Arc 4.5

6.2K 535 6
                                    


တခြားတစ်ဖက်မှာ ရွှယ်လုံဟာ အိမ်ကိုပြန်ပြီး သူ့ညီကို ရှာနေတယ်။ သူ့ညီ ရွှယ်ထောင်ဟာလဲ သူ့ကိုစောင့်နေလေတယ်။
"အကို ပြန်လာပြီဘဲ။ ကျွန်တော့မှာ သတင်းတစ်ချို့ရှိတယ်။ အကို့ကို လုပ်ကြံတဲ့တရားခံကို ကျွန်တော့တွေ့ထားတယ်။ ပြောရမှာတော့ ဝမ်းနည်းတယ်။ သူက ကျွန်တော်တို့ ညီအငယ်ဆုံးလေး ရွှယ်ယန် (Xue Yan) ဘဲ။ '' ရွှယ်ထောင်ဟာ မချိတင်ကဲပြောလိုက်တယ်။
ရွှယ်လုံဟာ သူသရုပ်ဆောင်နေတာကို လွယ်လွယ်ကူကူ သိလေတယ်။ ဒါပေမဲ့ သူပါရေလိုက်ငါးလိုက် အလိုက်သင့်နေပေးလိုက်တယ်။
"အငယ်ဆုံးညီလေး၊ သူငါ့ကို လုပ်ကြံမယ်လို့ ငါမထင်ထားခဲ့ဘူး''
ရွှယ်လုံဟာ သူ့ဒုတိယညီကိုကြည့်ပြီး ဟားတိုက်ရယ်ပစ်လိုက်ချင်တယ်။ သူ့ညီအငယ်ဆုံးလေးဟာ တကယ်တော့ သူနဲ့ အနီးကပ်ဆုံး လူလဲဟုတ်တယ်။ သူတို့ဖခင်သေဆုံးတော့ သူဟာ ဒီညီအငယ်ဆုံးလေးကို ကိုယ်တိုင် ပျိုးထောင်လာခဲ့ပြီး တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ယုံကြည်ကြတယ်။ ရွှယ်ယန်ဟာ သူနဲ့ခွဲနေရမယ်ဆိုတော့ မျက်ရည်တွေဝဲပြီး ကလေးလေးလို အင်္ကျီနဲ့တောင်မျက်ရည်တွေ သုတ်နေခဲ့သေးတာ..။ သူ့မျက်လုံးတွေဟာ သူ့အကိုကြီးနဲ့မခွဲချင်မှန်း သိသာနေတယ်။ ဒါကြောင်မို့ ရွှယ်လုံဟာ သူ့ညီငယ် ရွှယ်ယန်ကို သူနဲ့လိုက်ဖို့ ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါက သူ့အပေါ်လုံးဝမလွယ်ကူခဲ့ဘူး။ သူ့ညီလေးကို စစ်ရဲ့ ဘယ်လိုကြောက်စရာကောင်းကြောင်း သက်သေပြပြီးတော့ ရွှယ်ယန်ဟာ တကယ့်လက်တွေ့ဘဝဟာ ဘယ်လောက်တောင်ခက်ခဲကြောင်း သိလာခဲ့တော့တယ်။
ရွှယ်ယန်ဟာ ကလေးလေးလို မျက်နှာလေးရှိနေပေမဲ့ သူရဲ့ နှလုံးသားဟာအေးစက်တယ်။ တစ်စုံတစ်ယောက်ကိုလဲ အကြောင်းပြချက် မရှိဘဲ မယုံကြည်တတ်ဘူး။ ရွှယ်လုံဟာ ရွှယ်ယန်ကို သူငယ်ငယ်လေးကတည်းက ပျိုးထောင်ခဲ့တယ်။ သူ့ကိုကာကွယ်ပေးခဲ့တယ်။ ဒါကြောင့် ရွှယ်ယန်ဟာ သူ့ပုံစံအမှန်ကို ရွှယ်လုံဆီမှာသာ ဖွင့်ဟပြသလေတယ်။ ရွှယ်လုံအတွက် သူ့ကိုယ်သူ ယဇ်ပူဇော်ရမယ်ဆိုရင်တောင် နောက်ဆုတ်မဲ့ သူမျိုး မဟုတ်လေဘူး။
