hello. my fate. ep 15

4.4K 440 11
                                    

Zawgyi....

"ရပ်စမ်း "

ဆိုရီဟာ ခပ်မြန်မြန်လမ်းလျှောက်လာပြီး
လီဝမ်ကိုသူ့အနားကိုဆွဲလိုက်တယ်

"တော်ဝင်မင်းသားတပါးကိုဒါ ဘယ်လိုမျိုး
ပြုမူရဲတာလဲ ဟန်မင်ဂျီ Shi  ရှင့်အဆင့်အတန်းက မြင့်ပေမဲ့ မင်းသားတပါးကိုတော့ ဒီလိုမျိုး
ဆက်ဆံရလောက်တဲ့အဆင့်အတန်းမျိုး ရှင့်မှာ
မရှိသေးပါဘူး ပြန်တောင်းပန်ပါ "

"ဘာ  နင် ..."

"ဆောင်းဝမ် ... ဆိုရီ ပြောတာမှန်ပါတယ်
ကျန်မဟန်မင်ဂျီမှာ မင်းသားတပါးကိုပြောဆိုရ
လောက်တဲ့အထိ အဆင့်အတန်းမမြင့်မားပါဘူး
ဒါပေမဲ့လည်း တော်ဝင်မင်းသားတပါးက
မိန်းမပျိုတစ်ဉီးကိုနေ့ခင်းကြောင်တောင်
publicမှာ လိုက်နှောက်ယှက်နေရအောင်
သူကရောဘာအခွင့်အရေးများရထားတာပါလိမ့်
ပြီးတော့လျှာလိမ်ရင်တောင်စကားကို
သေချာပြောမှပေါ့ကျန်မသူ့ကို
ဘာမှမပြောရသေးဘူး သူကကျန်မရှေ့မှာ
လာပိတ်ရပ်နေတာ  "

"နင် ဟက် နင်အရင်ကလည်းငါတို့ကြားထဲ
ဝင်နှောက်ယှက်ဖို့ တနေရာပြီးတနေရာပေါ်ပေါ်လာတယ် ပေါ်မလာတာကြာလို့ သတိထားမိရုံရှိသေး အခုထပ်ပြီးလာပြန်ပီ နင်ဘာလိုချင်လို့လဲ"

"ဟက် ကျန်မကကျန်မနေရာကျန်မနေတာပါ
ဒီနေရာကကျန်မတက်နေတဲ့ကျောင်းပါ
လာတဲ့သူကရှင်တို့မဟုတ်ဘူးလား ပြီးတော့
ကျန်မတို့ကဘယ်တုန်းကဒီလို ပြောဆိုနိုင်တဲ့အထိရင်းနှီးသွားမှန်းကျန်မကိုယ်တိုင်တောင်
မသိလိုက်ပါလား ကျန်မတို့ကဆောင်းဝမ်တို့
ဆိုင်မှာပဲ တခါလေးအကျီနဲ့ပက်သက်ပြီးစကားပြောမိတာပါ ဘယ်တုန်းကများ ကျန်မတို့တွေ့လိုက်ပါလိမ့် "

"ဟက် စကားကိုကပ်သပ်မ​ပြောပါနက်
နင်နောက်ကွယ်ကနေ မယ်တော်ကြီးနဲ့မိဖုရားကြီးနားကပ်ပြီး မျက်နှာရအောင်လုပ် ငါတို့နှစ်ယောက်အကြောင်းမဟုတ်သတင်းတွေပြောတာကရော ..."

"ဟက် ရှင်ကျန်မကိုသိပ်အထင်ကြီးလွန်းသွားပီ
ဆိုရီ ကျန်မကသူများအကြောင်းကိုဟိုသယ်ဒီပို့
ရလောက်အောင်မအားလပ်နေဘူး
ကျန်မတို့က တော်ဝင်ဆွေမျိုးအသိုင်းအဝိုင်းကပါ နန်းတော်ထဲကအကြီးအကဲတစ်ဉီးဉီးက
တွေ့ချင်တယ်ဆိုသွားတွေ့ရပါတယ်အထူးသဖြင့် မယ်တော်ကြီးဆိုရင်ပေါ့ကျန်မမှာ အမိန့်ကို
မလိုက်နာလောက်ရအောင်သတ္တိနဲ့အာဏာ
မရှိပါဘူး  ရှင်တို့သတင်းကိုကျန်မပြောမှသိတယ်ထင်ရအောင် ရှင့်နားကသူက သာမာန်လူ
မဟုတ်ဘူးဆိုတာရှင်မေ့နေသလား
မင်းသားတပါးရဲ့သတင်းကိုသိချင်ရင်
လွယ်လွယ်လေးပါ"

Hello! My Fate Where stories live. Discover now