Part 2

4K 179 0
                                    

ကျွန်တော် သူ့ကိုမုန်းတယ် ဒီလောကကြီးမှာ တွယ်တာစရာမိသားစုဆိုလို့ ပါးပဲရှိတော့တာ
ခုတော့ ပါးကပါ ကျွန်တော့ကိုထားသွားခဲ့ပြီ
ခုလိုတွေဖြစ်တာ သူ့ကြောင့်

Yiboလည်း ငိုထားတဲ့အရှိန်နဲ့အိပ်ရေးပျက်ထားတဲ့အရှိန်တွေကြောင့် အိပ်ငိုက်သွားခဲ့သည်
ဒါမဲ့ လူတစ်ယောက် ကျွန်တော့ကိုကြည့်နေသလိုခံစားရသောကြောင့် လန့်နိုးလာခဲ့သည်
ကျွန်တော့ရှေ့တွင်ရှိနေတာ ဟိုလူ
ပါးကိုသတ်ခဲ့တဲ့သူ

"မင်းနာမည် Wang Yiboမလား ကိုယ့်နာမည်က Xiao Zhan"

"ခင်ဗျား ဘာလို့ ကျွန်တော့အဖေကိုသတ်ခဲ့တာလဲ"

"မင်းအဖေက သစ္စာဖောက်လေ အာ့ကြောင့်ငါသတ်ခဲ့တာ မင်းအဖေကိုငါမသတ်ရင် ငါရော ငါ့တပည့်ရောသေမှာ လူအများအတွက်နဲ့ ငါလူတစ်ယောက်ကိုစတေးလိုက်တာ
ဒါတွေထားပါ မင်းငါ့အိမ်လိုက်ခဲ့ရမယ် မင်းငါ့အတွက်အလုပ်လုပ်ပေးရမယ်"

"ဘာအတွက်နဲ့လုပ်ပေးရမှာလဲ မလုပ်ပေးနိုင်ဘူး"

"ဟား မလုပ်ပေးလို့မရဘူး မင်းအဖေအကြွေးတွေကျန်သေးတယ် မင်းဆပ်ရမယ် မဆပ်ရင်တော့ မင်းအဖေဝဋ်ကြွေးတွေခံရမယ်ထင်တယ်"
Yiboငိုင်သွားသည် သူပါးကိုအာ့လိုမဖြစ်စေချင်
နောက်တော့ Yiboလက်ခံလိုက်သည် သူXiao Zhanကို သတ်ရန်အခွင့်အရေးရဖို့ လက်ခံလိုက်သည်

XZလည်း Yiboကို သူ့အိမ်တွင်သာ ခေါ်ထားလိုက်သည်
XZတစ်ယောက် Yiboအကြောင်းစုံစမ်းရင်းသိရတာက တိုက်ရေးခိုက်ရေးကျွမ်းကျင်သည်တဲ့ ဂျူဒိုတွင်ကျောင်းရဲ့လက်ရွေးစင်တဲ့

"Yibo မင်းနက်ဖန်ကစပြီး သေနတ်ပစ်တာ သင်ရမယ်"

"ဒါပဲမလား"ဟုပြောပြီး Yiboအခန်းထဲဝင်သွားလိုက်သည်

ဒီနေ့ Yiboပထမဆုံးအလုပ်စလုပ်ရတဲ့နေ့
Yiboဘေးတွင် အခြားသူတွေလည်းပါလာခဲ့သည်
ပစ္စည်းလဲပြီး မကြာခင်တိုက်ခိုက်မှုစတင်လာတော့သည် Yiboတစ်ယောက် ပထမဆုံးကြုံဖူးတာကြောင့် လန့်ပြီးရပ်နေမိသည် ထိုအချိန်တွင် Yiboလက်မောင်းကိုသေနတ်မှန်သွားခဲ့သည်
ထိုအချိန်မှ အဖွဲ့ထဲကလူတွေက Yiboကိုသတိရပြီး လာခေါ်ကြသည်
တိုက်ရင်းခိုက်ရင်း Xiao Zhanတို့ဘက်က အနိုင်ရလေသည်

Beautiful Love(Zawgyi/Unicode)Donde viven las historias. Descúbrelo ahora