Part 11

4.7K 213 18
                                    

XZလည်း အိပ်ပျော်နေသော Yiboနဖူးလေးကို နမ်းလိုက်သည်
ပူနေသောအထိအတွေ့ကို ခံစားလိုက်ရတာကြောင့်

*ငယ်လေး ဖျားနေပြီပဲ အပြင်ပန်းကမာသလိုနဲ့ အရမ်းပျော့တဲ့ငယ်လေးပါလား
ဒါနဲ့ ငယ်လေးကို နှိုးပြီးအိမ်ပြန်ရမလား ဒါမှမဟုတ်မနှိုးဘဲနဲ့ ပွေ့ချီပြီးအိပ်ခေါ်ရမလား
အာ ငါဆိုသည်မှာလည်း လုပ်ငန်းကြီးတွေကို တစ်ခါတည်းနဲ့ဆုံးဖြတ်ချချက်နိုင်တယ် ခုမှပဲဘယ်လိုဆုံးဖြတ်ရမှန်းတောင် မသိတော့ဘူး
ဟူး ငယ်လေးရေ မင်းကြောင့်ကွာ*

XZတွေးနေရင်း သဘောကျစွာ ရယ်လိုက်မိသည်
သူရယ်တော့ ပုခုံးကအနည်းငယ်လှုပ်သွားတာကြောင့် Yiboလည်းနိုးလာသည်

"ငယ်လေး နိုးသွားတာလား ကိုယ်တောင်းပန်ပါတယ် ကိုယ်ပုခုံးလှုပ်သွားလို့"

"ရတယ် မလိုဘူး ပုခုံးငှားလို့ကျေးဇူးပဲ"

"ငှားတယ်လို့ပြောသရာမလိုပါဘူး ငယ်လေးရဲ့ ကိုယ့်ရဲ့အရာရာကို ငယ်လေးပိုင်ပြီးသားပါ"

"ကျွန်တော် ခင်ဗျားဆီကဘာမှမလိုချင်ဘူး"

"ကဲ အာ့တွေထားပါ ငယ်လေးဖျားနေတယ် အိမ်ပြန်ရအောင် ရှီးချန်ကောကိုဖုန်းဆက်လိုက်မယ်"

"မလိုပါဘူး ဆေးသောက်ရင်ရတယ် အပိုတွေမလုပ်နဲ့"
XZလည်း ဘာမှမပြောတော့ဘဲ အိမ်ကိုသာပြန်လာခဲ့သည် Yiboကိုလှည့်ကြည့်မိတော့ အဖျားရှိန်ကြောင့် မျက်နှာလေးတွေရဲနေသည်

*ကိုယ်တော့ တနေ့တနေ့ မင်းကိုပိုပိုချစ်လာလို့ ရူးတော့မယ်ထင်တယ် ဟင့်အင်း မဟုတ်ဘူး မင်းသာအနားမှာမရှိတော့ရင် ကိုယ်သေပါသွားမှာ ကိုယ်အရမ်းချစ်တာ ကိုယ့်အချစ်တွေကို မင်းမြင်အောင်ကြည့်ပြီး အမုန်းတရားကိုဖယ်ထုတ်ပေးလို့မရဘူးလား ငယ်လေးရယ်*

XZအိမ်ပြန်ရောက်တော့ Yiboကအိပ်ပျော်နေလေသည်
Yiboကိုပွေ့ချီပြီး အိမ်ပေါ်သို့ခေါ်လာခဲ့လိုက်သည်
XZလည်း Yiboအတွက်ဆန်ပြုတ်ပြုတ်ပေးရန် အောက်သို့ဆင်းလာခဲ့သည်

အိမ်ကအကူအဒေါ်ကြီးကို XZခေါ်လိုက်သည်
"ကျွန်တော်က အဒေါ်ကြီးကို ကိုယ့်အဒေါ်လိုပဲ ဆက်ဆံတာကို ဒေါ်ကြီးသိပါတယ် ဒေါ်ကြီးကလည်း ကျွန်တော့ကိုတူလေးလိုချစ်တာ ကျွန်တော်သိတယ်
ခုလည်းYiboလေးကို ဒေါ်ကြီးပဲ အရင်ထက်ပိုဂရုစိုက်ပြီး ပိုချစ်ပေးပါ ဒေါ်ကြီး"

You've reached the end of published parts.

⏰ Last updated: Nov 04, 2019 ⏰

Add this story to your Library to get notified about new parts!

Beautiful Love(Zawgyi/Unicode)Where stories live. Discover now