hello.my fate.ep 7

5.1K 518 10
                                    

Zawgyi....

ဒီနေ့ဟာပန်းချီပြိုင်ပွဲနေ့....
ကျောင်းအုပ်ကြီးနဲ့အခြားဆရာဆရာမ၃ယောက်
ပြိုင်ပွဲဝင်၃ယောက်တို့ဟာ ပြိုင်ပွဲဝင်အပေါက်ဝမှာ မင်ဂျီကိုရင်တမမနဲ့စောင့်နေတယ်

"ကျောင်းအုပ်ကြီးရှင့် မင်ဂျီကအဆင်ပြေတာ
သေချာရဲ့လားမသိဘူးရှင့် မနေ့ညကသာ
ကျောင်းအုပ်ကြီးဆီ ဖုန်းမ၀င်လာခဲ့ရင်ကျန်မတို့
ယုံမယုံနိုင်ဘူး တလတောင်မပီးနိုင်တဲ့ပန်းချီကို
တပတ်အတွင်းဆိုတာ ဟုတ်နိုင်ပါ့မလားရှင်
ကျန်မရင်တွေတုန်လိုက်တာ "

"စိတ်အေးအေးထားပါ ဆရာမချော
မင်ဂျီကအဆင်ပြေတယ်ဆိုရင်အဆင်ပြေလို့
ဖစ်မှာပါ စောင့်ကြည့်ကြတာပေါ့ "

ခနနေတော့ခန်းမရှေ့ကိုကားတစီးရပ်လာပီး
ကားထဲကမင်ဂျီကပန်းချီကားကိုကိုင်ကာ
ဆင်းလာတယ်

"မင်ဂျီ"

"သမီး "

"စီနီယာ "

"မင်ဂျီ အဆင်ပြေရဲ့လား ဒီတခေါက်ကို
သမီးဆုမရလည်းမပူနဲ့ သမီးအပြစ်မဟုတ်ဘူး
ကြားလား "

"သမီးအဆင်ပြေပါတယ် ဆရာမ
စိတ်မပူပါနဲ့ အချိန်စေ့တော့မယ်
သမီးတို့ဝင်တော့မယ် "

"စိတ်အေးအေးထားနော် အားလုံး"

ပြိုင်ပွဲဝင်အယောက်၃၀ခန်းမထဲဝင်ပြီးတာနဲ့
ခန်းမတံခါးက၁နာရီကြာအောင်ပိတ်ထားမှာဖစ်ပြီး အဲဒီနာက်မှာနောက်ပြိုင်ပွဲဝင်၃၀ကိုထပ်မံ
ယှဉ်ပြိုင်ရမှာဖစ်တယ်
ရလဒ်ကတာ့နောက်နေ့နေ့လည်၃နာရီမှာထွက်ရှိမှာဖစ်ပီး ပထမဆုကိုဝမ်သိန်း၁၀၀နဲ့ ပြည်တွင်းခရီးသွားလက်မှတ် ဂုဏ်ပြုလွှာကိုရမှာဖစ်တယ်
ဒုတိယဆုကတော့ဝမ်သိန်း၅၀နဲ့ Kpop concert
ကိုVVIPကနေကြည့်ခွင့်ရမှာဖစ်တယ်
တတိယဆုကတော့ဝမ်၂၅သိန်းနဲ့laptopတလုံး
ရမှာဖစ်ပြီး အထူးဆုကတော့ဝမ်သိန်း၃၀၀နဲ့
ပြည်ပခရီးလက်မှတ်၃ခုကိုရမှာဖစ်တယ်

မင်ဂျီဟာသူ့အမေဆီကမြင်းလက်ဆောင်ရ
လိုက်တာကြောင့်မြင်းစီးကွင်းသို့ဉီးတည်လေပီ
ဒီအတောတွင်းပန်းချီပြိုင်ပွဲကြောင့်သူအညောင်းမိနေတာကြာပီလေ....
သူ့မြင်းဖြူလေးကိုအခြားဝန်ထမ်းတစ်ဉီးက
သွားယူပေးနေတုန်း သူဟာအမိုးအကာတခု
အောက်မှာ စောင့်ရင်း ဆောင်းဝမ်ဆီ ဖုန်းဆက်နေတယ်

Hello! My Fate Where stories live. Discover now