သူ့ချစ်သူလို့ ထင်သွားတာပါ။ poor ရွှယ်လုံ)
ဘေဘီ မင်းကိုယ့်ကို ဒီလို လုပ်လို့ဘယ်ရမလဲ...။
ရွှယ်လုံဟာ ရှန်းရှစ်ကလွဲပြီး ဘယ်သူ့ကိုမှ လက်မထပ်ဖို့ဆုံးဖြတ်ပြီးသွားပါပြီ။ သူဟာ ခိုးကြောင်ခိုးဝှက်နဲ့ ရှန်းရှစ်ရဲ့အခနိးကို ချဉ်းကပ်သွားပြီး အပြင်ကနေကောင်လေးကို ဝိုးတဝါး တွေ့လိုက်ရပါတယ်။
လင်းရှီဟာ ရွှယ်လုံသူ့တံခါးဝမှာ ရှိနေမှန်းမသိပါဘူး။
"Host...'' system ကတော့ သတိပြုမိပြီး သူ့host ကို တင်ပြဖို့လုပ်နေပါတယ်။
လင်းရှီ: ငါအခု အနားယူမလို့ မနှောင့်ယှက်ပါနဲ့.။
".......''system ဟာ တိတ်တိတ်ကလေးသာ နေလိုက်ရပါတော့တယ်။ သူဟာ ရေကို အတန်ကြာမှချိုးပြီးသွားတော့တယ်။ သူဟာ ပါးလွှာတဲ့ အဝတ်ကလေးကို ဝတ်ပြီး ထွက်လာခဲ့တယ်။
ရွှယ်လုံဟာ ဆံပင်တွေရေစိုနေဆဲ ကောင်လေးကို မြင်ပြီး မျက်ဝန်းတွေဟာ ကျယ်လာပါတော့တယ်။ ပါးလွှာတဲ့အဝတ်ကနေဖြတ်ပြီး ရှန်းရှစ်ရဲ့နို့နှစ်ရောင်အသားလေးကို မြင်ရတာနဲ့ သူ့အောက်က အငယ်ကောင်လေးဟာ ထောင်လာပါတော့တယ်။ သူ့မျက်ဝန်းတွေဟာ တောင့်တမှုတွေနဲ့ ပြည့်လာတော့တယ်။ သူဟာ ကောင်လေးကို ခုခံခွင့်မပေးဘဲ ဖက်ပစ်လိုက်တော့တယ်။
ပြီးတော့ဆွဲကာ နမ်းရှိုက်လိုက်ပါတော့တယ်။ လင်းရှီဟာ ဒေါသတွေထွက်ပြီး မျက်လုံးတွေ ကျယ်လာပါတော့တယ်။ ရွှယ်လုံဟာ ခနလေးဘဲ ပီတိဖြစ်လိုက်နိုင်ပါတယ် လင်းရှီဟာ သူ့ကို ဖျက်ရိုက်ပစ်လိုက်တယ်။ တကယ်ကို ပြင်းပြင်းထန်ထန်ရိုက်လိုက်တာပါ။
"ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူထင်နေတာလဲ" လင်းရှီရဲ့ မျက်ဝန်းတွေဟာ ဒေါသတွေနဲ့ ပြည့်နေပြီး အဲ့ဒါက ရွှယ်လုံရဲ့ နှလုံးသားလေးကို နာကျင်စေလေတယ်။
လင်းရှီဟာ သူ့နှုတ်ခမ်းကို သုတ်ပစ်လိုက်တယ်။ အဲ့အခါမှာ ရွှယ်လုံဟာ သူ့လက်ကို ဆွဲပြီး ပြောတယ်။
"ဘေဘီရယ် ကိုယ်က မင်းရဲ့သတို့သားပါ။ ကိုယ့်ကို ငြင်းမထုတ်ပါနဲ့" သူ့ရဲ့ ချစ်ရသူမျက်ဝန်းတွေက ရွံရှာ စက်ဆုတ်မှုကို ဖော်ပြနေတော့ ရွှယ်လုံဟာ စိတ်က ပုံမှန်မဟုတ်လေတော့ဘူး။