သူ့ဆီလာနေတဲ့ မြားကို ကြားကခံပြီး သူ့ကိုတွန်းထုတ်ခဲ့ဖူးတဲ့ညီငယ်ဟာ သူ့အတွက် အသက်စွန့်ဝံ့မှန်း သူသိခဲ့ရတယ်။ ဒါကြောင့် ရွှယ်ယန်ဟာ သူ့နောက်ကျောကို ဓားနဲ့ထိုးမဲ့သူမျိုးမဟုတ်ဘူးဆိုတာ သူသိနေတယ်။ ရွှယ်ထောင်ဟာ ဒါတွေကို လုံးဝမသိလေဘူး။ သူဟာစစ်ထွက်မတိုက်ဘဲ အိမ်မှာဘဲနေခဲ့တာကြောင့်ဖြစ်တယ်။ သူဟာ ရွှယ်ယန်ကို သူ့ရဲ့ ဓားစာခံ ဖြစ်စေချင်တယ်။ သူတို့ ညီအငယ်ဆုံးဟာ စစ်ပွဲတွေဖြစ်တော့ အဖြူစင်ဆုံးနဲ့ အန္တာရာယ်မရှိဆုံး လူတစ်ယောက်မို့ ဖြစ်တယ်။
"ညီလေး အကိုဆီမှာလဲ သတင်းကောင်းရှိတယ်။ အဖေက မင်းအတွက်လဲ စာတစ်စောင် ပေးခဲ့တယ်။ အကို နည်းနည်း ဖတ်ပြီးသွားပြီ။ အကို့လိုဘဲ မင်းမှာလဲ သတို့သားလောင်းရှိတယ်''
ရွှယ်လုံဟာ သူ့ညီ ရွှယ်ထောင်ကို စာတစ်စောင်ပေးလိုက်တယ်။
ရွှယ်ထောင်ဟာ စိတ်ရှုပ်သွားတယ်။ သူ့အဖေဟာ တစ်ခါမှ ဒီအကြောင်းတွေမပြောပြဖူးဘူး။ သူစစ်မထွက်ခင်အထိလေ..။ ရွှယ်ထောင်ဟာ စာကိုဖတ်ကြည့်ပြီး ရှော့ရနေတယ်။ သူနဲ့ သူ့သတို့သားလောင်းမှာလဲ ဆင်တူလက်စွပ်ရှိနေကြောင်း ပြောပြထားတာဖြစ်တယ်။ သူ့အဖေဟာ လက်စွပ်ကို သူ့အခန်းထဲ ဖွက်ထားခဲ့ ပြီး နောက်ဆုံးတော့ သူရှာတွေ့သွားတယိ။
ရွှယ်လုံဟာ ဒီမြင်ကွင်းကို စောင့်ကြည့်နေတာ ဖြစ်တယ်။ ပြီးတော့ သူ့ချစ်သူလေးရဲ့ နည်းဗျူဟာကို သဘောကျပြီး ပြုံးလိုက်မိတယ်။
နောက်နေ့မှာ လီချန်းဟာ ဘေးအိမ်ကို ခပ်မြန်မြန်သွားလိုက်တယ်။ သူဟာ ရွှယ်လုံကို သူ့ရဲ့ အသစ်ရထားတဲ့ ရတနာလေးကို ပြသချင်နေတယ်။ မထင်မှတ်ထားဘဲ သူဟာ ရွှယ်လုံကို လက်စွပ်ကိုပြသနေတဲ့အချိန်မှာ ရွှယ်လုံဟာ ရယ်မောလိုက်ပြီး သူ့ညီ ရွှယ်ထောင်ကို ခေါ်လိုက်တယ်။ သူတို့ဟာ ဆင်တူလက်စွပ်ကို မမြင်ခင်အထိ ရှုပ်ထွေးနေကြတယိ။
"ဂုဏ်ယူပါတယ်ကွာ..''
