Scene:2

6.1K 659 37
                                    

Xiao Zhan's point of view

Xiao zhanလက်ထဲကnotebookထဲမှသူ့ကိုယ်တိုင်ရေးထားတဲ့စာတွေကို
တစ်ချက်ဖတ်ကြည့်ကာပိတ်ရင်းသက်ပြင်းချလိုက်တယ်
တစ်ပတ်....
သူwang yiboနဲ့ရင်းနှီးခဲ့တာ တစ်ပတ်ရှိခဲ့ပြီ

ဒီကြားထဲမှာ ချော့မော့ပြီးသူ့အကြောင်းတွေမေးကြည့်တာကနေ
သူ့မှာအစ်ကိုတစ်ယောက်ရှိတဲ့အကြောင်း
ငယ်ငယ်ထဲက nannyတွေနဲ့သာနေခဲ့ရကြောင်း
သူ တစ်အိမ်လုံးကို
သတ်ပစ်လိုက်သည်မှာအမှန်ဖြစ်ကြောင်း..တို့ကလွဲရင်ဘာမှထပ်မသိရသေး

အများစုမှာ..သူ့မိသားစုကသူ့ကိုလျစ်လျူရှုထားသည့်အကြောင်းများပင်ဖြစ်သည်

တစ်ကြိမ်တစ်ခါမှ မရရှိဖူးတဲ့မေတ္တာငတ်မွတ်နေတဲ့ကလေးဆိုတာတော့
xiao zhanနားလည်ပါသည်။

"အဲ့ဒါဆိုyibo...အဲ..ကလေး"

တစ်ခုထပ်သိရတာရှိသေးတယ်
ဒီကောင်လေးဟာ..သူ့ကိုနာမည်ကိုခေါ်တာမကြိုက်ချေ
သူပြောထားတဲ့နာမ်စားသာ သုံးပေးရသည်

အခုလည်း နာမည်လေးဘဲခေါ်မိရုံရှိသေး
စူးခနဲ ကြည့်လာတဲ့မျက်လုံးလေးတွေကြောင့် အမြန်ပြန်ပြင်ရလေရဲ့

ဒီကလေးဟာ xiao zhanကိုဆက်ဆံပုံက သူများတွေကိုဆက်ဆံပုံနှင့်မတူ
သူလိုချင်တာလေး ဂျီကျတာကလွဲ တစ်ကယ်ကိုချစ်ဖို့ကောင်းတဲ့ အသွင်အပြင်နှင့်သာ
xiao zhanရှေ့တွင်အမြဲနေသည်

ကြာလာတော့ သူတောင် ဒီကောင်လေးဟာစိတ်ရောဂါဝေဒနာရှင်ဆိုတာ မေ့ချင်ချင်ပင်...

"ကလေး....geမေးတာကိုဖြေပေးမလား"

"မေးကြည့်လေ ကိုကို..."

ကိုကိုတဲ့...xiao zhanအတွက်သူကိုယ်တိုင်လိုလိုလားလားနဲ့ခေါ်တဲ့နာမ်စားလေး
သူ့မှာတော့ ကြားရတိုင်းအသားမကျနိုင်သေး
ကြည်နူးရမလိုလို စိတ်ညစ်ရမလိုလိုဘဲ
အခုလည်း ပြောမယ့်စကားတွေတောင်ပျောက်တယ် တစ်ကယ်

"ဟို....ကလေး မိသားစုကိုဘာလို့သတ်လိုက်တာလဲ?"

ဒါဟာ သူတစ်လျှောက်လုံးသိချင်နေတဲ့မေးခွန်း
တစ်ပတ်တာရင်းနှီးမှုအရ ဖြူစင်လွန်းတယ်လို့ ထင်ရတဲ့ကလေးဟာ
ဒီလို စက်ဆုပ်ဖွယ်ပြစ်မှုနှင့်လုံးဝမထိုက်တန်တာပင်ဖြစ်သည်

The Psychopath Where stories live. Discover now