Part 5

2.2K 149 1
                                    

ရိပေါ် ကျောင်းသွားဖို့ အောက်ကိုဆင်းလာတော့ XZ
"ငယ်လေး မနက်စာလာစား ပြီးရင်ကျောင်းလိုက်ပို့မယ်"

"မနက်စာတော့စားမယ် ကျောင်းတော့လိုက်ပို့စရာမလိုပါဘူး"

"ကိုယ်စိတ်မတိုချင်ဘူး ကိုယ့်စကားနားထောင်"

"ဒါ ကျွန်တော့လွတ်လပ်ခွင့်"

"မင်းမှာလွတ်လပ်ခွင့်ဆိုတာမရှိဘူး မင်းကိုကိုယ်ပိုင်တာ မင်းပါးရဲ့အကြွေးတွေကြောင့် မင်းကိုကိုယ်သိမ်းထားတာလေ"
ရိပေါ်ဘာမှပြန်မပြောပဲ ငြိမ်နေမိသည်

*ကိုယ်တောင်းပန်ပါတယ် ငယ်လေးရယ် ကိုယ်မင်းကိုအာ့လိုတွေမပြောချင်ဘူး
ဒါမဲ့ အာ့လိုပြောမှလည်း ငယ်လေးကကိုယ့်စကားနားထောင်မှာလေ ကိုယ်မင်းကိုအကြွေးတွေကြောင့် သိမ်းခဲ့တာမဟုတ်ဘူး ကိုယ်မင်းကိုချစ်လွန်းလို့သိမ်းပိုက်ခဲ့တာ တစ်နေ့တော့ ငယ်လေးသိအောင် ကိုယ်ပြောပြမှာပါ*

"စားပြီးပြီ ကျောင်းသွားမယ်"

"နည်းနည်းလေးပဲစားတာလား မင်းမြန်မြန်ပြန်ကောင်းအောင် များများစားရမယ်လေ"

"ကျွန်တော်ဗိုက်ဝပြီ"
XZလည်း ပြောမရတဲ့အဆုံး ကျောင်းလိုက်ပို့လိုက်သည်
သူ့တပည့်တစ်ယောက်က ကားမောင်းပေးဖို့ ရှေ့ခန်းဝင်မလို့လုပ်စဉ်
"ရတယ် မင်းနေခဲ့ ငါကိုယ်တိုင်မောင်းပို့လိုက်မယ်"

ကျောင်းရှေ့ရောက်တော့ ယွီပင်းတစ်ယောက် ကျောင်းပေါက်ဝမှာစောင့်နေလေသည်
"ငယ်လေး ဒီနေ့လေ့ကျင့်ရေးမဆင်းနဲ့နော်"
ရိပေါ် ပြန်မပြောဘဲ ကားပေါ်ကဆင်းသွားသည်

ညနေကျောင်းဆင်းချိန်တွင် XZကျောင်းရှေ့မှာရပ်စောင့်နေလိုက်သည်
ဒါမဲ့ သူမသိလိုက်တာက သူ့နဲ့ပြိုင်ဘက်အဖွဲ့က သူ့ကိုစောင့်ကြည့်နေတယ်ဆိုတာ
ရိပေါ် ကျောင်းထဲကထွက်လာတော့ XZကကားတံခါးဖွင့်ပေးလိုက်သည်

"ရိပေါ် အဆင်ပြေလား"

"ပြေတယ်"

"နက်ဖန်ကျရင် မင်းကိုဂျူဒိုသင်ပေးမယ့်ဆရာ အိမ်လာလိမ့်မယ်"

"ဒီနေ့မလာဘူးလား ပြိုင်ပွဲနီးနေပြီ"

"ဒီတစ်ရက်တော့နားလိုက်"
ထိုအချိန် XZထံဖုန်းဝင်လာခဲ့သည်

Beautiful Love(Zawgyi/Unicode)Место, где живут истории. Откройте их для себя