ရွှယ်လုံဟာ သူ့အခန်းထဲမှာ ပျော်ရွှင်နေလေတယ်။
ရွှယ်ထောင်ဟာ သူ့အပေါ်မှီခိုနေမဲ့ ကောတစ်ယောက်ကို အကြီးအကဲနေရာမရမချင်း မလိုချင်လေဘူး။ လီချန်းဟာ ဒီလက်စွပ်ကို ခိုးလိုက်လို့ အရင် အကြီးအကဲရဲ့ ဒုတိယသားနဲ့ စေ့စပ်ပြီးသားဖြစ်သွားမယ်လို့ မထင်ခဲ့လေဘူး။ ရွှယ်ထောင်ဟာ အဲ့နေရာကိုရဖို့ ဒုတိယနေရာမှာရှိပေမဲ့ သူဟာ ချောတယ်။ ဒါပေမဲ့သူ့အကို ရွှယ်လုံလိုတော့ လီချန်းကို ရင်မခုံစေဘူး။ လီချန်းဟာ ဒီစေ့စပ်မှုကို ချက်ချင်းလက်ခံတယ်။ ဒီလူဟာ ချမ်းသာပြီး အာဏာလဲရှိသေးတယ်လေ။
ရွှယ်လုံဟာ သူတို့နီးကပ်သွားအောင်တွေ့ပေးလိုက်တဲ့ သဘောသာ ဖြစ်တယ်။ သူ့ခန့်မှန်းချက်အရ ရွှယ်ထောင်ဟာ သူ့အစီအစဉ်ကို ကိုယ်တိုင်ဖော်ထုတ်မိမှာ အသေချာဘဲ။
"နားထောင်..။ ငါ သတို့သားလောင်းလဲ မလိုဘူး။ ငါ့ရဲ့ အစီအစဉ်က အကြီးအကဲနေရာကို.ယူဖို့ဘဲ။ ငါအပိုဝန်ထုပ်တွေကို မလိုချင်ဘူး'' ရွှယ်ထောင်ဟာ ရိုင်းပြစွာ စေ့စပ်ထားတာကို ငြင်းလိုက်တယ်။
"နေပါဦး ကျွန်တော်ခင်ဗျားကို ကူညီမယ်'' လီချန်းဟာ ဒီကောင်းမွန်တဲ့အခွင့်အရေးကို အလွဲချော် မခံနိုင်ဘူး။ သူဟာ ချမ်းသာမှုနဲ့ အာဏာကို အမြဲတမ်းလိုချင်ခဲ့တာ ဖြစ်တယ်။ သူ့အကို ရမဲ့အရာတွေ သူဘဲပိုင်ဆိုင်ရမယ်လို့ ယုံကြည်တယ်။ သူ့အဖေ(ကော) ဟာ သူနဲ့ပတ်သက်ပြီး နေ့တိုင်းခံစားနေရပြီး သူဟာလဲ မပြည့်စုံတဲ့ကောဖြစ်နေတဲ့အတွက် လူတိုင်းရဲ့ ပြက်ရယ်ပြုချင်းကို ခံခဲ့ရတာဖြစ်တယ်။
သူငယ်ငယ်တုန်းက သူ့အပေါ်ရွာသားတွေနဲ့ တခြားကောတွေကြည့်တဲ့ အကြည့်ကို နားမလည်ခဲ့ဘူး။ သူဟာ သူ့အကို အရာအားလုံးကို ရရှိနေတာကို သဘောမကျခဲ့ဘူး။ သူ့အကိုဟာ ပြည့်စုံပြီး တောက်ပတဲ့ ကျူးရှာကျစ် လဲရှိတယ်။ လှပမှုကလဲ ပြောစရာကိုမလိုဘူး။ သူဟာအမြဲတမ်း သူ့အကိုနဲ့ အနှိုင်းယှဉ်ခံခဲ့ရတယ်။ သူ့အကိုဟာ သူလိုချင်တဲ့ ဘယ်အရာမဆို ရခဲ့တာဖြစ်တယ်။
