ဟော့ဝပ်တ် အဆောင်ခွဲဦးထုပ်

1.7K 198 27
                                    

"ဖလူး....ဖူး....ပေါ်...."

ကြီးမားသည့် ရထားရှည်ကြီးသည် ဂိတ်ဆုံး
တွင်ရပ်နားလိုက်ပေပြီ...
ဒရေကိုတို့လည်း...ရထားပေါ်မှအမြန်လေး
ပြေးဆင်းလာကြပေမဲ့....ထွားကြိုင်းကြီးမားလွန်း
လှသော ဟက်ဂရစ်ကြီး အထိန်းအချုပ်အောက်
မှာ...ဘာမှမသွားရ။

"ပထမနှစ်တွေ...ပထမနှစ်တွေ...
ဒီဘက်လာမယ်။စီနီယာတွေ ကိုယ့်ဘာသာ ဦး
ဆောင်သွားမယ်...ပထမနှစ်တွေ...
ဒီဘက်လာမယ်။"

ဟက်ဂရစ် ရဲ့အသံဩဩကြီးက...
ဆက်မပြတ်ထွက်ပေါ်လို့...
လူစုံမှရပ်ကာ...

တစ်ဖက်ကမ်းသို့ကူးရန် စီစဉ်လေသည်။

ဒရေကို ရယ် ဘေးက ပေါကြောင်ကြောင်
သူငယ်ချင်း နှစ်ယောက်နဲ့...ပင်စီ ရယ် ပြီး
သူမအဖော်တစ်ယောက်...ငါးယောက်လှေတစ်စီး
စီးဖြစ်တယ်။

ဒရေကို အစကဟယ်ရီတို့နဲ့ တစ်လှေတည်းလိုက်
စီးဖို့စိတ်ကူးပေမဲ့...ဆန္ဒမပြည့်ခဲ့ပေ။

ဟယ်ရီ နဲ့ ဟက်ဂရက် ကသိပ်ရင်းနှီးကြတာ...
ဟက်ဂရက် နဲ့တစ်လှေတည်းလိုက်စီးတယ်တဲ့လေ။
သည်သကဲ့သို့သော...အဆင့်နှိမ့်တွေနဲ့လိုက်မစီး
နိုင်ပေါင်။

ကိုယ့်ကိုယ်ကိုလည်း အနည်းငယ်မုန်းတီး
လာရသည်။အလိုအလျောက်...မောက်မား
တဲ့စိတ်တွေမဖျောက်နိုင်သေး။

ကျောင်းရောက်ရင်တောင်....ဝေစလေ တို့ကို
မောက်မားစကားမဆိုမိစေရန်...ကိုယ့်ကိုယ်ကို
ထိန်းရပေဦးမည်။

ကျောင်းရောက်တော့..ဒုတိယနှစ်နှင့် တခြားသော
နှစ်ဟောင်းသားတွေကတော့ ခန်းမထဲဝင်ရောက်သွားကြပေမဲ့...ကိုယ်တို့ပထမ
နှစ်တွေကတော့ဟက်ဂရစ်နဲ့ အနောက်မှစီတန်းလျှက်လိုက်ပါရင်း...ခန်းမအရှေ့သို့ရောက်ရှိခိုက်..ဆီးကြိုစောင့်ဆိုင်းနေသောအမျိုးသမီးတစ်ဦး...အထောင့်အရပ်ကောင်းကောင်းနဲ့ အညိုရောင်ဆံပင်ကို တင်းတင်းလေးထုံးတင်ထားပြီး...အစိမ်းရောင်ဝတ်ရုံဖြင့်အသက်ကြီးကြီးအမျိုးသမီးတစ်ဦး သူမဟာ ပရောဖက်ဆာမက်ဂေါ်နဂယ်
ပဲ။

"ဒါ ပထမနှစ်ကျောင်းသားတွေပါ။ပရောဖက်ဆာ
မစ္စ မက်ဂေါ်နဂယ် "

Another Series I [ZG Ver]Where stories live. Discover now