Part 10

2.6K 163 6
                                    

XZလည်း မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားလေသည်

နေရောင်ခြည်နုနုလေးက မျက်နှာပေါ်ကျရောက်လာသောအခါ Yiboနိုးလာခဲ့သည်
သူ့ကိုတင်းကျပ်နေအောင်ဖက်ထားသော XZမျက်နှာလေးကိုမော့ကြည့်လိုက်သည်
*ခင်ဗျားမျက်နှာလေးက ဒီလိုကျတော့လည်း အပြစ်ကင်းစင်လိုက်တာ
ကျွန်တော်တို့၂ယောက်က ဘာလို့ဒီလိုကံကြမ္မာမျိုးတွေနဲ့ လာဆုံရတာလဲဗျာ
ကျွန်တော်လေ ခင်ဗျားကိုစတွေ့တဲ့ညက ပြုံးနေတဲ့ခင်ဗျားကို ခဏခဏခိုးကြည့်ခဲ့ရတာ
ဒါပေမဲ့*

Yiboဆက်မတွေးချင်တော့ သူလူရောစိတ်ရောပါ ပင်ပန်းနေပြီလေ
XZကိုမုန်းရတာလည်း ပင်ပန်းနေပြီ
ချစ်နေပေမယ့် မချစ်ဟန်ဆောင်ရတာလည်း ပင်ပန်းနေပြီ
မဖြစ်သင့်ဘူးဆိုတဲ့အရာကြီးကိုပါတွေးမိရင် သူပင်ပန်းလွန်းလို့ လောကကြီးကနေ ခဏတာတောင်ပျောက်ကွယ်သွားချင်နေပြီ
သူတကယ်ကိုပင်ပန်းနေပြီလေ

*ခင်ဗျားကမှ ခင်ဗျားစိတ်ထဲရှိသလို ချစ်လို့ရသေးတယ်
ကျွန်တော်ကတော့ ခင်ဗျားကိုချစ်တဲ့စိတ်နဲ့မုန်းတဲ့စိတ်ကြားမှာ ကျွန်တော်တကယ်ကိုကြားညှပ်နေပြီ*
Yiboမျက်ရည်များကျနေခဲ့သည်

XZလည်းနိုးလာခါနီး Yiboလည်းအိပ်ချင်ယောင်ဆောင်လိုက်သည်
XZလည်းနိုးနိုးချင်း သူ့ရင်ခွင်ထဲကကောင်လေးကိုကြည့်ပြီ့း့ပြုံးလိုက်သည်
Yiboနဖူးလေးကို ညင်သာစွာနမ်းလိုက်ပြီး
"မနက်တိုင်းသာ ခုလိုနိုးထရရင် ကမ္ဘာပေါ်မှာ ကိုယ့်လောက်ကံကောင်းတဲသူ ရှိမှာမဟုတ်ဘူး
ကိုယ်ချစ်တဲ့သူက ကိုယ့်ရင်ခွင်ထဲမှာ အိပ်စက်နေတာ
ဟား ကိုယ်ပျော်လိုက်တာ"

XZလည်း အိပ်ယာပေါ်ကမထသေးဘဲ သူ့ရင်ခွင်ထဲကကောင်လေးကိုသာ ကြည့်နေလိုက်သည်
Yiboလည်း သူ့ကိုစိုက်ကြည့်နေတယ်လို့ ခံစားရတာကြောင့် ခုမှနိုးတဲ့ပုံစံမျိုးလုပ်လိုက်သည်
မလုပ်လို့လည်းမရ သူရင်တွေအရမ်းခုန်နေလေသည်
XZကြားသွားလို့မဖြစ်

"ငယ်လေး နိုးပြီလား မျက်နှာသစ် သွားတိုက်ကြမယ်
ကိုယ်ချီမယ်နော်"

"ရတယ် မလိုဘူး လမ်းလျှောက်နိုင်တယ်"
Yiboလည်းပြောပြီး မတ်တပ်အရပ် ခန္ဓာကိုယ်ကနာကျင်နေတာကြောင့် တစ်ချက်ယိုင်သွားသည်
XZလည်း အချိန်မီဖမ်းပြီး ကောက်ချီလိုက်သည်

Beautiful Love(Zawgyi/Unicode)Where stories live. Discover now