ရွှယ်ထောင်ဟာ လီချန်းကို မယုံသလိုကြည့်နေတယ်။
" ကျွန်တော့်အကို ရှန်းရှစ်က ခင်ဗျားအကို ရွှယ်လုံရဲ့ သတို့သားလောင်းဆိုတာ ကျွန်တော်သိတယ်။ တကယ်လို့ သူ့ကို အသုံးချနိုင်ရင် ခင်ဗျားအကိုကို အနိုင်ယူနိုင်ပြီ'' လီချနိးဟာ သူ့မျက်ဝန်းတွေထဲက မကောင်းဆိုးဝါးတစ်ကောင်လို ပုံစံမျိုးနဲ့ ပြောလိုက်တယ်။
သူဟာ ရွှယ်လုံကို သဘောကျပေမဲ့ ဒီလူဟာ သူ့အကိုကို ချစ်နေတာ သိသာနေတာဘဲ။ ဒါကြောင့်သူတို့ကို ခွဲဖို့ ခက်လိမ့်မယ်။ အဲ့ဒီအစား ရွှယ်ထောင်ကို ကူညီပြီး သူ့ကို လက်ထပ်ကာ အကျိုးအမြတ် ယူလိုက်တာကမှ ပို အကျိုးရှိလိမ့်မယ်။
လီချနိးဟာ.ဆက်ပြောတယ်။ ''ကျွန်တော် ရှန်းရှစ်ကို အချစ်ကနေ အမုန်းကို ပြောင်းလဲနိုင်တဲ့ အဆိပ်ခပ်ပေးနိုင်တယ်''
လီချန်းရဲ့ သေချာတဲ့ မျက်ဝန်းကို ကြည့်ပြီးတော့ ရွှယ်ထောင်ဟာ အကြီးအကဲနေရာရဖို့ ဒီကောင်လေးကို အသုံးချဖို့ ဆုံးဖြတ်လိုက်တယ်။
System ဟာ သူတို့စကားပြောနေတာကို record လုပ်ထားပြီး သစ္စာရှိစွာတင်ပြလေတယ်။ လင်းရှီဟာ ချက်ချင်း တစ်ဖက်အိမ်ကို သွားပြီးပြောပြကာ ရယ်မောနေလိုက်တော့တယ်။
------------------------
"ရှန်းရှစ် မင်းက ငါ့အကိုနဲ့ စေ့စပ်ထားမယ်လို့ကို ငါမထင်ထားခဲ့ဘူး" ရွှယ်ထောင်ဟာ ရင်းနှီးတဲ့လေသံနဲ့ပြောလိုက်တယ်။
ရွှယ်လုံနဲ့ ရှန်းရှစ်ရဲ့ လက်မှာ တူညီတဲ့လက်စွပ်ကို မြင်လိုက်တော့ လီချန်းဟာဒေါသထွက်သွားတယ်။ ဒါပေမဲ့ သူဟာ အပြုံးလေးကို ဆက်ဖန်တီးထားလေတယ်။
"သိပ်ဟုတ်တာပေါ့။ ငါ့ရဲ့သတို့သားလောင်းလေးက ဘယ်သူ့ကို လက်ထပ်မှာတဲ့လဲ'' ရွှယ်လုံဟာ သူ့လက်ကို လင်းရှီရဲ့ခါးမှာ ပိုင်စိုးပိုင်နင်း ကိုင်ထားလေတယ်။ ရွှယ်ထောင်ရယ်တဲ့အခါမှာ လင်းရှီဟာ အကူညီမဲ့ဟာ ခေါင်းညိမ့်နေရတော့တယ်။
" အချစ်လေး လက်ဖက်ရည်လေး သွားလုပ်လိုက်ပါလား။ '' ရွှယ်ထောင်ဟာ လီချန်းရဲ့ လက်ကို ကိုင်ပြီး ပြောလိုက်တယ်။