သူဟာ လက်စွပ်ကို ထုတ်လိုက်ပြီး ပြလိုက်တော့တယ်။ တကယ်လို့ ဒီကောင်လေးဟာ လက်မခံလဲ ဘာအရေးလဲ။ သူ့ကို ပျော်ပျော်ကြီး ဖမ်းချုပ်ပြီး ရွှယ်လုံဆိုတဲ့ လူတစ်ယောက်ထဲအပိုင်ဖြစ်အောင် လုပ်ပစ်မှာဘဲ။ သူဟာ ဒီလိုတွေးပြီး ရှန်းရှစ်ငြင်းမှာကို စောင့်နေလိုက်တယ်။ သူဟာ သူ့သတို့သားလေးကို ဘယ်မှာ ထားရမယ်ကအစ အကြံထုတ်ပြီးသွားလေပြီ။
လင်းရှီဟာ လက်စွပ်ကိုမြင်တော့ ရင်အခုန်မြန်သွားတော့တယ်။ သူ့မျက်ဝန်းတွေဟာ စိုစွတ်လာပြီး သူ့ချစ်သူရဲ့ လက်မောင်းထဲ ခုန်ဝင်ပစ်လိုက်တယ်။ သူ့ချစ်သူကို နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်လိုက်ပြီး ရွှယ်လုံလက်တွေဟာ အောက်ကို ရောက်လာခဲ့တယ်။ ဒါပေမဲ့ လင်းရှီဟာ တားလိုက်လေတယ်။
"နေပါဦး တောထဲမှာ တွေ့တုန်းက ဘာဖြစ်လို့ ခင်ဗျားဆီမှာ လက်စွပ်ကရှိမနေတာလဲ"
ရွှယ်လုံဟာ သူ့ချစ်သူလေးကို မချုပ်နှောင်လိုက်ရလို့ ဝမ်းနည်းနေတယ်။ ဒါပေမဲ့ သူ့ချစ်သူလေးက သူ့ကို လက်ခံလို့ အရမ်းတွေ ပျော်နေလေတယ်။
လင်းရှီကို ဖက်လိုက်ပြီး ရွှယ်လုံဟာ ပြန်ဖြေလိုက်လေတယ်။
"ကိုယ် ကိုယ့်အဖေဆီက စေ့စပ်ထားတယ်ဆိုတဲ့ စာကို မကြာသေးမှီကမှရခဲ့တာ။ ပြီးတော့ စေ့စပ်လက်စွပ်ကလဲ စားပွဲထဲဝှက်ထားတာကိုသိလိုက်ရတယ်။ ဒါပေမဲ့ အိမ်က အစေခံမှူးက စားပွဲတွေအားလုံးကို အသစ်လဲပစ်လိုက်ပြီး အဟောင်းတွေကို အိမ်နီးချင်းတွေကို ပေးလိုက်တယ်တဲ့လေ။ ကိုယ်ညစာလာစာတဲ့နေ့တုန်းကမှ ဒီအိမ်ကစားပွဲထဲမှာတွေ့ခဲ့တာ"
လင်းရှီဟာ ဘာမှမပြောနိုင်ခင်မှာဘဲ ရွှယ်လုံဟာ သူ့ကို နမ်းရှိုက်လိုက်ပြန်တော့တယ်။
ဒါပေမဲ့ သူတို့နှစ်ယောက်လုံးဟာ လီချန်းနဲ့ သူ့အဖေ ပြန်ရောက်လာပြီဆိုတာကို သတိမထားမိလိုက်လေဘူး။ သူတို့သားအဖဟာ သူတို့ပြောတာတွေကိုလဲ ကြားသွားကြတယ်။ လီချန်းဟာ လုံးဝကို လက်မခံနိုင်ပါဘူး။ ရွှယ်လုံဟာ ဒီအသုံးမကျတဲ့သူ့အကို ကိုကြိုက်လိမ့်မယ်လို့ သူလုံးဝမထင်ခဲ့ဘူးလေ။ သူ့အဖေဟာ ဒီကိစ္စကို သူကိုင်တွယ်လိုက်မယ်ဖြစ်ကြောင်း ပြောလိုက်လေတယ်။
----------------------
