Hello.my fate. ep .5

5.3K 501 4
                                    

Zawgyi....

"မင်ဂျီ နင်ပန်းချီကိုဘယ်လိုလုပ်မှာလဲ
ပြန်ဆွဲလို့အချိန်မမှီရင်မဆွဲနဲ့ဟာ နင်ပင်ပန်းတယ်
ပြီးတော့ဒီကိစ္စကနင့်အမှားမပါဘူး ဟိုမင်းသား
ကြောင့် ..."

"ထားလိုက်တော့ ပန်းချီကိုစိတ်မပူနဲ့
ငါလုပ်နိုင်တယ် "

"တကယ်လား''

"ဆောင်းဝမ်နင့်သူငယ်ချင်းကိုယုံစမ်းပါ
စောင့်ကြည့်လိုက် ငါ့ပန်းချီကိုမြင်လိုက်တာနဲ့
ပထမဆုတန်းပေးစေရမယ်"

ဆောင်းဝမ်သိပါတယ်သူ့သူငယ်ချင်းဟာ
သူ့ရည်ရွယ်ချက်ကိုလုံးဝလက်မလျော့ဘူးဆိုတာ

"ဟုတ်ပါပီ လာ လက်ဝှေ့ခန်းမကိုသွားရအောင်
ငါကိုယ်လက်လှုပ်ရှားချင်လို့"

"အိုး တပွဲလောက်စိန်ကြမလား "

"ကျောင်းရှေ့ကတော့ပုကီ  အိုခေလား"

"ကြိုက်သွားပီ "

ဟန်ယော့ ခရစ်ကင်း ဂျောင်ဆူတို့သုံးယောက်
ကျောင်းထဲကပြန်ထွက်လာတော့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးသက်ပြင်းချလိုက်ကြတယ်
သူတို့သူငယ်ချင်းကိုထိတဲ့မိန်းကလေးကို
သွားစောင့်ကြည့်ခဲ့ပေမဲ့ ဟိုကလက်ဝှေ့ထိုးကျင့်နေတာအမလေး ကြက်သီးတွေတောင်ဖြန်းခနဲ
မိန်းကလေးဆိုတော့နည်းနည်းလေးခြောက်လိုက်ရင်ရပီထင်တာ သူကတောင်ကိုယ်တွေကိုပြန်လုပ်သွားဉီးမှာ ဟင့်အင်း မလုပ်ဘူး

ဟန်မင်ဂျီအိမ်ပြန်ရောက်တော့ဧည့်ခန်းထဲမှာ
သူ့အဖေနဲ့အမေကသစ်သီးထိုင်စားနေတယ်

"omma ....appa...''

"omo မင်ဂျီသမီးပြန်လာပြီလား လာ
သစ်သီးလာစား ပြီးမှရေချိုး "

"omma သမီး partyကိုမလိုက်ဘူးနော်
အချိုမသပ်နက် "

"ဟုတ်သားပဲ မိန်းမရယ် သမီးက
လိုက်မှမလိုက်ချင်တာ ပြီးတော့
အဲဒီလိုပွဲမျိုးတွေလည်း
သမီးကသွားလေ့သွားထမှမရှိတာ
မခေါ်သွားစမ်းပါနက် "

"သားအဖနှစ်ယောက်တလေသံတည်း မရဘူး
လိုက်ရမယ် ဒီတခါပွဲကအရေးကြီးတယ်
ဘုရင့်မယ်တော်နဲ့မိဘုရားကြီးတို့လည်းပါမှာ
တခါတည်းမိတ်ဆက်ထားရအောင် လို့"

Hello! My Fate Where stories live. Discover now