လင်းရှီဟာ show တစ်ခုကို ကြည့်နေရသလို ပြုံးနေလိုက်တယ်။ လီချန်းက မီးဖိုချောင်ထဲကနေ ပြန်လာကာ စားပွဲပေါ်မှာ လက်ဖက်ရည် လေးခွက်ကို ချထားလိုက်လေတယ်။ ရွှယ်ထောင်နဲ့ လီချန်းဟာ ရွှယ်လုံနဲ့ လင်းရှီ သောက်တာ သေချာလား ကြည့်လို့နေလေတယ်။ ရွှယ်လုံဟာ သံသယမရှိဘဲ တစ်ငုံသောက်လိုက်လေတယ်။ လင်းရှီဟာ အမြှုပ်တွေထနေကို မြင်လိုက်ပြီး လေနဲ့ပါလာတဲ့အနံ့ကို ရလိုက်တယ်။
အရင်ကမ္ဘာက အတွေ့အကြုံကြောင့်မို့ လင်းရှီရဲ့နှာခေါင်းဟာ အာရုံခံနိုင်စွမ်း မြင့်မားပြီး ဘာဆေးပင်တွေပါလဲ ဘယ်ဆေးပင်က အဆိပ်မျိုးလဲဆိုတာ အတတ်သိလေတယ်။ အဲ့အထဲမှာ ရှားပါးလွန်းပြီး အန္တရာယ်အနည်းငယ်ပေးတဲ့ ဆေးတော့ပါဝင်နေတယ်။ ဒီဟာက သူ့တို့ရဲ့ အမူအရာ အပြုအမူတွေပေါ်ကို သက်ရောက်စေမှာဖြစ်တယ်။ သူတို့ရဲ့ အချစ်ကနေ နက်ရှိုင်းတဲ့ အမုန်းအဖြစ် ပြောင်းနိုင်စွမ်းလဲရှိလေတယ်။
လင်းရှီဟာ သူ့ချစ်သူကို ဒီအကြောင်းတော့ ပြောပြမထားလေဘူး။ သူဟာ စာတစ်စောင် နဲ့ လက်စွပ်ကို systemကို လုပ်ခိုင်းခဲ့တယ်။ သူဟာ အဲ့ဒါကို သူ့စားပွဲပေါ်တင်ပြီး ရွှယ်လုံနဲ့စေ့စပ်ထားတဲ့ လက်စွပ်ဖြစ်ကြောင်း လီချန်းကို ထင်စေလိုက်တယ်။ သူ့ရဲ့ ညီဝမ်းကွဲဟာ အာဏာရူးနေတဲ့သူဆိုတော့ ရွှယ်ထောင်နဲ့ပေါင်းပြီး သူတို့ကို ဖျက်စီးဖို့စီစဉ်မှာ အသေချာဘဲ။
ဒါတွေကို သိထားပေမဲ့ လင်းရှီဟာ အဲ့အဆိပ်ကို သောက်ပြီး သူတို့နဲ့အတူ ပြဇာတ်ဝင်ကဖို့ဆုံးဖြတ်လိုက်လေတယ်။
System 1314: Host ကျွန်တော့မှာ ဖြေဆေးရှိတယ်။
လင်းရှီ: မလိုဘူး သူတို့ငါတို့လုံးဝ အဆိပ်မိနေကြောင်း ယုံမှဖြစ်မှာ။ တကယ်လို့ ငါ ရွှယ်လုံကို သတ်ဖို့ ကြိုးစားတဲ့ အချိန်မှာ အဲ့ဆေးကို ပေးပါ။
System 1314: နားလည်ပါပြီ။