သူတို့ရဲ့ လက်ထပ်မှုကို မကြေငြာခင်မှာ ရွှယ်လုံဟာ သူ့ညီတွေနဲ့စာရင်းရှင်းပြီး အကြီးအကဲနေရာကို ယူမှဖြစ်မယ်လေ။ သူဟာ ရှန်းရှစ်ကို တခြားဘာပြဿနာမှမဖြစ်စေချင်ပါဘူး။
System ဟာ ဟိုသားအဖဘာတွေလုပ်နေသလဲဆိုတာ အစီရင်ခံပြီးနောက်မှာ သူ့Host ကသူ့ကို ချီးကျူးလေတယ်။
"ဒါhost က ပထမဆုံးချီးကျူးလိုက်တာဘဲ။ အရမ်းပျော်တာဘဲ"
System ဟာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေတယ်။
လင်းရှီဟာ အပြစ်ရှိတဲ့ပုံနဲ့ ပြုံးလိုက်ပြီး၊ ရွှယ်လုံကို သူ့ရဲ့ ခဲတစ်လုံးနဲု့ ငှက်နှစ်ကောင်လုံးကို သတ်မဲ့ အစီအစဉ်ကို ပြောပြလိုက်တယ်။
"ဘေဘီ မင်းလေးက သိပ်ကို ယုတ်မာတတ်တာဘဲ" နောက်ဆုံးတစ်ချက် အနမ်းပေးပြီးတော့ ရွှယ်လုံဟာ ပြတင်းပေါက်ကနေ ခုန်ဆင်းသွားတော့တယ်။
"ရှန်းရှစ် ညစာစားကြရအောင်''သူ့ပထွေးဟာ နူးညံ့တဲ့အသံနဲ့ခေါ်လိုက်တယ်။
မထိပြုံးပြုံးလိုက်ပြီး လင်းရှီးဟာ ဆင်းလာခဲ့တယ်။ ပြီးတော့ လီချန်းကမရှိကြောင်း သတိထားမိသွားတယ်။
"Oh! ညီလေးက မရှိဘူးဘဲ" လင်းရှီဟာ စိတ်ပူသလို မေးလိုက်တယ်။
"လီချန်းက စားပြီးသွားပြီ ။ ဒါကြောင့် အဖေတို့နှစ်ယောက်ဘဲကျန်တော့တာ" သူ့အဖေဟာ နွေးထွေးသလိုပြုံးပြရင်းပြောတယ်။
အဲ့အချိန်မှာ လီချန်းဟာ ရှန်းရှစ်အခန်းထဲ ခိုးဝင်ကာ လက်စွပ်ကိုရှာတော့တယ်။ သူဟာ သူ့အကို ဘယ်လောက်တုံးဆိုတာ သိလိုက်ရတယ်။ လက်စွပ်ကို ဒီအတိုင်း စားပွဲပေါ်ထားထားတာတဲ့။
System: ''Host လီချန်း လက်စွပ်ကို ယူသွားပါပြီ''
လင်းရှီ: သူငါးစာ ဟပ်သွားပြီဘဲ။
----------------------TBC
3010 words
Thanks for reading my translation 🤗🤗
အဟမ်း အစောကြီး update ပေးထားတယ်နော်
ကျွန်တော့်ရဲ့ မသေမသပ် ဘာသာပြန်လေးကိုလဲ reading list ထဲထည့်ပေးထားတဲ့ reader တွေကိုလဲ တကယ်ကျေးဇူးတင်ပါတယ်။ commentတွေ reply မပြန်ဖြစ်တာလဲ စိတ်မဆိုးကြပါနဲ့ဗျာ။ ကျွန်တော်က မချေတတ်ပါဘူး ဒါမဲ့ ဘာပြန်ရေးရမလဲကို မသိလို့ပါ 😌😌

Their Eternal Love (Arc 4 Xian Shi ဘဝ)Where stories live. Discover now