Scene:11

5K 501 13
                                    

Warning:A little bit smut scene...just a little bit.But,let me warn you.If you don't want this kind of character,don't read.

Xiao zhan's part of view

သိသိသာသာ ခံစားနေရတဲ့ ခေါင်းကနာကျင်မှုနဲ့အတူ
ခြေသံတစ်လျှပ်လျှပ်က နီးလာလိုက် ဝေးသွားလိုက်

"အဟွတ်..အ..."

အလုံးအရင်းနဲ့ ရှူလိုက်မိတဲ့ ဖုန်မှုန့်တွေကြောင့် ချောင်ဆိုးလိုက်တော့ ခေါင်းက ဆစ်ခနဲ

"Umm..နိုးပြီလား ကိုကို?"

သွေးအနည်းငယ်နှင့် စေးကပ်နေသော သူ့မျက်လုံးတွေကို ဖွင့်ဖို့
အတော်ကြိုးစားလိုက်ရသည်

ခပ်လှမ်းလှမ်းက သူ့ကိုကျောပေးထားတဲ့ လူတစ်ယောက်..

"မင်း...wang yibo?"

စားပွဲပေါ်မှာ ဘာတွေနဲ့မှန်းမသိ အလုပ်ရှုပ်နေတဲ့သူ့လက်တွေရပ်သွားသော်လည်း ခဏပင်

လုပ်လက်စအလုပ်ကိုဆက်လုပ်နေပြီး အတန်ကြာမှ xiao zhanဆီလှည့်ကြည့်သည်

"ကျွန်တော်ကို မမေ့ပစ်လိုက်တာ ဝမ်းသာစရာဘဲ ကိုကို"

ပြုံးရယ်ရင်းပြောနေပေမယ့် သူအစစ်အမှန်လို့မခံစားမိဘူး

အနားတစ်လှမ်းချင်းလျှောက်လာတာနှင့်အမျှ သူခံစားမိတာ အန္တရာယ်အငွေ့အသက်တွေချည်းဘဲ

"မင်း....ဘယ်သူလဲ"

"အော်..ကိုကိုရယ် ကျွန်တော်လေ ကိုကို့ရဲ့ကလေးလေးလေ"

Xiao zhanခေါင်းကို မသက်မသာယမ်းပြမိရသည်

"မဟုတ်ဘူး....မင်းက ကလေးမဟုတ်ဘူး"

"ကိုကို.."

"မခေါ်နဲ့ မင်းကအတုအယောင်ဘဲ သူ့အတိုင်းလိုက်မလုပ်နဲ့"

ပြုံးနေတဲ့သူ့မျက်နှာက ချက်ချင်းပြောင်းသွားပြီး xiao zhanမျက်နှာနဲ့ တစ်တန်းတည်းဖြစ်အောင်ငုံ့ချလာတယ်

"Okလေ ခင်ဗျားကမခေါ်နဲ့ဆိုတော့လည်း မခေါ်ဘူးပေါ့"

"ကလေးရော..ကလေးဘယ်မှာလဲ"

"ဒါနဲ့ ခင်ဗျားသိလား ကျွန်တော်ကအတုအယောင်မဟုတ်ဘူး
ကျွန်တော်က သူကျေကျေနပ်နပ်လက်ခံထားတဲ့wang yiboဘဲလေ"

The Psychopath Where stories live. Discover now