Scene:3

5.4K 605 42
                                    


Xiao Zhan's point of view

"Xiao zhan!ဟဲ့ xiao zhan"

"ဟမ်...အင်း?"

"ဒုက္ခပါဘဲ နင်နေမကောင်းဘူးလား?"

ပြောပြောဆိုဆိုနဖူးပေါ်ရောက်လာတဲ့ ရှင်းလီလက်

သူကြောက်နေတာ...
မနေ့က အဖြစ်အပျက်တွေအပြီးမှာ
သူ အဲ့အခန်းထဲပြန်ဝင်ရမှာ စိုးရိမ်လာပြီ
အချိန်တွေဟာ တစ်ဖြည်းဖြည်းကုန်လာတယ်
သူ ကလေးဆီသွားဖို့ ဒီထက်နောက်ကျနေလို့မရတော့

"ကိုယ်လည်းမပူဘဲနဲ့ အိမ်ပြန်နားမလား?"

စိတ်ရှိတိုင်းသာဆို ချက်ချင်း "အင်း" ဟု
ခေါင်းငြိမ့်လိုက်ချင်ပေမယ့်..

"ကိုကို မနက်ဖြန်မလာရင်ကျွန်တော်ကိုယ့်ကိုကိုယ်
တစ်ခုခုလုပ်ပစ်မှာနော်"

မနေ့က xiao zhanအခန်းထဲက မထွက်လာမီသူပြောလိုက်တဲ့စကား...
နားထဲကြားယောင်လာတဲ့အသံလေးကြောင့် ခေါင်းခါယမ်းလိုက်မိတော့
ရှင်းလီကိုပါ တစ်ခါတည်းငြင်းပြီးသား ဖြစ်သွားတယ်

"အင်း အင်း မပြန်ရင်လည်း ဆေးဘဲဖြစ်ဖြစ်သောက်လိုက်ဦး"

သူခေါင်းငြိမ့်ပြလိုက်တော့ လက်ထဲက သူဖတ်နေဆဲ စာရွက်တွေဆီအာရုံပြန်ရောက်သွားတယ်

စာငုံ့ဖတ်နေတဲ့ ရှင်းလီရဲ့ မျက်တောင်လေးတွေက မျက်တောင်ကော့ဆေးကြောင့် ကော့ညွှတ်နေကြသည်
ဒါပေမယ့် ကလေးမျက်တောင်တွေက ပိုလှတယ်

ရှင်းလီရဲ့ ဖြူဖွေးနေတဲ့ မျက်နှာလေးကလည်းလှသည်
ဒါပေမယ့်ကလေးကို မမှီဘူး

နှုတ်ခမ်းနီ ပန်းနုရောင်လေးဆိုးထားတဲ့ ရှင်းလီနှုတ်ခမ်းတွေက သေသပ်ပြီးလှပြန်သည်
ဒါပေမယ့် ဆိုးဆေးမကူတဲ့ နှုတ်ခမ်းပါးလေးက..

ဘုရားရေ!!!
သူအခု ဘာတွေ တွေးနေတာလဲ
ကိုယ့်ကိုကိုယ်မသိလိုက်ခင်မှာတင်ရှင်းလီနဲ့ကလေးကိုလိုက်ယှဉ်နေမိတာ...

တစ်ကယ်ဆို ရှင်းလီကမိန်းကလေး လေ။သူရှင်း ကိုဘဲရင်ခုန်သင့်တယ်လေ

ဒါပေမယ့် ဒါပေမယ့်..သူဘာမှမခံစားရဘူး

Xiao zhanရေ တစ်ခါအနမ်းခံရပြီး gayသွားပြီလားဟ

The Psychopath Waar verhalen tot leven komen. Ontdek het nu