Scene:14

6K 547 40
                                    

Xiao zhan's part of view

"နောက်ပိုင်းကိစ္စတွေကတော့....ကိုကိုသိတယ်မလား"

သူ့စကားအဆုံးသတ်မှာ မျက်ရည်ကျရတာxiao zhanဘဲ

အဲ့လိုစိတ်ဒဏ်ရာမျိုးနဲ့ xiao zhanကိုဘယ်လိုများလက်ခံပေးနိုင်ခဲ့လဲ
ကလေးဘယ်လောက်ကြောက်နေရှာမလဲလေ

ကုတင်ပေါ်မှာခြေဆင်းထိုင်နေတဲ့
xiao zhanကyiboကိုရင်ခွင်ထဲပိုလို့ပွေ့ပိုက်လိုက်မိတယ်
ခန္ဓာကိုယ်လေးကို အသာလေးဆွဲလှည့်လို့ပေါင်ပေါ်ထိုင်ခိုင်းလိုက်သည်

"ကိုယ်မှားတယ် ကိုယ်အရမ်းမှားသွားတာ ကလေးအပေါ်ဘယ်လိုစိတ်နဲ့များ ကိုယ်အဲ့လိုလုပ်ရက်ခဲ့ရတာလဲ"

"ဟင့်အင်း ကျွန်တော်ဘာမှမဖြစ်ပါဘူး ကိုကို့အပြစ်လည်းမဟုတ်ပါဘူး သူကဆေးခပ်သွားတာကို ဘယ်လိုဖြစ်ဖြစ်အခုတော့ ကျွန်တော် ကိုကို့ရင်ခွင်ထဲရောက်နေတယ်မလား ဟီး"

သူစိတ်သက်သာရာရအောင် ရယ်ပြနေသေးသည်
အသည်းယားလို့ ပါးဖောင်းဖောင်းလေးကိုမနာအောင်ဖိညှစ်လိုက်တယ်

"ကိုယ့်အပေါ်တအားမနစ်ဝင်ပါနဲ့ကလေးရယ်"

yiboကဘာမှမပြောဘူး ဒီအတိုင်းလေးဘဲ သူ့ကိုငေးရင်းပြုံးနေတော့တာ

"အခုရော ကိုယ့်ကိုကြောက်နေသေးလား "

ဖက်ထားတဲ့လက်တွေကိုလျှော့ပေးရင်းမေးတော့ ကလေးကအလွှတ်မခံ အတင်းကိုရင်ခွင်ထဲတိုးပြီးဖက်ထားတော့တယ်

"ကိုကိုဆိုရင် ဘာမှမဖြစ်ဘူး ကျွန်တော်.....ချစ်တဲ့သူမို့လို့"

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

"ကလေးရေ ခဏလွှတ်ဦးလေ"

"ဟင့်..အင်း"

ဟင်းချက်နေတာကိုအနောက်ကနေအတင်းလိုက်ဖက်ပြီးကျောပြင်ကိုသူ့ခေါင်းနဲ့ထိထားသေးသည်
ဘယ်လို ကလေးမှန်းကိုမသိ

အင်း ဒီအတောအတွင်းကလေးဝယ်လာတဲ့ဟင်းတွေက မဆိုးလှပေမယ့် နောက်ဆုံးတော့သူဘဲဝင်ချက်ရတာပေါ့ နေပါဦး...

"ကလေး တစ်ယောက်ထဲမြို့ထဲသွားနေတာလား ဒီအိမ်ကရောဘာလဲ ကလေးအရင်နေတဲ့အိမ်မဟုတ်ဘူးလား"

The Psychopath Where stories live. Discover now