ရွှယ်ထောင်ဟာ သူ့အကိုနဲ့ ရှန်းရှစ် သောက်လိုက်တာ သေချာတော့မှ ရလဒ်ကို ကြည့်ဖို့ စောင့်နေလိုက်တယ်။ ဒီဆေးဟာ သူတို့ရဲ့ အချစ်ကို အမုန်းအဖြစ် ပြောင်းလဲနိုင်လေတယ်။ အချစ်တွေဟာ နက်ရှိုင်းလေလေ အမုန်းတွေဟာ ပိုတိုးလေဘဲ။
ရွှယ်လုံဟာ ဆေးအစွမ်းကို အရင်ခံစားလာရပြီး သူ့အမြင်ဟာ ပြောင်းလဲလာတယ်။ ဒါဟာ သူ့ရင်ဘတ်ထဲက ထွက်ပေါ်လာတဲ့ ရုတ်တရက် ခံစားချက်သာဖြစ်တယ်။ အထင်သေးလာတဲ့ခံစားချက်နဲ့ ရန်ငြိုးရှိသလို ခံစားနေရမှုဟာ သူ့ဦးနှောက်ထဲက လာနေတယိ။ သူဟာ သူ့ဘေးက လူနဲ့ ပတ်သတ်ပြီး ခံစားချက်တွေဟာ ရှုပ်ထွေးလာတယ်။ သူဟာ ဒီကောင်လေးက သူ့သတို့သားလောင်းမှန်း သိတယ်။ သူချစ်သင့်တဲ့ လူတစ်ယောက်။ ဒါပေမဲ့ သူ့အပေါ် သဘောမကျမှုဟာ သားရဲတစ်ကောင်အလား သူ့ကို ထင်မှတ်နေစေတယ်။
ခင်ဗျားရဲ့ အေးစက်တဲ့ အကြည့်တွေက ကျွန်တော့နှလုံးသားကို ဖောက်နေသလိုဘဲ။ သူသွားတဲ့ ကမ္ဘာတိုင်း လိုက်ပါနေတဲ့ သူချစ်သူဟာ သူ့ကို ရွံရှာမုန်းတီးစွာကြည့်နေလေတယ်။ လင်းရှီဟာ ဆေးရဲ့ အစွမ်းသူ့ဆီ မသက်ရောက်ခင် တကယ်ကို ငိုချင်သွားတယ်။ ဆေးအစွမ်းဟာ တဖြည်းဖြည်းချင်း သက်ရောက်တာမဟုတ်လေဘူး။သူ့ကို တချက်ထဲနဲ့ ထိသွားစေတယ်။ အမုန်းတရားတွေ မနှစ်မြို့ခြင်းတွေက တစ်ချိန်တည်း ဖြစ်ပေါ်လာတော့တယ်။ သူ့မှာ သူ့ချစ်သူနဲ့ ပတ်သက်သမျှ အမှတ်တရတွေကို သိနေတယ်။ သူအဆိပ်မိနေတာကိုလဲ သိနေတယ်။ ဒါပေမဲ့ သူ့ရဲ့ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ဘူး။
ဒါကြောင့် ဒီချစ်လွန်းလှတဲ့ အတွဲဟာ ချက်ချင်းဘဲ ရန်လိုစိတ်တွေ ဖြစ်လာတော့တယ်။ သူတို့ မျက်လုံးတွေဟာ မလိုမုန်းတီးစိတ်တွေနဲ့ ပြည့်နှက်သွားပြီး ဘယ်သူမဆို သူတို့တွေ မုန်းနေကြတာ သိသိသာသာ မြင်နေရလေတယ်။ အခုသူတို့လက်ထဲမှာသာ လက်နက်တွေ ရှိနေခဲ့ရင် ထပြီး ထိုးသတ်တော့မှာ အသေချာလိုဘဲ။

Their Eternal Love (Arc 4 Xian Shi ဘဝ)Where stories live. Discover now