Arc 4.7 (unicode)

5.3K 215 0
                                    


ရွှယ်လုံဟာ သူ့နှလုံးသားလေး သက်တောင့်သက်သာမရှိလှတ့ဲ ရက်တွေကို အကြာကြီး ခံစားခ့ဲရတယ်။ သူ့မျက်လုံးတွေထဲမှာ သေးသွယ်ပြီး ပိန်ပါးတ့ဲပုံရိပ်လေးဟာ စိုးမိုးနေတယ်။ သူ့မှာတော့ ဒီကောင်လေးကို မကောင်းတ့ဲရန်ငြိုးတွေထားနေမိတာကို လုံးလုံးသည်းမခံနိုင်တော့ပါဘူး။ မျက်စိစပါးမွှေးစူးမိနေရာကနေ တပ်မက်လာမိတော့တယ်။ ဒါပေမ့ဲ သူ့ရဲ့တပ်မက်လာမှုကို သူ့နှလုံးရဲ့ တစ်ဖက်ကနေ ဖိနှိပ်လိုက်ပြန်တယ်။ သူဟာ အေးစက်မှုတွေနဲ့ မဖုံးလွှမ်းသွားခင် သူဟာဒီကောငိလေးကို နက်နက်ရှိုင်းရှိုင်းချစ်ကြောင်း ထုတ်ဖော်ပြလိုက်မိတ့ဲအတွက် သူ့အမြင်ဟာ တဖြည်းဖြည်းရှင်းလာတယ်။
သူဟာ သူ့အပေါ်တက်ခွနေတ့ဲကောင်လေးကို ပြန်သတိကပ်လာချိန်မှာ တွေ့လိုက်ရတယ်။ သူ့လက်ထဲမှာ ဓားတစ်ချောင်းလဲ ဆုပ်ကိုင်ထားလေတယ်။
သူ့ရဲ့ ငိုင်တိုင်တိုင်ဖြစ်နေတ့ဲ မျက်ဝန်းတွေအရ သူဘာတွေလုပ်နေလဲဆိုတာ သူ့ကိုယ်သူ သိပုံမရဘူး။ ရွှယ်လုံဟာ ကောင်လေးကိုကြည့်ပြီး သူဟာ အပြစ်ရှိသလိုခံစားလိုက်ရတယ်။ ရှန်းရှစ်သူ့အနားရောက်နေတာကို ရင်ထဲကမမုန်းနိုင်ဘူး။ အ့ဲအစား သဘောတောင်ကျနေသေးတယ်။ ဓားကို မြှောက်လိုက်တာကိုမြင်ပြီး သူ့ကိုသတ်ဖို့ လက်တကမ်း အလိုမှာဆိုတာကိုသိလိုက်တယ်။
ဒါပေမ့ဲ ရွှယ်လုံဟာ ခုခံတိုက်ခိုက်ဖို့ အစီအစဉ်မရှိလေဘူး။
သူဟာ ဘာကြောင့်လဲဆိုတာလဲ မသိဘူး။ သူဟာ ဒီကောင်လေးကျေနပ်သည်အထိ ဘာလုပ်လုပ်ခွင့်ပြုဖို့ ပြင်ဆင်ပြီးသား။ တကယ်လို့ သူ့ဘဝကို ဒီကောင်လေးလက်ထဲ ပေးရမယ်ဆိုရင်တောင်မှပေါ့။ ရွှယ်လုံဟာ ဒီချစ်စရာကောင်လေးကို ဆံချည်တစ်ပင်မျှတောင်ထိခိုက်စေချင်တာ မဟုတ်ဘူး။ သူ့ရဲ့ အရင်က အမုန်းတွေဟာ အချစ်တွေရဲ့ ဖိနှိပ်မှုကိုခံလိုက်ရတယ်။ ပြီးတော့ ဒီကောင်လေးကို ပိုပြီးနက်ရှိုင်းစွာ သံယောဇဉ်တွယ်လာပြီး ချစ်လာတယ်။
သူ့အတွေးမဆုံးသေးခင်မှာဘဲ သူ့မျက်နှာပေါ် မျက်ရည်တွေကျလာတာကို ခံစားမိလိုက်တယ်။ သူလက်ရှိကို ပြန်ရောက်လာတော့ ရွှယ်လုံဟာ မျက်ရည်ဥအကြီးကြီးတွေကျပြီး သူ့အပေါ်လောင်းချမတတ်ငိုနေတဲ့ ချစ်စရာကောင်လေးကိုတွေ့လိုက်ရတယ်။ သူဟာ လင်းရှီရဲ့ အငိုမျက်နှာလေးကိုတွေ့ပြီး သူ့ရင်တွေနာလာတယ်။ သူဟာ ကောင်လေးရဲ့ မျက်ဝန်းနားမှာ ကပ်ငြိနေဆဲ မျက်ရည်တွေကို သုတ်ပေးလိုက်တယ်။
"ဘေဘီ ဘာလို့ငိုနေရတာလဲကွာ..''
ရွှယ်လုံဟာ ချစ်ခင်မှုအပြည့်န့ဲမေးလိုက်တယ်။
