hello.my fate ep.8

5K 539 6
                                    

zawgyi.....

နောက်နေ့မနက်ခင်း မင်ဂျီနဲ့ဆောင်းဝမ်
ကျောင်းရောက်တော့လူတွေရှုပ်ယှက်ခပ်နေတာ
တွေ့ရတယ် အထူးသဖြင့်ကျောင်းသူတွေ...
ဆောင်းဝမ်ကဘေးနားကဖြတ်သွားတဲ့
ကောင်လေးတစ်ယောက်ကိုလှမ်းဆွဲပြီး
မေးလိုက်တယ်

"နေစမ်းပါဉီး ဘာတွေဖစ်နေတာလဲ မျက်စိကို
နောက်နေတာပဲ "

"စီနီယာဆောင်းဝမ် မသိဘူးလား ဒီနေ့
ကျောင်းကိုကျောင်းသားသစ်တစ်ယောက်
ပြောင်းလာတယ်လေ "

"ကျောင်းသားသစ်ပြောင်းလာတာများ
ဖစ်ပျက်နေတာမြင်မကောင်းဘူး "

"အာ စီနီယာကလည်းကျောင်းသားသစ်ကအဓိကမဟုတ်ဘူး အဲဒီ​ကျောင်းသားသစ်က
သောက်ရမ်းချောနေတာ အဲဒါကြောင့်
ချောတာဆိုတာ ယောင်္ကျားလေးတွေတောင်
ကြွေတယ်တဲ့ "

ကောင်လေးကပြောပြီးတာနဲ့
ထွက်သွားတော့တယ်

"ယောင်္ကျားလေးတွေတောင်ကြွေတယ်ဆိုတော့
အရှိန်အဝါကလုံးဝကြွေဆင်ဖစ်ရမယ် "

"နင်သွားကြည့်ချင်သွားလေ ငါကစာကြည့်တိုက်ထဲပဲသွားတော့မယ် နောက်လသင်္ချာဉာဏ်စမ်းပွဲ
အတွက်စာအုပ်တွေသွားရှာမို့ "

"ဟီးဟီး ဒါဆိုငါပြန်လာရင်နင့်အတွက်တခုခု
ဝယ်ခဲ့ပေးမယ် "

"အင်း "

ဆောင်းဝမ်ကပြောရင်းနဲ့အိမ်သာဘက်ကို
သွားတော့

"ဆောင်းဝမ် အိမ်သာထဲဘာသွားလုပ်မို့လဲ "

"မျက်နှာကာလာလေးသွားတင်မို့ "

"အလှသွားပြင်မလို့ဆိုလည်းရပါတယ်"

"အေးပေါ့မျက်နှာပြောင်နဲ့လည်းလှတဲ့အချို့သူ
တွေလ်ုမဟုတ်လို့ ကိုယ်တွေကEffectထည့်ရတယ်ဟေ့ "

မင်ဂျီဟာခေါင်းခါပြီးစာကြည့်တိုက်ဘက်သာ
သွားတော့တယ်
စာကြည့်တိုက်ထဲရောက်တော့ရှိတဲ့လူအရေအတွက်ဟာစာကြည့်တိုက်မှူး လုံခြုံရေး နဲ့သူ
အပါအ၀င်လက်တဆုပ်တောင်မပြည့်ဘူး
ရှိတဲ့သူတွေကလည်းတကယ့်စာဂျပိုးတွေပင်
အေးလေ လူနည်းတော့နားငြီးသက်သာတာပေါ့
စာအုပ်တွေရှာရန်စာကြည့်တိုက်ကဒ်နဲ့စစ်ဆေးရေးဂိတ်ကိုဖြတ်ပြီးအထဲကိုသူဝင်လာလိုက်တယ်

Hello! My Fate Where stories live. Discover now