Part 3

2.7K 159 0
                                    

ရိပေါ်လည်း မနက်စာစားဖို့အောက်ဆင်းလာခဲ့သည်

"ငယ်လေး မင်းအတွက်မနက်စာပြင်ထားတယ် ဒီနေ့ကျောင်းမသွားနဲ့တော့နော် ကိုယ်အရေးကြီးကိစ္စနဲ့အပြင်ခဏသွားစရာရှိတယ်"

"ငယ်လေးလို့ခေါ်စရာမလိုဘူး ကျွန်တော်မိန်းမတစ်ယောက်မဟုတ်ဘူး ယောကျာ်း"

"ကဲပါကွာ မရစ်နဲ့တော့ ကိုယ်ကကိုယ့်ထက်အငယ်မို့လို့ ငယ်လေးခေါ်တာ "
XZပြောပြီး အိမ်ထဲကထွက်သွားသည်

ထိုအချိန် ရိပေါ်ဆီသို့ဖုန်းဝင်လာခဲ့သည်
"ရိပေါ် ကျောင်းမလာသေးဘူးလား ဒီနေ့ဧည့်သည်ဂျူဒိုဆရာနဲ့ သင်ပေးမှာ မင်းလာခဲ့ဦး ပြိုင်ပွဲကနီးနေပြီ"

"အေးအေး ငါအခုထွက်လာပြီ ယွီပင်း"
ရိပေါ်လည်း ကျောင်းသို့ထွက်လာခဲ့သည်
လက်ကဒဏ်ရာကြောင့်ရော လေ့ကျင့်ရေးကြောင့်ရော ရိပေါ်လူကတအားနုန်းပြီး ပြန်ဖျားချင်သလိုဖြစ်နေခဲ့သည်

XZလည်း အိမ်ပြန်ရောက်တော့ ရိပေါ်အခန်းဆီသို့သွားလိုက်သည် ရိပေါ်ကိုမတွေ့
"ငယ်လေး ငယ်လေး ဘယ်ရောက်နေလဲ"
တစ်အိမ်လုံးရှာပေမယ့် မတွေ့ ခြံထဲဆင်းရှာရန် အိမ်အပြင်သို့ထွက်လိုက်သောအခါ ကျောင်းဝတ်စုံနဲ့ရိပေါ်ကိုတွေ့လိုက်ရသည်
စိတ်ပူလို့ ကျောင်းမသွားပါနဲ့မှာထားတာကို ကျောင်းဝတ်စုံနဲ့တွေ့လိုက်သောကြောင့် XZတစ်ယောက်စိတ်တိုသွားသည်

ရိပေါ်လက်ကို ခပ်ကြမ်းကြမ်းဆွဲလာပြီး အိမ်ထဲရောက်တာနဲ့ ဆောင့်တွန်းချလိုက်သည် ရိပေါ်လည်းမထိန်းနိုင်ဘဲ နံရံနဲ့ဒဏ်ရာရထားသောလက်မောင်းနဲ့ ဆောင့်မိသွားသည်
ရိပေါ်လက်မောင်းနာကျင်မှုကြောင့် မျက်လုံးတွေပြာပြီး မျက်ရည်များပါဝဲတတ်လာသည် ဒဏ်ရာကလည်းသွေးပြန်ထွက်လာကြောင့် အင်္ကျီအဖြူမှာသွေးတွေစွန်းသွားသည်

XZလည်း သွေးတွေမြင်ခါမှ လန့်သွားပြီး ရိပေါ်အနားပြေးသွားပြီး လက်ကလေးကိုကိုင်လိုက်သည်

"ဖယ် ကျွန်တော့အသားလာမထိနဲ့"

"ကိုယ် ကိုယ်တောင်းပန်ပါတယ် ကိုယ်အရမ်းစိတ်ပူသွားလို့ပါ"

"စိတ်ပူစရာမလိုဘူး ကျွန်တော့ဘာသာကျွန်တော်စောင့်ရှောက်နိုင်တယ်"

Beautiful Love(Zawgyi/Unicode)Where stories live. Discover now