Part 4

2.2K 151 1
                                    

ညနေဘက် ရိပေါ်ကျောင်းဆင်းချိန်တွင် XZကျောင်းရှေ့မှာစောင့်နေလိုက်သည်
ရိပေါ်လည်း ယွီပင်းနဲ့အတူ ကျောင်းထဲမှထွက်လာခဲ့သည်
ယွီပင်းက ရိပေါ်နဖူးလေးကိုစမ်းလိုက်သည်

"မင်းကလည်းကွာ ငါက ကလေးလား"ရိပေါ်ပြန်ပြောပြီး ရယ်နေမိသည်

*ငယ်လေးရယ် မင်းပြုံးတာရယ်တာကို ကိုယ်တစ်ယောက်တည်းပဲပိုင်ချင်တယ် မင်းပြုံးတာရယ်တာလည်း ကိုယ်ကြောင့်ရယ်တာပဲဖြစ်စေချင်တယ် ကိုယ်လည်းမင်းနဲ့ပတ်သက်ပြီး အတ္တတွေကြီးတတ်နေပြီ*

XZကားပေါ်မှဆင်းပြီး ရိပေါ်တို့နားသွားလိုက်သည်
"ငယ်လေး အိမ်ပြန်မယ်"

"ငယ်လေးလို့ မခေါ်နဲ့လို့ ခင်ဗျားကိုပြောထားတယ်လေ"

"ကဲ မဆိုးနဲ့ကွာ ကိုယ်စိတ်မတိုချင်ဘူး"

"ယွီပင်း မင်းပြန်တော့လေ ငါလည်းပြန်တော့မယ်"
ယွီပင်းပြန်သွားပြီးနောက် ရိပေါ်လည်းအိမ်ပြန်ဖို့လုပ်လိုက်သည်
"ကျွန်တော် ခင်ဗျားနဲ့မလိုက်ဘူး"

"မလိုက်လို့မရဘူး ကိုယ့်အလုပ်တွေတောင်ဖျက်ပြီး မင်းကိုလာကြိုတာနော်"
XZလည်းပြောပြီး ရိပေါ်လက်ကိုဆွဲပြီး ကားပေါ်ကိုခေါ်လာခဲ့သည်
XZလည်း လက်ဆွဲပြီးခါမှ သတိထားမိသည် ဒီကောင်လေးကိုယ်တွေပူနေတာပဲ

"မင်းလေ့ကျင့်ရေးဆိုတာ မသွားလို့မရဘူးလား"

"မရဘူး ပြိုင်ပွဲကနီးနေပြီ"

"မင်းဒဏ်ရာပိုဆိုးလာလိမ့်မယ်"

"ကျွန်တော့ဒဏ်ရာပိုဆိုးလာတော့ ကျွန်တော်ခံရမှာလေ ခင်ဗျားခံရတာမို့လို့လား"

"မင်းကိုအလုပ်ခိုင်းစရာတွေရှိလို့ ပြောနေတာ"

"ခိုင်းစရာရှိတာခိုင်း ဒီဒဏ်ရာလေးနဲသေမသွားဘူး"

"ပြီးတာပဲ"
*ငယ်လေးရယ် မင်းတစ်ခုခုဖြစ်မှာစိုးရိမ်လွန်းလို့ ပြောနေတာလေ ခုတောင်မင်းဒဏ်ရာအရှိန်ကြောင့် ဖျားနေပြီလေ*
XZတွေးနေရင်း သူ့ကလေးမျက်နှာကိုကြည့်မိတော့ ဖျားတဲ့အရှိန်ကြောင့် မျက်နှာလေးရဲနေသည်
ရှီးချန်ဆီကို XZဖုန်းဆက်လိုက်သည်

Beautiful Love(Zawgyi/Unicode)Where stories live. Discover now