hello.my fate.ep.12

4.8K 528 11
                                    

Zawgyi....

နောက်နေ့မင်ဂျီအိမ်ကိုပြန်လာတော့
မင်ဂျီမိဘနှစ်ပါးလုံးကမျက်နှာမကောင်းကြဘူး

"Omma ...appa ဘာဖစ်တာလဲ "

"သမီး ခနကအမေနဲ့အဖေ နန်းတော်ထဲက
ပြန်လာတာ မယ်တော်ကြီးဆင့်ခေါ်လို့သွားတာ
မယ်တော်ကြီးကပြောတယ် ...သမီးနဲ့မင်းသားလီဝမ်နဲ့ကိုနေရာချထားပေးချင်တယ်တဲ့ "

ဟိုက် အိုစခေပီလေ ဒီအချိန်ကိုစောင့်နေတာ
ငါလှုပ်ရှားလို့ရပီ

"ဒါပေမဲ့ သမီးကတိမင်နဲ့စေ့စပ်ထားပြီးသားလေ"

"မင်းသားလီဝမ်နဲ့ကိစ္စသာအဆင်ပြေရင်
အိမ်ရှေ့စံတိမင်ကိုသူ့တာဝန်ထားပါတဲ့
အမေနဲ့အဖေလည်းဘာပြန်ပြောရမလဲမသိလို့
ဘာမှမပြောခဲ့ဘူး သမီးကဘယ်လိုစဉ်းစားလဲ "

"....."

"အို ရှင်ကလည်းစဉ်းစားစရာလိုသေးလို့လားရှင်
ကျန်မကဂုဏ်ရာထူးတွေမက်တတ်တဲ့လူစားမျိုး
မဟုတ်ပေမဲ့ ကျန်မသမီးလေးကိုတော့
အကောင်းဆုံးနေရာမှာထားချင်တယ်ရှင့်
အိမ်ရှေ့စံတိမင်နဲ့ မင်းသားလီဝမ်ဆိုတာ
နှိုင်းယှဉ်စရာလိုလို့လား "

"ဒါပေမဲ့ ...."

"ကျန်မကတော့သဘောမတူဘူး
ရှင်ဘာပဲပြောပြော"

"သမီး မယ်တော်ကြီးကိုသွားတွေ့လိုက်ပါ့မယ်
အမေနဲ့အဖေ စိတ်မပူပါနဲ့ "

သူသိတာပေါ့ မင်းသားလီဝမ်ရဲ့သတင်းဆိုးတွေကိုထိန်းချုပ်ဖို့နဲ့ အိမိရှေ့စံဖစ်ရေးက သူ့အပေါ်မူတည်နေတယ်ဆိုတာ ဒါပေမဲ့
ငါကဘာလို့လုပ်ပေးရမှာလဲ  ဝေးသေးတယ်

မင်ဂျီ နန်းတော်ထဲရောက်တဲ့အခါ...

"မင်ဂျီ "

"မယ်တော်ကြီးနဲ့မိဖုရားကြီးကိုဂါရ၀ပြုနှုတ်ဆက်ပါတယ် "

"ထိုင်ပါ မင်းကိုဒီခေါ်လိုက်ရတဲ့အကြောင်းကို
သိပြီးလောက်ပြီပေါ့ "

"ဟုတ်ကဲ့ "

"ဘယ်လိုသဘောရလဲ လီဝမ်ဆိုတာ အိမ်ရှေ့စံလောင်းလျာပါ အိမ်ရှေ့စံဆိုကတည်းက
အရှင်ဘုရင်ဖစ်ဖို့ကလည်းသူ့ကိုပဲဉီးစားပေး
ရွေးချယ်ကြလိမ့်မယ် မင်းသာသူ့ကိုလက်ခံရင်
အနာဂတ်ဘုရင်မလောင်းလျာကမင်းပဲဖစ်လိမ့်မယ်"
မိဖုရားကြီးကတော့သူ့ဝမ်းမနာသားအတွက်
အသားကုန်မဲဆွယ်နေတယ်

Hello! My Fate Where stories live. Discover now