ဓားကိုအဝေးကိုလွှင့်ပစ်လိုက်ပြီး လင်းရှီဟာ သူ့ချစ်သူကိုသူဘယ်လို သတ်ဖို့လုပ်ခ့ဲကြောင်းတွေးမိပြီး သူ့နှလုံးသားဟာ တစ်ဒိန်းဒိန်းခုန်နေတော့တယ်။ System သာသူ့ကို စိတ်လွတ်နေတဲ့အခြေအနေကနေ ရအောင်မပြောနိုင်ခ့ဲရင် သူတကယ် ရွှယ်လုံကို သတ်မိသွားတော့မှာ။
"ခင်..ခင်ဗျား ရူးနေလား။ ဘာလို့ကျွန်တော့ကိုမတားတာလဲ။ ကျွန်တော်က ခင်ဗျားကိုဓားန့ဲထိုးဖို့ လုပ်နေတာကို။ ''
လင်းရှီဟာသူ့စိတ်သူ မထိန်းချုပ်နိုင်ခ့ဲလို့ အလွန်တရာကို ဝမ်းနည်းနေလေတယ်။ ပြီးတော့ ရွှယ်လုံဟာ သူဘာလုပ်လုပ် ငြိမ်ခံနေမဲ့ပုံပေါ်နေတယ်။
"ဘေဘီရယ် ကိုယ်မင်းကိုဘယ်လိုလုပ် နာကျင်အောင်လုပ်ရမှာလဲ။ မင်းကကိုယ့်အတွက် တန်ဖိုးအကြီးဆုံးသူဘဲလေ''
ရွှယ်လုံဟာလင်းရှီကို သူ့ရင်ခွင်ထဲဆွဲထည့်လိုက်တယ်။ ပြီးတော့သူ့ချစ်သူလေး အငိုတိတ်သည်အထိ ကျောလေးကို ပွတ်ပြီးချော့နေတယ်။ သူ့အချစ်လေးငိုနေတာက သူ့ကိုရူးစေတယ်။ သူ့အချစ်လေး မပျော်တာက သူ့နှလုံးသားလေးကွဲကြေတော့မလိုဘဲ။
တကယ်လို့တစ်ယောက်ယောက်ကသာ သူ့အချစ်လေးကို ငိုအောင်လုပ်ခ့ဲမယ်ဆိုရင် သူတို့သေဖို့မတောင်းဆိုမချင်း တတိတိနှိပ်စက်ပစ်မှာ။ ဒါပေမဲ့ ငိုအောင်လုပ်တ့ဲသူက သူသာဖြစ်ခ့ဲမယ်ဆိုရင် ခွင့်လွှတ်မှုကိုရအောင် တောင်းပန်ရမယ်လေ။
မျက်ရည်တွေကိုအနမ်းလေးန့ဲ နှစ်သိမ့်ပေးပြီး လင်းရှီရဲ့နှုတ်ခမ်းလေးကို ခဏခဏ နမ်းနေမိတယ်။
"ဘေဘီ ဘာတွေဖြစ်ခ့ဲတယ်ဆိုတာ ရှင်းပြနိုင်မလား။ ဒါ ဘေဘီဖြစ်စေချင်တ့ဲ အစီအစဉ်ထဲကတစ်ခုလား" ရွှယ်လုံဟာ စိုးရိမ်စွာမေးလိုက်တယ်။
"ကျွန်တော် သူတို့ဆေးခပ်ဖို့ စီစဉ်နေတာကိုသိခ့ဲတယ်။ ဒါပေမ့ဲ ကျွန်တော် ခင်ဗျားကို မပြောပြမိဘူး"
ရွှယ်လုံဟာ ဒီကောင်လေးကို အပြစ်ပေးချင်လာတယ်။ ဒါပေမ့ဲလဲ မလုပ်ရက်ဘူး။ (နှုတ်ခမ်းန့ဲသာ နာနာရိုက်လိုက် 😂)
သူဟာ ကောင်လေးရဲ့ခါးကို ဖျစ်ညစ်လိုက်တယ်။
"Oh! ဘာလို့ကိုယ့်ကို မပြောပြတာလဲ"
လင်းရှီဟာ သူ့ခါးကို ရစ်ပတ်ထားတ့ဲလက်ကို ကိုင်လိုက်ရင်း
"ကျွန်တော်တို့က လီချန်းန့ဲ ရွှယ်ထောင်ကို အမှန်တကယ်ယုံအောင် လုပ်ဆောင်ရမယ်လေ။ သူတို့သာ သံသယဝင်သွားခ့ဲရင် ခင်ဗျား ကြိုးစားခ့ဲတာတွေက အလကားဖြစ်သွားလိမ့်မယ်။ ရွှယ်ထောင်က ခုထိ ခင်ဗျားကို ဆန့်ကျင်နေပြီး နလိန်းပိန်းတုန်းဖြစ်နေတုန်းဘဲ။ သူက အခုလောလောဆယ် ကျွန်တော်တို့ ဆေးမိနေတုန်းဘဲလို့ ထင်အုန်းမှာ ပြီးတော့ ကျွန်တော်တို့ တစ်ယောက်န့ဲတစ်ယောက် သတ်မှာကိုစောင့်နေမှာ။ အ့ဲတာမှ သူ့လက် သွေးမစွန်းမှာလေ။''
သူ့ရဲ့လက်ကို လင်းရှီက ဆွဲကိုင်ထားပေမဲ့ ရွှယ်လုံဟာလင်းရှီရဲ့ခါးလေးကိုဘဲ အာရုံစိုက်ပြီး ခံစားနေတယ်။

Their Eternal Love (Arc 4 Xian Shi ဘဝ)Where stories live. Discover now