hello.my fate .Arc 2.ep.5

3.5K 362 16
                                    

zawgyi...

တင်း........🛎️🛎️🛎️🛎️

"ချူဖုန်း မင်းဒါဘယ်လဲ "

အတန်းမလွှတ်ခင်ကတည်းကသိမ်းထားတဲ့
လွယ်အိတ်ကိုလွယ်ပြီးအထ ထိုင်ခုံပေါ်
ပြန်ထိုင်အောင် ပခုံးကနေဖိချလိုက်တဲ့
သူငယ်ချင်းတသိုက်...

"ပြောစမ် မင်းဒီတရက်နှစ်ရက်အတွင်း ကနာကို
မငြိမ်ဘူး တနေရာသွားဖို့ပြောမယ်ဆိုရင်
မင်းမရှိတော့ဘူး နေ့လည်ထမင်းစားချိန်ဆို
အတန်းထဲကနေလေလိုပြေး....ညဘက်ဆိုလည်း
ခေါ်မရ.... ကဲ အခုမပြောရင် မင်းဒီကနေသွားဖို့
မစဉ်းစားနဲ့ "

"ဟာ ငါနောက်နေ့မှပြောပြမယ်ကွာ "

"nono မရဘူး အခုပြော မပြောရင် ပေးမသွားဘူး"

"အေးကွာ ပြောမယ် ငါကောင်လေးတစ်ယောက်ကိုကြိုက်နေလို့ သူ့ကိုလိုက်နေတာ  လိုက်နေတာ
တပတ်ကျော်ပြီ အခြေအနေက zeroပဲ လုံးဝကို
ရှေ့ဆက်လို့မရတာ ငါလည်းဘာဆက်လုပ်ရမှန်းမသိတော့ဘူး "

"သူကဘယ်သူလဲ "

"ဆေးပညာက ဖန်ရစ် "

"ဟားဟားဟားဟားဟား မင်းကတော့
တကယ့်ကောင်ပဲ တကယ့်ခေါင်ကိုမှသွားထိရတယ်လို့ "

"ဘာလဲကွ ခေါင်ဆိုတာ "

"သူက ဆေးပညာက  ထိပ်ဆုံးကျောင်းသား
သူ့ကို the whole king မှန်းထားပေမဲ့ သူက
ဝင်မပြိုင်ဘူးလို့ပြောတယ် fan တွေကလည်း
မနဲဘူးနော့်  "

"ကြည့်ထား ငါသူ့ကိုငါ့ရင်ခွင်ထဲရောက်အောင်
လုပ်ပြမယ် "

ချူဖုန်းကအတန်းထဲကထွက်သွားတော့
သူငယ်ချင်းတသိုက်က ခေါင်းခါရင်းပြုံးကြတယ်

"ဒီကောင်ကို လွှတ်ထားလို့ရပါ့မလား"

"လိုက်သွားရအောင် "

ချူဖုန်းဟာထုံးစံအတိုင်း ဖန်ရစ် အတန်း
လွှတ်ချိန်နဲ့ကိုက်ပြီး ကန်တင်းမှာစောင့်နေတယ်
ဒါပေမဲ့အတော်ကြာတဲ့အထိ ဖန်ရစ်ကိုမတွေ့ရဘူး

Win ကန်တင်းထဲကိုဝင်လာတော့ ချူဖုန်းကို
တွေ့လိုက်တယ်

"စီနီယာ ဖန်ရစ်က exam အတွက် စာကြည့်တိုက်ကိုသွားပြီ အခုသူ့ကိုထမင်းသွားပို့မလို့ "

Hello! My Fate Where stories live. Discover now