Hello! My Fate ep.1

15.7K 674 11
                                    

ဟွားချင်း ....သူဟာမွေးလာကတည်းက

အိမ်ရှေ့စံမင်းသားပုံစံနဲ့မွေးဖွားလာခဲ့သူ

သူမွေးပြီး၃နှစ်အကြာမှာမိဘတွေဟာ

ကား accidentနဲ့ဆုံးသွားရှာတယ်

ဒါ့ကြောင့်ပဲ companyပိုင်ရှင်ဖခင်ဖစ်သူနဲ့
ဆေးရုံအုပ်ပိုင်ရှင် မိခင်တို့ရဲ့အမွေတွေကို
သူအသက်၁၆နှစ်မတိုင်ခင်အထိ
အဘွားဖစ်သူက ထိန်းသိမ်းပေးထားတယ်
အဘွားစ်သူကလည်းသူအသက်၁၆နှစ်ပြည့်နှစ်
မှာပဲ ဆုံးသွားတယ် ....

ဟွားချင်းဟာ နာမည်နဲ့လိုက်အောင်လို့
ပြစ်မျိုးမဲ့မထင်လှပတယ်
ယောင်္ကျားလေးဖစ်နေလို့သာ....
မိန်းကလေးဖစ်ကြည့်ပါလား
အလှနတ်ဘုရားဆိုတာဒီလူသားပါလားလို့
ထင်မှတ်သွားစေရလောက်အောင်ပင်

ဟွားချင်းဟာငယ်ငယ်တည်းကအရာရာမှာ
ထူးချွန်တယ် စာပေမှာရော အားကစားမှာရော
ဉာဏ်ရည်မှာရော ရုပ်ရည်ရူပကာမှာရော
အရာရာမှာပြောစရာမလိုအောင်ပဲ

ကျောက်စိမ်းရောင်အသားအရည်မှာ
ကြာကြာကြည့်ရင်ဝိညာဉ်ပါအငြို့ခံရလောက်တဲ့
မျက်လုံးရွန်းလဲ့လဲ့ရယ်
မူယာပိုနိုင်တဲ့မျက်ကောင်ရှည်ကော့ကော့တွေ
ဇင်ယောင်တောင်လိုမျက်ခုံးတွေရယ်
ချယ်ရီရောင်သန်းနေတဲ့နှုတ်ခမ်းပါးပါးရယ်
ဒါပေမဲ့သူ့ရဲ့စိတ်ထဲဘာတွေးနေလဲဆိုတာ
မသိနိုင်လောက်တဲ့အထိ တည်ငြိမ်လေ့ရှိတယ်

ဟွားချင်းဟာ ကျောင်းကနေအိမ်ကို
ပြန်ရောက်တာနဲ့ စာကြည့်ခန်းထဲက
သူ့computer ဆီတန်းသွားတယ်
လက်သွယ်သွယ်ဟာ computerပေါ်မှာ
အရိပ်တွေလိုလှုပ်ရှားပြီးခနအကြာမှာတော့
computer screen ပေါ်မှာ "victory " ဆိုတဲ့
စာလုံးဟာရွှေရောင်ပုံစံနဲ့ပေါ်ထွက်လာတယ်
ချက်ချင်းပဲ သူ့ကိုယ်ပိုင် bank acc ထဲကို
ရောက်ရှိလာတဲ့ ဂဏန်း၈လုံးထက်မနည်းတဲ့
ငွေတွေ ......

ဟုတ်တယ် ဟွားချင်းဟာ gamer တစ်ဉီး
ဒါပဲလား မဟုတ်သေး သူဟာ s3 အဆင့်
hackerတစ်ဉီး အပျင်းပြေလည်းစာရေးသေး
သူ့ကလောင်နာမည်က... ဧကရာဇ် ချင်း
သူများတွေသိကြတဲ့ ဟွားချင်းဟာ
အရာရာကိုရေခဲရိုက်မျက်နှာနဲ့ဖြေရှင်းတတ်ပေမဲ့
အဲဒီရေခဲရိုက်မျက်နှာအောက်မှာ ဒေါသကြီးပြီး
ဆတ်ဆတ်ထိမခံတတ်တဲ့အကျင့်လေးရှိနေတယ်



Hello! My Fate Where stories live. Discover now